Wednesday, December 11, 2013

အညတြ ဌက်ခါး



ဆိုင်ကယ်ကို ဖြေးဖြေးမောင်းနေပေမဲ့ အတွေးတွေက လွန်ခဲ့တဲ့ အချိန်နာရီဝက်ကျော်ကို စိတ် ရောက်နေတယ်။ ဒီဇင်ဘာရဲ့ အေးမြတဲ့ နှစ်စက်တွေက ရင်ထဲ့ အပူမီးတွေကို ပြေပျောက်အောင် မ စွမ်းဆောင်နိုင်ဘူးဖြစ်နေတယ်။ ဘေးနာက ဆိုင်ကယ်ဖြတ်သွားတဲ့ အသံတွေ မကြားတစ်ချက်ကြား တစ်ချက်နဲ့ ဖြစ်နေတဲ့ အပြင် ဘေးပတ်ဝန်းကျင်တစ်ဝိုက်က မှောင်မိုက်နေတဲ့ ညဉ့်ရဲ့ ငိုရှိုက်သံတွေကို ရင်ဆိုင်နိုင်စွမ်းလည်း မရှိဘူးဖြစ်နေတယ်။ တစ်ခါတစ်လေ မျက်ဝန်းထက်မှာ ပူနွေးတဲ့ အရာတစ်ခုကို လည်း လွတ်လပ်စွာ စီဆင်းခွင့်ပြုထားမိတယ်။ အော် ယောကျားလည်း အသွေးအသားနဲ့ခံစားချက်ကို ဥပက္ခာပြုနိုင်ခြင်းမရှိပါလားကွာ

ညမှောင်မှောင်မှာဆိုင်ကယ် မီလေးထွန်းညှီပြီ သွားလာနေရပေမဲ့ ဦထုတ်ကိုတောင် ဆောင် ထားလိုစိတ်မရှိဘူး။ အေးမြတဲ့ နှင်းပွင့်တွေနဲ့ အပြိုင် ငိုနေမိတယ်ဆို တာကို မင်းလေးသိစေချင်တယ်။ တစ်ခါတစ်ရံမှာ အချစ်က ချိုမြတဲ့ စိတ်ကူးယဉ်မှု့ တွေကိုပံပိုးပေးတဲ့ အရာတစ်ခု ဖြစ်စေသလို တစ်ခါ တစ်ရံမှာ အချစ်က အေးမျှတဲ့ အတ္တတွေကိုလည်း ထာဝရပေးဆပ်ခွင့်ကို ပိုင်ဆိုင်ထားတဲ့ အချစ်နတ် ဆိုးတစ်ကောင် ဖြစ်နေတတ်တယ်။ အချစ်ကို ယုံစားလို့ ပျော်ပါးခဲ့တာ မဟုတ်ပေမဲ့ ပေးဆပ်မှု့ တိုင်းရဲ့ တန်ပြန် သက်ရောက်မှု့ တွေကို မက်မေားတမ်းတမိတာ ကျွန်တော်အပြစ်များလာဗျာ။ အစေားထဲက အကြောင်းတစ်စုံတစ်ရာကို စိတ်သဘေားမကျရင် လူအခွင့်အရေးအရ ငြင်းခွင်ရှိပါတယ်။ ခုတော့ဗျာ နူးညံနွေးထွေး လွန်းလှတဲ့ သူနုတ်ခမ်းထက်က သူပြေားလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော် ခံစားမှု့ ရင်ခုန်မှု့ နဲ့ နွေးထွေးစွာ ကြင်နာတတ်မှု့ တွေကိုအရူးတစ်ယောက်လို သိမ်းထုတ်ခဲ့ရတယ်။


