Saturday, November 30, 2013

ရိုးရာဓလေ့နောက်ကွယ်က အလွမ်းဌက်ရဲ့ဒိုင်ယာရီ (အပိုင်း -၂)

ရိုးရာဓလေ့နောက်ကွယ်က အလွမ်းဌက်ရဲ့ဒိုင်ယာရီ (အပိုင်း -၂)

နန်းကြီဆီသွားရအောင်ဆိုတဲ့ အသံတွေ ကို ဆူညံစွာကြားလိုက်ရတဲ့ အချိန်မှာတော့-----ညီက အင်းအင်းထပြီ ဟေ့ လာပြီ ခဏစောင့်လိုအော်ပြီတော့  ကျွန်တော်ကို ရှာထုတ်ပြတယ်ဗျ။ မသွားဘဲနေလိုရရင် အကောင်းသားအကိုရေ မသွားလိုလည်းမရဘူ။ ဒီအတွက်လာတာဆိုတော့ အစ်ကိုကေားကြည့်မှာမို့လားလို တစ်ဆက်ထဲ မေးတယ်ဗျ။ လိုက်မယ်ဆို ညီနဲတူတူသွားမယ်ထတော့လိုပြေားပြီတော့ ကျွန်တော် ပါးကို ဖွဖွလေးနမ်းသွားသေးတယ်ဗျ။


ကျွန်တော်မှာသာ ဟတ်ဖီကြီနဲ မထချင်ထချင် ထပြီတော့ မျက်နာသစ် အထုတ်တွေ ဖုန်း တွေယူပြီတော့ နန်းရှေ့ကိုထွက်ခဲ့ရတယ်။ နန်းကြီထဲက  ဒိုးသံတွေကလည် မြိုင်မြိုင်ဆိုင်ဆိုင်ထွက်လာ နေပြီ။ လူတွေ ကလည်း တိုးသူကတိုး ဝှေ့သူကဝှေ့နဲ နန်းကြီးဆီသို့ဦတည်နေကြလေပြီ။ သပြေပန်း တွေဆိုတာကလည်း လူတိုင်းလူတိုင်းလက်ထဲမှာ ကိုယ်စီကို င ပိုင်ဆိုင်အောင် ၀ယ်ထားကြပြီပြီ။ကျွန် တော်သည်လည်း ဒေါက်တာဇွဲသံဇဉ်ရဲ့ သူငယ်ချင်း တစ်သိုက်နဲ့ နန်းကြီးကိုရောက်အောင် တိုးနေလေ ပြီ။ ညီလေးက လည်းကျွန်တော်နောက်နားကနေ ခါကိုဆွဲပြီတော့ တောက်လျှောက်လိုက်လာလို ညီ သူငယ်ချင်းဂျီမမတွေကလည်းတစ်ချိန်လုံးနောက်ကနေ စနေကြလေရဲဗျာ။


ချစ်ဘို့ကောင်းတဲ့ ဒေါက်တာဇွဲသံဇဉ်နဲ ကျွန်တော် နောင်နှစ်တွေမှာလည်း တူတူဆုံတွေနိုင်ဘို့ အရှင်နှစ်ပါးထံမှာ ဆုတောင်းသွာရင်ကောင်းမယ်ထင်တယ်။ အချိန်က ၁၀း၃၀ ကျော်လို ၁၁း၀၀ ထိုး တော့မည်။ ကျွန်တော်တို့ တစ်တွေ တိုးနေတာလည်း ကိုယ်တော်ကြီကိုယ်တော်လေ ကျားရုပ်နာကို ရောက်နေပြီလေ။ အဲအချိန်မှာ အမေခေါ်တဲ့ ဖုန်းသံက ကျွန်တော်ဖုန်းမှာ မြည်လာတယ်။ဟလိုမေ မေ ဘယ်မှာလည်း သားလည်းကျားရုပ်နားရောက်နေပြီဆိုတော့ မြင်ပါ့တဲ့ဗျာ။ သားနောက်နာက သား ခါးကိုဖက်ထားတာက ဘယ်သူတုန်းသားတဲ့။ သူဘေးမှာလည် (အပေါ်တွင့်)တွေနဲတဲ့။


