Friday, November 22, 2013

သစ္စာတရား၏အမိန့်တော်အတိုင်း


ကန်ဘေးလေးမှာ လေတွေတဖြေးဖြေး တိုက်ခတ်နေပေမယ် ကျွန်တော်ရင်ကို မအေးနိုင်ပါဘူးအစ်ကိုရယ်။ ကျွန်တော်ချစ်ခဲ့ရဘူးတဲ့ ကိုနေမင်းလက်ထဲက ဖိတ်စာတစ်စောင်က ကျွန်တော်ကို လှောင်ပြောင်နေတယ်ဗျာ။ လောကမှာ ပေးတိုင်ပြန်မရတာအချစ်လား။ ကျွန်တော် ကိုနေမင်းခ ကို အရမ်းချစ်တယ် အရမ်းလည်းမြတ်နိုးတန်ဘိုးထားတယ် ဗျာ။သြော် ဘ၀ဆိုတာ လောကဓံကို အံတုလို နေနိုင်ပေမဲ့ ဒီတစ်ပွဲမှာ အာမတန်မာန်လျှော့လို နှလုံးသွေးတွေ ထွက်ရတော့မယ်ထင်ပါရဲဗျာ။



အရမ်းချစ်ခဲဘူးတဲ့ ကိုက ညီကို ပြေားစရာရှိတယ် တွေ့နေကြနေရာလေးကို လာခဲ့ပါဆိုလို့ လာသာလာခဲ့ရတယ် မျှော့်လင့်ချက် တစ်စက်မှမရှိတာကိုလည်းကျွန်တော် သိပါတယ်အစ်ကိုရယ်။ တစ်ကယ်တော့ လောကမှ ဟန်ချက်မညီစွာ မွေးဖွားခဲ့တာကလည်း အရင်ဘ၀က ၀ဋ်ကြွေးတစ်ခုကြောင့်လိုဘဲ နှလုံးသွင်းထားနိုင်ပါတယ်။ ဘယ်အရာကိုမဆို ပေးဆပ်ခြင်းမရှိဘဲနှဲ့ အနိုင်မရနိုင်ဘူးလို့ဆိုပေမဲ့ ကျွန်တော်လေ အစ်ကို အပေါ် သူများတွေထက်ပို့လွန်တဲ့ အချစ်မေတ္တာ သံယေားဇဉ်တွေနဲ ပေးဆပ်ပြီချစ်ခဲတာပါဗျာ။


ယစ်မူးစွာနမ်းရှိက်ဖူးတဲ့ နီညို့ရောင်နှုတ်ခမ်းပါးလေးတစ်စုံထက်က ဒီလို ရက်စက်တဲ့ စကားတွေ ကြားရလိမ့်မယ်လို ကျွန်တော်မမျှော်လင့်ထားတာတစ်ကယ်ပါဗျာ။ ကျွန်တော်ပေါ် မှာဒီလိုရက်စက်တဲ့ အပြုအမူတွေကို ကို လုပ်လိမ့်မယ်လိုလည်း ကျွန်တော်ဇွဲသံဇဉ် တစ်ကယ်ကိုထင်မထားပါဘူးဗျာ။ ဒီလိုအ သည်းနှင့်အောင် ချစ်နေပေမဲ့လည်း ချစ်ကို စိတ်ချမ်းသားမယ်ဆို ကျွန်တော်ခင်းတဲ့ နှလုံးသားတစ်စုံထက်မှာ သတိုးသားဝတ်စုံကို လှလှပပ၀တ်လို ဆင်းသက်သွားပါ ချစ်သူ။ ကျွန်တော် ကြည်ဖြူစွာ ပေးဆပ်ပြစ်လိုက်ပါမယ်။



နူးညံစွာ ထွေးပွေ့ဖူးတဲ့ အစ်ကိုရဲလက်တစ်စုံထက်ကနေ မီးပွားလိုပူလောင်လွန်းတဲ့ အရာတစ်ခု ကျွန်တော် ကို ပေးအပ်လိမ့်မယ်လို ကျွန်တော်အိမ်မက်တောင်မက်မထားဘူး။ဖြစ်လာပျက်လာမှတော့ အရာအားလုံးကို ကို စိတ်ချမ်းသာဘို အတွက် ကျွန်တော် လက်ခံပေးပါမယ်။ ကျွန်တော်ကို ဖိတ်စာတစ်စောင်ပေးပြီ ထွက်ခွါသွားတဲ့ ကိုနေမင်းခရဲလှပကျော့ရှင်းဖြောင့်တင်းနေတဲ့ စွဲမက်ဖွယ် တဲ့ခန္ဓာကောက်ကြောင်းတွေကိုတမ်းတ မိတဲ့စိတ်ကြောင့်ကျွန်တော်ပိုရူးရတော့မယ်ထင်ပါတယ်။သိပ်ချစ်တယ်အ ရမ်းချစ်တယ်ဆိုတာသိနေပေမဲ့ ကိုယ်ပေးတဲ အရာတိုင်း ပြန်မရတာအချစ်ဟုခေါ်သလားလိုဘဲအော်လိုက်ချင်တယ်အစ်ကိုရယ်။