ယောကျားတစ်ယောက်ရဲ့ မျှော်လင့်ချက်ကိုရိုက်ချိုးခံလိုက်ရတဲ့ နေဆိုတာ အဲယောကျားတစ် ယောက်ရဲ့ ဘ၀ကို အဆုံးသတ်စေခဲ့တယ်နေ့ဆိုတာကိုများချစ်သူ မင်းကိုသိစေချင်လိုက်တာကွာ။ မင်း နုတ်ခမ်းက တိုးတိတ်စွာထွက်ပေါ်လာတဲ့ You are a gay? ဆိုတဲ့ စကားတစ်ခွန်း အတွက်ကိုယ်အများ ကြီး စဉ်စားပေးသွားမှာပါ ညီငယ်။ သံယေားဇဉ်တွေ ရစ်ပတ်လို့ မမြတ်နိုးမိခင်က ညီဒီစကားကို ကိုယ် ကို မေးခဲ့မယ်ဆိုရင်ကိုယ် ဒီလောက်ခံစားရမှာမဟုတ်ပါဘူး။ ဒီလိုအသုံနုံးတွေကို ညီသုံးချင်တယ်ဆိုရင် ဘာကို ကိုယ်ကို မျှော်လင့်ချက်တွေ တစ်ပွေတစ်ပိုက်ဖြစ်အောင် ချည်နှောင်ခဲ့လည်း ညီ။ ဒါပေမဲ့ ကိုယ် ညီအပေါ် တင်ကျန်နေတဲ့ ၀ဋ်ကျွေးတွေကို ကျေအောင်ဆပ်မယ်။ ကိုယ်ပေးဆပ်တဲ့ အချစ် အိပ်ယာ ခင်းထက်ကို ညီပျော်ပျော်ကြီ မှေးဆက်ပါတော့ကွာ။


ဆိုင်ကယ်ကို ဘယ်လောက်မောင်းလာမိတယ် မသိဘူး အဆောင် ဘက်ကိုတောင်ရောက်လုနီ နေပြီဖြစ်သည်။ ရင်ဘတ်ထဲက ဒဏ်ရာတွေ နဲ့မျက်ဝန်းထက်က မျက်ရည်ပူတွေကို အချိုးကျတွက်ချက် လိုက်မယ်ဆိုရင် ဒီလို လောကကြီးကို စွန့်ခွာလိုစိတ် ဖြစ်မိမယ်ထင်တယ်။ သြော် ပိုးဖလန်တွေ မီးကို တိုးသလို့ ကိုယ်လည်း လေားကီသားပေမို့ သံသရာတစ်ပတ် အဆုံးထိပတ်အောင် ကျသင့်တဲ့ အကြွေး တွေကို ကြည်ဖြူစွာအပ်နှုင်းပါတော့မယ် ချစ်သူ။ အဆောင်ပေါ်ကိုရောက်တော့ အခန်းကိုကြည့်ရတာ လည်း ကျွန်တော်ဝမ်းနည်းမှု့ကို ပိုတိုးလာစေသလိုခံစားမိတယ်။ အရင်နေ့တွေဆိုရင် ညီ နဲ့ တွေ့ပြီ ပြန် လာပြီ ကိုယ်အိပ်ယာထက်ကို လဲရတာကို အရသာတစ်ခုကို ဖြစ်စေတယ်။ ဒီနေ့တော့ ကိုယ် အိပ်ယာ ကလည်း အထီးကျန်မှု့ကို အားပေးနေသလိုခံစား မိတယ်ဗျာ။


ကျွန်တော် ညီနဲ့ ဆုံဆည်းခဲ့တဲ့ ရက်တွေကို ပြန်လည်းသိတိရနေမိတယ်။ အဲ့နေက မိုးတွေက လည်းသည်းကြီမဲကြီရွာနေတဲ့ အချိန်မှာ ရုံးကို လည်းမသွားချင်တာနဲ့ ခွင့်တစ်ရက်လောက်ယူပြီ လစ်လိုက်မယ်ဆိုပြီ လူကြီကို ဖုန်းဆက်ပြေားထားတယ်။ ကျွန်တော အိပ်ရာထက် ဇိမ်ယူနေတဲ့ အချိန် မှာ ကျွန်တော်ဖုန်းကို မက်စေ့တစ်စောင်ဝင်လာတယ်။ ဖွင့်ဖတ်လိုက်တော့ ကျွန်တော်သူငယ်ချင်း တစ် ယောက် မင်းဒိနေ့ခွင့်ယူမယ်ဆိုတာသိလို အကူညီတောင်းချင်လိုကွာတဲ့။ အဲတာနဲ့ သူဖုန်းကိုပြန်ဆက် ပြီတော့ ဘာကူညီရမလည်း ငါဒီနေ့ခွင့်ယူထားတာ နာချင်လိုကွ ဆိုတော့ အေးတဲ့ငါ မိန်းမဆေးရုံတက် ရလို့တဲ့ အဲ့တာငါကိုလူနာလာစောင့်ပေးအုံးတဲ့ ငါတစ်ယောက်ထဲဆိုတော့ အပြင်တွေဘာတွေ သွားရင် သူမိန်းမ ကို စိတ်မချလို့တဲ့။ အေးအေး လာခဲ့မယ် ခဏလေးစောင့်လိုပြေားပြီတော့ နေပြည်တော်ဆေး ရုံးကြီးကို ထွက်လာခဲ့တယ်။