အဲတာနဲ ကျွန် တော်က ဟုတ်မေမေ သားသူငယ်ချင်းပါ။ နောက်ကလူတွေက သားသူငယ်ချင်း အစ်မရဲ့ နန်းကပါလို ပြေားလိုက်တယ်။ အဲဒီတော့ နေမင်းခ မင်းရှုတ်ရှုတ်  ရှုတ်ရှုတ် လုပ်မယ်တော့ မကျန်နဲ့နော် လိုပြေား ပြီတော့ ဖုန်းချသွားလေရဲ့။

ကျွန်တော် မေမေ ဖုန်းချသွားတော့ ဘေးဘီကိုလိုက်ကြည့်လိုက်တော့ အားပါးပါး ကျွန်တော် တို့နဲမျက်နှာချင်းဆိုင် ဟိုဘက်ကျားရုပ်ဘက်မှာပါလား မေမေက ။ ဟီဟီ ဒါကြောင့် သူသားထက်ကို  နှစ်မိုင်လောက် မေမေကကွက်ကျော်မြင်ပါတယ်လို ကျွန်တော်ပြေားခဲသားဘဲဗျ။ အဲအချိန်မှာ ညီဇွဲသံ ဇဉ်ကလည်း အပြုံးချိုချိုလေးနဲ ကျွန်တော် မေမေကို ပြုံးပြလိုက်တာ တွေရတယ်။ မေမေကလည်းပြန် ပြီတော့ သား အဲကောင်ကို ကောင်းကောင်းထိန်းဆိုတဲ့ မျက်စမျိုးနဲ ပြန်ပြုံးပြနေတယ်ထင်တယ်ဗျ။ အဲ လူတွေကလည်း တော်တော်ကိုကြပ်လာတာနဲ့အမျှ နန်းကြီးက ချိုးရေတော်သုံးဘို့ ဆိုင်သံတွေက လည်း ရင်ခုန်စရာကောင်းလောက်အောင် တည်းခတ်နေတယ်။

လူတွေအားလုံး၏ သပြေခက်တွေရဲ့ လုပ်ခတ်သံကလည်း ကောင်းကင်ထက်သို့ ညံနေသလို လူကြပ်တာကို အကြောင်းပြုပြီကျွန်တော် ခါး ကို ဖက်ထားတဲ့ ဒေါက်တာဇွဲသံဇဉ်ရဲ လက်တွေကလည်းခါးပေါ်ရောက်လိုက် ဘိုက်ပေါ်ရောက်လိုက်နဲ့ ပေါ့ဗျာ။ နှစ်ယောက်လုံးရဲ့ ရင်ခုန်သံတွေကလည်း အရှင်နှစ်ပါးရဲ့ နတ်ဒိုးသံနဲအပြိုင် ယိမ်းထိုးနေတယ်။ ကျွန်တော် ဒီအချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒကတော့ နောက်ဘက်ကို လှည့်ပြီတော့ကျွန်တော်ကိုတင်းတင်းဖက်ထားတဲ့ဒေါက်တာဇွဲသံဇဉ်ကိုပြန်ပြီတော့ထွေးပွေ့ချင်လိုက်တာဗျာ။

ဟေးးးးးးးး ဆိုတဲ့ အသံနဲ့ အတူ အရှင်နှစ်ပါ ချိုးရေတော်သုံးဘိုဆင်လာပါပြီ။ အားလုံးသောလူ တွေကလည်း ဆုတောင်းသံ ဦခိုက်သံတွေနဲ သပြေခက်တွေကို အပေါ်ကိုဝှေ့ရမ်းနေကြလေပြီ။ကျွန် တော်ကိုယ်တိုင်လည်း ညိဇွဲနဲ နောက်ထပ် ဆုံစည်းပါရစေလိုဆိုတောင်းလိုက်မိတယ်ဗျ။ ကျွန်တော်ကို ဖက်ထားတဲ့ ဇွဲသံဇဉ်ကတော့ တစ်လားကလုံးကို ဘယ်သူကိုမှ ဂရုမစိုက်တဲ့ အပြုအမူနဲ ခတ်တည် တည်ဘဲ။