ကျွန်တော်ကတော့ တစ်ပါးသူတွေလို ကိုယ်စိတ်ဆင်းရဲအောင် ဘယ်တော့မှမလုပ်ဘူး။ အစ်ကို စိတ်ချမ်းသာဘို့ဘဲ ဦစားပေးပါတယ်။ နေမင်းခ ခင်ဗျားကြီ စိတ်ချမ်းသာပျော်ရွင်နေရတယ်ဆိုရ င် ကျွန်တော်ပေးဆပ်ခဲတဲ့ အရာတွေကို သတိရနေပေးပါ။ ခုတော့ဗျာ ကျွန်တော် ရင်မှာနေဆယ်စင်းမက ပူလောင်နေရပြီ ချစ်ရတဲ့ကိုရယ်။ အချစ်ကို ကိုးကွယ်မိတဲ့ ကျွန်တော် အပြစ်တွေပါဗျာ။ ကျွန်တော်ဘ၀ကို သနားပါဦးဗျာ။ ကျွန်တော် ကိုထားသွားတဲ့နေဆိုရင် ကျွန်တော် အသက်ရှင်ဖို့မဖြစ်နိုင်လိုပါ။



ကျွန်တော်ဘ၀မှာ ဘာအမှားအမှ မရှိဘဲနဲ လေားကမှာ ဘ၀မှားကြီကို ရင့်နင့်စွာနဲ လက်ခံထားရတဲ့သူမို့ပါ အစ်ကို ။ အပျော်တွေ ပျက်သုန်းဘ၀တွေဆုံးရမယ်ဆိုရင်တောင် နောက်ဆုံးထွက်သက်အထိ ကျွန်တော် ဘေးမှာအစ်ကို ရှိနေပေးရင် ဘယ်လောက်ပြီပြည့်စုံမယ်ထင်သလဲဗျာ။ ဘယ်ဘ၀ ရှေးရေစက်ကြောင့်မှန်းမသိပေမဲ လောကနီရာမအရ သဘာဝလွန်တဲ့ ချစ်ခြင်းမေတ္တာ တရာတွေ သွားရာလမ်းအတိုင်း တစ်နေ့နေ့မှာ သွားရမယ်ဆိုတာ ကျွန်တော် သိပြီသားပါ။ ကျွန်တော်ကသာ မေတ္တာကို ယုံကြည့်မှုလွန်ကဲပြီ ပိုးဖလန်ပီပီ မီးကိုတိုးခဲသူပါကွာ။


အစ်ကို ကို ချစ်တယ်ဆိုတဲ့ ယောကျားတွေ ချစ်တဲ့ အချစ်တွေကို ပြိုင်လိုက်ချင်တယ်။ အစ်ကိုကို တွယ်တာမြတ်နိုးတဲ့ ပုရိသယောက်ျားတွေလို ဘော်ဒီအစိတ်အပိုင်းတွေကို သာယာမှုမျိုးမဟုတ်တဲ့ ချစ်ချင်းစစ်စစ်ပါ်။ ခုတော့ကျွန်တော် မျက်ရည်စူးလို ရုးရတော့မယ်ထင်တယ်။ ဒါပေမဲ့ မိန်းမတွေကြောင့် နာကျင်ခံစားရတဲ့ ရင်ခွင်တစ်ခုကို ကျွန်တော် ချစ်ကိုကြီ ပိုင်ဆိုင်ရလို မောပန်းနေမယ်ဆိုရင် ကျွန်တော်နဲ့ပျော်ခဲဖူးတဲ့ အချိန်လေးတွေကို တမ်းတပြီ အမောပြေပါစေလို ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ကိုရယ်။


ကို ရွေးချယ်ခဲ့တဲ့ ချစ်ခရီးလမ်းမှာ ကျွန်တော်ပေးအပ်ခဲ့ဘူးတဲ့ သစ္စာတရားတွေ ကိုအဖော်ပြုရင်း ထာဝရအေးမျှပါစေလို လေားကအပယ်ခံဘ၀တစ်ခုမှာ မွေးဖွားခဲတဲ့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ် ။ ယောင်္ကျားတစ်ယောက် ကယေကျာင်္းတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ စိတ်ခံစားချက်ကို ဘယ်သူတစ်ဦတစ်ယောက်ကမှ လက်သင့်ခံ ပျော်ဝင်နိုင်စွမ်းရှိနိုင်မယ်မ ထင်ဘူး အစ်ကိုရယ်။ ကိုနေမင်းခကကျွန်တော်ဇွဲသံဇဉ် ကိုချစ်ခဲဖူးတယ်ဆိုတဲ့ နေရက်လေးတွေကိုအမှတ်ရရင်း သစ္စာတရားရဲသိက္ခာတရားကို လွမ်းတယ်လို့ဘဲပြေားပါရစေ။  

နေမင်းခ
 nyizwe1990@gmail.com

No comments:

Post a Comment