အဆောင်နဲ့ ဆေးရုံနဲနီတာလည်းပါလို့ အကူညီတောင်းတာမှန်းသိနေတော့ ငြင်းမနေတော့ဘူး။ ပြီတော့ သူငယ်ချင်းအရင်းကြီတွေ ငယ်ကထဲက ကျောင်းအတူတူဆင်းတွေ နောက်မှ သူအိမ်ထောင် ကျ နေပြည်တော်ကို လက်ထောက် အင်ဂျင်နီယာနဲ့ပြောင်းလာတဲ့ အချိန် ကိုယ်ကလည်း လက်ထောက် အင်ဂျင်နီယာ နေပြည်တော်မှာ ဖြစ်နေတာနဲ့ အံကိုက်တွေ ဖြစ်ကုန်တာ။ အပြင်မှာ မိုး ဖွဲဖွဲလေးတွေ ကျနေတာနဲ့ မိုးကာအကျီတစ်ထည်ကို မြန်မြန်ကောက်စွတ်ပြီ ဆေးရုံကို ထွက်လာခဲ့ လိုက်တယ်။ သပြေကုန် အ၀ိုင်နာလည်းရောက်တော့ ကျွန်တော်တို့ ထက်အနည်းငယ် ငယ်ပုံရတဲ့ လူ ရည်မွန်လေးတစ်ယောက် လာတာတယ်။ အစ်ကို ဆိုင်ကယ်ကယ်ရီဆိုရင် နေပြည်တော် ဆေးရုံကြီးကို ဘယ်လောက်ပေးရမလည်းတဲ့။ ကျွန်တော်က ကယ်ရီမဟုတ်ဘူ ဒါပေမဲ့လိုက်လာခဲ့ ကိုယ်လည်း အဲ့ကို သွားမှာ လမ်းတိုက်တယ်ဆို့တော့ ကျေးဇူအစ်ကိုဆိုပြီ ဆိုင်ကယ်နောက်ကနေ ထိုင်လိုက်လာတယ်။

မိုးကလည်း လုံးဝတိတ်သွားတာမျို မဟုတ်တဲ့ အတွက် ဆိုင်ကယ်ကိုဂရုတစိုက်မောင်းနေရလို့ ဘာစကားမှ မပြေားဖြစ်ဘူး။ နောက် ပရဆေးဥယဉ်နာက တောင်ပေါ်ဆေးရုံလမ်းကို တက်တော့ အ ပေါ်က ဆင်းလာတဲ့ ကားတစ်စီက အရှိန်မထိန်းနိုင်ဘဲ့ ကျွန်တော်တို့လမ်းဘက်ကို ရောက်လာတယ်။ အဲအချိန်မှာ ကျွန်တော် နောက်က ကောင်းလေက အား တိုက်ပြီလိုပြေားပြီတော့ ကျွန်တော် ခါးကိုလာ ဖက်တယ်ဗျ။ လူက မိုးရွာနေလို့ အေးနေတဲ့အချိန်မှာ ပူနွေးတဲ့ ရင်ခွင်တစ်ခုကိုယ်ကျေားနောက်မှာလာ ကပ်တာကို ခံစားရတဲ့ ဖိလင်က လည်းတစ်မျိုးဘဲ။ ဆိုင်ကယ်ကိုသေချာထိန်းပြီတော့ ဘာမှမဖြစ်ဘူးညီ လမ်းက ကျယ်ပါတယ် စိတ်မပူနဲ လိုပြေားလိုက်တယ်။ တောင်ပေါ်လမ်း၇ဲ့ လမ်းအဆုံးကိုရောက်တော့ နေပြည်တော် ဆေးရုံကြီရှေ့မှာ သူကိုချပေးတယ်။ ကျေးဇူအများကြီးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း ကို မြန်မြန်ပြေားပြီ ဆေးရုံထဲကို အဲကောင်လေးပြေးဝင်သွားတယ်။