ကျွန်တော်က မေမေ ကို လှမ်းလျှိုးလိုက်တော့ အမေကလည်းသူ့ ဆုတောင်းနဲ ကျွန်တော်ကို တောင် လည်မကြည့်အားလိုတော်ပါသေးရဲဗျာ။နာရီဝက်လောက်ကြာတော့ ချိုးရေတော်သုံး အခမ်းအ နားကနေနေပြီလို့ပြန်၇တော့မယ်လေ။ ကျွန်တော် သည်လည်း ညမန်းလေ ပြန်အိပ်ရမည်ဖြစ်ပြီ မနက်မိုးလင် ကား ကိုစောင့်ပြီ နေပြည်တော်ပြန်ရတော့မည်။


ချိုးရေတော်သုံး ပြီတော့ ကိုယ်တော်နှစ်ပါ နန်းပေါ်တက်သွားတဲ့ အချိန်အထိ ဇွဲသံဇဉ်နဲ တူတူ နန်းကြီဘေးမှာ တူတူစကားပြေားနေတုန်း ဗြုန်းဆို ကျွန်တော် မေမေရောက်လာတယ်။သား မင်းနေ ပြည်တော် ဘယ်အချိန်ပြန်မှာလည်းတဲ့။ မေမေတို့ကတော့ ကားနဲလာတာဆိုတော့ သပိတ်ကျင်းကို  ၁၂း၀၀ ပြန်မှာတဲ့။ သားကောဘယ်ပြန်မှာလည်းဆိုပြီတော့ ဒေါက်တာဇွဲသံဇဉ်ကိုပါ တန်ပြီတော့ချက် ချင်းမေးခွန်းတွေထောက်တော့တယ်။ အဲဒီတော့ ဇွဲသံဇဉ်က ကျွန်တော်လည်း မန်းလေ ပြန်ရမှာ အန် တီ တဲ့။ ကျွန်တော် အစ်မပွဲပြီရင်ပြန်မှာဆိုတော့။ အော်ဟုတ်လား ဘယ်နန်တုန်း သာအစ်မက လိုထပ် ပြီးမေးခွန်းတွေ မေးပြန်ပါတယ်။


ပြီတော့သာက ကေားမန်းလေးမှာဘာလုပ်လည်းတဲ့။ ကျွန်တော် ရည် လည်းရည်ချင်တယ် ဇွဲသံဇဉ်ညီလေးကိုလည်းအားလည်းနာတယ်ဗျ။ ကျွန်တော်မေမေက ကျွန်တော် ကို မယုံလို ဗျူနေတာ။ အဲတာနဲ ဒေါက်တာဇွဲသံဇဉ်က ကျွန်တော် မန်းလေ ဆေးရုံကြီက လက်  ထောက် ဆရာဝန်ပါ အန်တီ။ မနက်ဂျူတီ ပြန်ဝင်ရမှာဆိုတာ့ ညနေပိုင်းလောက် ပြန်ရမှာလိုလည်း  ပြေားလိုက်ရေား ကျွန်တော်မာမိက မင်း အစ်ကိုကိုကေား တူတူပြန်ခေါ်သွားလေတဲ့။ သူလည်းနေပြည် တော်ပြန်မှာဆိုတော့ လမ်းတိုက်တယ်တဲ့။ ကျွန်တော် ကတော့ တွေးနေမိတယ် တော်တော် အကွက် ရွေ့တော်တဲ့မာမိလို သူသားဘာကို လိုချင်နေတယ်ဆိုတာကိုသိတယ်ဆိုပြီတော့လေ။