ကျွန်တော်လည်း ဆိုင်ကယ်ကို ယဉ်၇ပ်နားစခန်းမှာ အပ်ပြီတော့ ကျွန်တော်သူငယ်ချင်းဆီကို ဖုန်းဆက် ဘယ် Ward ဘယ်အဆောင် ဆိုတာကိုမေးပြီတော့ ဆေးရုံကြီးထဲကို ၀င်သွားလိုက်တယ်။ အခန်းကိုရောက်တော့ ကျွန်တော်သူငယ်ချင်းမိန်းမကိုလည်း ပြုံးရွင်စွာတွေ ရသလို သကောင်းသာက လည်းမျက်နှာမှာပြုံးရိပ်တွေ ပေါ်နေတယ်။ ကိုနေမင်းခ သာယာနေတယ်ပေါ့တဲ့။ အမ်း သားကြီးမင်း မိန်းမက ဘာကိုပြေားတာလည်းဟ လိုမေးတော့ ဘာမှရှက်မနေနဲ့သားကြီးတဲ့ ငါက ငါမိန်းမကိုအားလုံး ပြေားပြထားပြီသား မင်းအကြောင်းတွေကို လိုပြေားလိုက်တော့မှ ကျွန်တော် တော်တော်ရှက်သွားမိ တယ်။ မင်းကတော့လုပ်ပြီကွာ အလကားနေရင်း လျှောက်ဖွနေတယ် လိုပြေားပြီ လက်မောင်းကို ထိုး လိုက်တယ်။

အဲတော့ သကောင်းသားက ရှက်မနေနဲ့ မင်းနဲ့ငါအကြောင်းအပြင် မင်းရဲ့ စိတ်နေစိတ်ထားအား လုံးကို ငါမိန်းမကိုအားလုံးပြေားထားပြီသာ ဘာမှရှက်မနေနဲ့ အခုငါမိန်းမ စတာက သူကိုလာကြည့်ပေး တဲ့ ဆရာဝန်လေးနဲ့ မင်းအတူတူဆိုင်ကယ်စီး တာတွေ့လို စနေတာတဲ့။ တိန် လိုတောင် ပါစပ်ကထွက် မိတယ်။ အေးပါ ကွာထားလိုက်တော့ မင်းမိန်မ အခြေနေကောဘယ်လိုလည်းဆိုတော့ အားလုံးကောင်းတယ်တဲ့။ နည်းနည်းဘဲဖျားတာ သက်သာနေပြီ ငါကစိတ်ပူပြီ ဆေး၇ုံတက်ခိုင်းလို တက်တာတဲ့။ ပြီး တော့ ငါက မင်းအကြောင်းပြေားပြပြီ ဘယ်လိုကူညီတာ ဘယ်လိုစေတနာထားတာ အဲလိုတွေ ကြွား ထားလို့ ငါမိန်းမက မင်းကိုတွေ့ချင်လို့ တမင်းခေါ်လိုက်တာတဲ့။ ကျွန်တော်လည်းပါစပ်ကနေ သူ့မိန်းမ မကြားအောင် ဖွဖွဆဲလိုက်ပြီ ကျောင်းတုန်းကအတိုင်းဘဲ့ မင်းအချိုးတွေ ငါကိုဆိုအဲဘားကျပ်တယ် မင်းကတော့ လိုပြေားလိုက်တယ်။