အင်း ဒါဆိုလည်း ကျွန်တော် ညနေမှ ဒေါက်တာနဲတူတူပြန်လိုက်တော့မယ်။ ဆရာလည်းအ ဖော်ရ သားလည်း ဆရာ အစ်မ နန်းမှာသွားပြီတော့ နားလိုရတာပေါ့ အစ်မေ လိုလည်းပြေားလိုက်ရော အင်း အဲလိုဘဲလုပ်လိုက် တော့လိုပြေားပြီ ကျွန်တော်မွေးသမိခင်ကျေးဇူးရင်လင်မယာ ပြန်သွားပါတော့ တယ်ဗျာ။ နောက် ၁၅ မိနစ်လောက်လည်း ညီလေးနဲ တူတူ ပွဲဈေးတန်းတိုးလာတဲ့အချိန်မှာဖုန်းကထပ် လာပါတယ်။ ညနေတော့သေချာပြန်ဘို့ အကြောင်း မင်းအကွက်တွေကို ငါသိတယ်ဆိုတဲ့အကြောင်း  နောက်ပြီတော့ တစ်ခြားသူတွေနဲ ကဲမနေနဲဆိုတဲ့အကြောင်း ဆရာလေးကိုလည်း အနိုင်မကျင့်နဲဆိုတဲ့ အကြောင်း စုံနေတာဘဲဗျာ။ ဟိုဒေါက်တာ မေမေကို ဘယ်လိုစည်းရုံးလိုက်လည်းမသိဘူ။ချက်ချင်း သူ ဘက်ကလူ လုံးလုံးကိုဖြစ်ရောဗျာ။

           ဒေါက်တာဇွဲသံဇဉ်က ကျွန်တော် အစ်မနန်းမသွာချင်သေးဘူဗျာတဲ။ ဘယ်သွားရင်ကောင်း လည်းအစ်ကိုဆိုတော့ အင်းဒါဆိုလည်းလူရှင်းတဲ့နေရာမှာ စကားပြေားရအောင်လိုပြေားလိုက်တယ်။ အဲတာနဲ ကျွန်တော်တို့တွေ ဘုရာဟိုဘက်ထိပ် အပင်တွေ များတဲ့ဘက်ကို လမ်းလျှောက်လာခဲ့လိုက် တယ်။ အပင်ကြီကြီအောက်လည်းရောက်ရေား ကျွန်တော်လုံးဝ မထင်မှတ်ထားတဲ့ အပြုအမူကို ဒေါက် တာ ဇွဲသံဇဉ် ကပြုလုပ်လိုက်တာကြောင့် ကျွန်တော် နုတ်ခမ်းပါတစ်စုံနွေးထွေးမှု့တွေနဲ စိုစွတ်တဲ့ ခံစား ချက်ကို လက်တွေ့ခံစားလိုက်ရပါတယ်။ နောက် နုတ်ခမ်းထက်ကနေလို ကျွန်တော်ရဲ့ လည်ပင်ထက် ကို ရောက်လာချိန်မှာတော့ အရှင်နှစ်ပါကိုလည်းမေ့ တောင်ပြုံးပွဲခင်းကြီကိုလည်းမေ့ ပွဲတော်လာတဲ့ သူ တွေအားလုံးကိုလည်းမေ့ လိုက်ပါတော့တယ်။

           တစ်ယောက်နဲ့တစ်ယောက် မည်မျှကြာအောင် ရမ္မက်ထန်သွားသည်မသိဘူဗျာ။ ဘေးမရောက်တစ်ရောက် ခတ်လှမ်းလှမ်း မှ ခါပိုက်နိုက်ဆိုတဲ့ အသံကြားမှ လူချင်းခွာမိလိုက်ကြတယ်။ ဒေါက်တာဇွဲသံဇဉ်က ဖွဖွလေးတောင်ပန်စကားကိုဆိုတယ်ဗျာ။ ကျွန်တော်တောင်းပန်ပါတယ်အစ်ကို တဲ့ ကျွန်တော် လုံးဝ မထိန်းချုပ်နိုင်ဘူးဖြစ်သွားတယ်တဲ့။ ကျွန်တော်သေချာကြည့်မိတော့ မျက်ရည် တွေလှဲ့ နေသလိုဘဲ။ ကျွန်တော် က ဇွဲသံဇဉ် မျက်ဝန်းတွေကိုသေချာ စိုက်ကြည့်တော့ ဒေါက်တာက လုံးဝ အကြည့်မခံဘဲ ဒုတိယအကြိမ် ကျွန်တော်ကို တင်းတင်းဖက်ပြီ မျက်နာကို ပုခုံးထက်မှာအပ်ထား ပြန်တယ်။

ကျွန်တော်ပုခုံးထက်ကိုလည်း ပူနွေးတဲ့ အရာလေးတွေ လာရောက်ထိခတ်နေတယ်။ ဘာအတွက် ကြောင့်များ ဇွဲသံဇဉ် ငိုသလည်းသိချင်လိုက်တာဗျာ။ မေးလည်းမမေးရက်ဘူးဖြစ်တယ်။ တိုးရှိုက်တဲ့ အသံလေးနဲ အစ်ကိုကျွန်တော်ကို အထင်သေးသွားပြီလား အစ်ကိုလိုမေးတယ်ဗျာ။ အထင်သေးစရာလား ဆရာရယ် ခင်ဗျားကြီက အဲလိုမစရင်တောင် ကျွန်တော်က စလုပ်ဘို့အတွက် ဒီဘက်ကို မနည်း ခေါ်လာရတာဆိုတော့မှ ကျွန်တော်ရင်ခွင်ကထွက်ပြီ  တစ်ကယ်လားတဲ့ ဒီလိုမှန်းသိရင် မငိုပါ ဘူးဗျာလိုပြေားတယ်ဗျ။ အဲတာနဲကျွန်တော်လည်း ဒေါက်တာ ပုခုန်းလေးကို ခပ်ဖွဖွလေး ထိုးပြီတော့ အရူးလေ ကိုယ်စိတ်ကိုမဖတ်တတ်ဘူးလားလိုပြေားလိုက်တယ်။


ညီနန်းကိုသွားကြရအောင်လေ ညီသူငယ်ချင်းတွေ မျှော်နေလိမ့်မယ်လိုပြေားတော့ အင်ဟုတ် တယ်အစ်ကို တဲ့ ခုဏက အန်တီတစ်မျိုးမြင်မှာဆိုးလို သူတို့ကို ပြန်ခိုင်းလိုက်တာတဲ့။ အင်း ဒါဆိုလည် သွားရအောင်လိုပြေားလည်းပြေား  ညီဇွဲရဲ့ လက်ကို သေချာကိုင်လည်ကိုင်ပြီတော့ နန်းကိုသွားတော့ တယ်။ တစ်ခါတစ်လေမှာ မိမိ၇ဲပျော် ရွင်မှု့တွေကိုရဘို့အတွက် ပတ်ဝန်းကျင်ကိုလည်း ခဏတော့ ဥ ပက္ခာ ပြုထားတတ်ရမယ်ထင်ပါတယ်။ ကျွန်တော်စိတ်ထဲမှာတော့ ညီဇွဲသံဇဉ်ရဲ လက်ကိုကိုင်ထားခွင့်ရ တဲ့ အချိန်မှာ တောင်ပြုံးပွဲခင်းတစ်ခုလုံးမှာ ရှိရှိသမျှ အရာတွေ အားလုံး လှပနေတယ်လိုခံစားရတယ်။
ဇွဲသံဇဉ် သူအစ်မနန်ကိုလည်းရောက်တော့ လူတော်တော်များများလည်းစုံနေသလို ဆံပင်မိတ် ကပ် ပန်းအစုံနဲ နတ်ချော့မဲ့သူတွေကလည်း တန်းစီလိုနေပါပြီ။

အဲ့ဒီအချိန်မှာ ညီနဲတော်တော်တူတဲ့ အမျိုးသမီတစ်ယောက်ထွက်လားပြီ လာမောင်လေ လည်းချော့ရမယ်လိုသူမောင်ကိုပြေားနေတယ်။ အဲတာနဲ အစ်ကိုညီခဏ ချော့လိုက်အုံးမယ် အပျော်လိုပြေားတဲ့ အချိန်မှာ ညီအစ်မက မောင်လေးသူ ငယ်ချင်းလည်း ချော့လေ ဘာဖြစ်လည်း အပျော်ပေါ့ လူငယ်တွေဘဲတဲ့။ ဘာမှစိတ်မပူနဲ မမမောင်လေး ရဲ့ သူငယ်ချင်းလည်း မမမောင်လေးဘဲ လိုပြေားလာပါတယ်။ နု၈ိုကထဲက အခံစိတ်ကလည်းရှိ ဒေါက်တာနဲ လည်းတွဲချော့ရမယ်ဆိုတော့ အိုကေ မမ ကျေးဇူးလိုပြေားပြီတော့ နန်နတ်ထဲက အ၀တ်လဲခန်းကိုဇွဲသံ ဇဉ်နဲတူတူ လိုက်ဝင်ခဲ့တယ်ဗျ။