ဒါနဲ့ဆရာဝန်လေးနဲ့က ဘိုလိုမင်းနဲ့ ဟဲဟဲဆိုပြီ ကျွန်တော်သူငယ်ချင်းက ပြောင်စပ်စပ်လုပ်နေ လို သူမိန်းမ မိနွယ်က ကိုကလည်း စနေပြန်ပြီ ဟိုမှာအစ်ကိုသူငယ်ချင်း ကရှက်နေပြီလိုလှမ်းပြေား တော့တယ်။ ဒီလိုပါဘဲကွာဆိုတော့ မိနွယ်က ဒါဆို ကိုနေမင်းခ ကျွန်မ ဆရာလေးအကြောင်းမပြေား ပြတော့ဘူးနော်ဆိုပြီ ရည်နေတယ်။ ကျွန်တော်နဲ့ကျောင်းကထဲက တူတူနေလာတဲ့သူဆိုတော့ ကျွန် တော် အကြောင်းကို အားလုံးသိထားတဲ့ အပြင် ကျွန်တော် ဟိုမိုစိတ်ရှိနေပေမဲ့ ဆန္ဒတရားကို သိက္ခာ နဲ့အမြဲထိန်းချုပ်တတ်မှန်းသိနေလို့ သူတို့လင်မယာ အံသြပြီမေးနေတာမှန်း ကျွန်တော်ရိပ်မိနေပြီလေ။ အင်းပါကွာ မင်ကလည်း အကူညီလိုလို့ ကူညီခဲ့တဲ့သဘေားပါ လိုခပ်ဖော့ဖော့ပြေားပြီ မသိချင်ယောင် ဆောင်နေလိုက်တယ်။

အဲတော့မှပိုဆိုးသွားတယ်ဗျာ။ ကျွန်တော်အပေါက်ဖက်ကို မျက်နာလှည့်တဲ့ အချိန်မှာ ခုဏက အကူညီတောင်းတဲ့ ဆရာလေးက ကျွန်တော်တို့အခန်းဘက်ကို လာနေတယ်။ ဟိုကောင်တွေ လင်းမ ယားမျက်နာတွေမှာ မသိသာတဲ့ အပြုံးလေတွေကို ကျွန်တော် ၀ိုးတ၀ါမြင်တွေ့လိုက်ရတယ်။ ရှက်လိုက် တာဗျာ မျက်နှာတောင် ဘယ်နှားထားရမှန်း မသိတော့ဘူး။အဲဆရာလေးကလည်း အခန်းထဲကိုတန်ဝင် လာတယ်။ ကျွန်တော်ကို မြင်တော့မှ အား အစ်ကို မနွယ်ဆီလာတာလားဆိုတော့ အင်းဟုတ်တယ်ဆ ရာလိုပြေားလိုက်တော့ အားရပါတယ်အစ်ကိုတဲ့ ကျွန်တော်နာမည်ဇွဲသံဇဉ်ပါ အဆင်ပြေသလိုဘဲခေါ်ပါ တဲ့။ မှန်ရာကို ၀န်ခံရမယ်ဆိုရင် ကျွန်တော် ဒေါက်တာဇွဲသံဇဉ်ရဲ့ အစ်ကိုဆိုတဲ့ စကားသံလေးကိုကြား ရတဲ့အချိန်မှာ ခံစားချက်တွေက နွေးထွေးနေတယ်ဗျာ။

အဲအချိန်မှာ မိနွယ်က မောင်လေး မင်းက ကိုနေမင်းခနဲ့ဘယ်လိုတွေ့လာတာလည်းဆိုတော့ ကျွန်တော် ဈေးသွားတုန်းဆိုင်ကယ်ပျက်နေတာနဲ့ သပြေကုန်းမှာ အပ်ထားပြီဂျူတီ ပြန်ဝင်တာ မနွယ် ဆိုတော့ ကျွန်တော် အံသြသွားမိတယ်။ ကျွန်တော်သူငယ်ချင်းကို မျက်စပစ်ပြီမေးတော့ မိနွယ်က ဘာမှ မျက်စပစ်မနေနဲ့ ကျွန်မနဲ့ ဒေါက်တာဇွဲသံဇဉ်က မောင်နှမ၀မ်းကွဲတော်တယ်။ သိပြီလာ ကိုနေ မင်းခရေ တဲ့။ သေရေားဗျာ အဲဒါ မှ သူငယ်ချင်း မိန်းမရဲ့ မောင်ကိုမှ စိတ်ဝင်စားပြီ အဲအမျိုးသမီက သူမောင်ကို စိတ်ဝင်စားမှန် သိနေတဲ့ အဖြစ်။ ကျွန်တော်သူငယ်ချင်းက အဲတော့မှ ပြေားပြတယ် ငါမင်း ကို တမင်းခေါ်တာ ကဆေးရုံလာစောင့်စေချင်တာလည်းပါတယ် ပြီတော့ မီနွယ်မောင်နဲ့မိတ်ဆက် ပေး ချင်တာလည်းပါတယ်ဟတဲ့။