ဇတ်လမ်းက အဲမှာစတာဗျ ။ဝတ်ထားတာက ဘောင်ဘီပေါ်မှာ တောင်ရှည်ပုဆိုးထပ်ဝတ်မယ် ဆိုတော့ ကျွန်တော်မ၀တ်တတ်ဘူ ဖြစ်နေတယ်။ အဲညီကတော့ အေးဆေးဝတ်ပြီနေပြီ။ အစ်ကို အ ဆင် မပြေဘူးထင်တယ်တဲ့ ကျွန်တော်ဝတ်ပေးမယ်လိုပြေားပြီ ကျွန်တော် ၀တ်နေတဲ့တောင်ရှည်ကို လှမ်းကိုင်လိုက်တယ်ဗျ။ အဲတော့မှ ကျွန်တော်လည်း လက်ကိုမြောက်ထားပြီတော့ ညီဝတ်ပေးတဲ့ ပု ဆိုးဝတ်ပုံကို သေချာကြည့်နေတယ်။ ကျွန်တော်အကျီက ခါးပေါ်ရောက်ရောက်နေတော့ တောင်ရှည်က လျှေားလျှေားနေတယ် အဲတာနဲ ဇွဲသံဇဉ်က အစ်ကိုအကျီချွတ်မှ ထင်တယ်တဲ့ ၀တ်ရ တာ အဆင်မပြေဘူးလိုပြေားလာတယ်ဗျ။

အဲတာနဲ ကျွန်တော်အကျီကိုချွတ်လိုက်တော့  ကျွန်တော် ရင်ဘတ်က အမွေးတွေက ရင်ဘတ်ကနေ အောက်ကို တန်းလျှက်တစ်ဆက်ထဲ ဆက်နေတာကိုဒေါက် တာဇွဲသံဇဉ်တွေမြင်ခွင့်ရသွားတယ်ဗျ။
ဒေါက်တာမျက်နာ ကကျွန်တော် ရင်ဘတ်ကိုလည်းမြင်လိုက်ရောစိတ်မထိန်းနိုင်စွာ သူရဲ လက် လေးတွေနဲ ကျွန်တော်ရင် ဘတ်အမွေးတွေကို လာရောက်ပွတ်သတ်နေတယ်ဗျာ။ ကျွန်တော်ရင်တွေ ၀ုန်းဒိုင်းကျဲနေပြီဗျာ။

သစ်ပင်အောက်မှာတုန်းက ကျန်နေတဲ့ ရမ္မက်အစွမ်းနဲ ကျွန်တော်ရဲသည်းခံနိုင်မှု့ တွေကို မနည်းအံတုနေရတယ်ဗျာ။နန်ပွဲမကရလည်းနေပစေတော့ကွာလို ဆုံးဖြတ်လိုက်ပြီတော့ ဒေါက်တာဇွဲသံဇဉ်ကို ရင်ဘတ်ထဲကို ဆွဲသွင်းလိုက်တဲ့ အချိန်မှာ အခန်းတံခါးခေါက်သံနဲအတူတူ ဆရာ အစ်မရဲ့ “မောင်လေး မင်းတို့မပြီသေးဘူလာ ဒီမှာ သူများတွေ ကလို့ ပြီတော့မယ် မြန်မြန်လုပ်”ဆိုတဲ့အသံ ကိုကြားလိုက်ရတဲ့ အခါမှာတော့--------------------------------


ဆက်ရန်ရှိသေးသည်(နေမင်းခ)

No comments:

Post a Comment