အဲတာနဲ့ အေးပါကွာမင်းတို့လင်မယားသဘေားအတိုင်းပါဘဲ့ ငါဘာမှမပြေားတော့ဘူးလို့ပြေား လိုက်တော့တယ်။နောက် သူယောကဖက သူအစ်မကို စစ်စ၇ာရှိတာတွေ စစ်ပြေားစရာရှိတာတွေ ပြေားပြီတော့ နောက်ရက်ဆို ဆေးရုံကဆင်လိုရပြီဆိုတာလည်းပါတယ်။ ပြီး တော့ မိနွယ်က သူမောင်ကိုတိုးတိုးလေး ဘာပြေားလိုက်တယ် မသိဘူး တန်းပြီတော့ အခန်းထဲကနေ ပြေးတော့သွားတာလို့ ကျွန်တော် ကိုတောင်နှုတ်မဆက်နိုင်ဘူး။ ကျွန်တော်လည်း သားကြီးမင်းက လည်း ယောက်ဖ တစ်ယောက်လုံးလည်း ဆရာဝန် ဒါများငါကို လူနာစောင့်ပေးအုံး ဘာအုံးနဲ့ မင်း တော်တော် ဒုက္ခပေးတဲ့ ကောင်လို့ပြေားတော့ အဲကောင်က ကဘာပြန်ပြေားတယ်ထင်လည်း အေးပါ တဲ့ နောက်မှ မင်းငါကို အမျိုးမတော်ချင်နဲ့လို ပြေားတယ်။


သူငယ်ချင်းလင်မယာနဲ့ တစ်နေလည်လုံးတူတူနေပေး စကားတွေ ပြေားတဲ့အချိန်တိုင်းမိနွယ် က သူမောင်အကြောင်းကို ဖွဲဖွဲ့နွဲနွဲ့ ပြေားပြနေတယ်။ ကျွန်တော် စဉ်းစားမိတယ် ကျွန်တော်သူငယ်ချင်း လင်မယာနှစ်ယောက်လုံးရဲ့စကားတွေအရဆိုရင် ဒေါက်တာဇွဲသံဇဉ် လည်းဟိုမိုတစ်ယောက်များလာ မသိဘူး။ ကဲပါကွာ မင်းတို့လင်မယာကလည် ငါကိုပွင့်ပွင့်လင်းလင်းပြေားကွာ တစ်ယောက်အကြောင်း တစ်ယောက်မသိတာတွေလည်း မဟုတ်ဘူးဆိုတော့မှ မိနွယ်က အစ်ကိုနေမင်းခကို လည်းဟိုမိုတစ် ယောက်မှန် အစ်ကိုသူငယ်ချင်းပြေားပြထားလိုသိတယ်တဲ့။ကျွန်မမောင်လေး ဇွဲသံဇဉ်လည်း ဟိုမို တစ် ယောက်ဘဲ အစ်ကိုတဲ့။ အာကြောင့် ကျွန်မမောင်လေးကို ဂရုစိုက်ပေးပါလို ပြေားချင်တာပါရှင်လို့ပြေား လာတယ်။

အမ် ငါက ဂရုစိုက်ပေးရအောင် နင်မောင်က ကလေးမို့လို့လားမိနွယ်ရာ။ သူကငါတို့ထက် တောင် ပညာပိုတတ်သေးတယ်။ ဘာမှထိန်းစရာမလိုဘူးလို့ပြေားတော့ မိနွယ်က အင်းပါအစ်ကိုမထိန်း ချင်ဘူးဆိုတော့လည်း တစ်ခြားတစ်ယောက်ကို အပ်ရမှာပေါ့နော် အစ်ကိုလို့ သူယောကျားကိုပြေား ပြီ စပ်ဖြဲဖြဲလုပ်နေတယ်။ အဲခါကျတော့ ကျွန်တော်သူငယ်ချင်းက မင်းကလည်းမူမနေနဲ့ကွာတဲ့ ငါမိန်းမဒီ လောက်ပြေားနေတာ လက်ခံလိုက်ဆိုပြီတော့ သူမိန်းမဘက်က မာမာမတ်မတ်ထောက်ခံသွားတယ်။ ကဲကွာ အာဆိုလည်းပြီရေား ထိန်းပေးမယ် ပြီမှတော့ငါကို ဘာမှလာမပြေားနဲ့ လိုပြေားပြီတော့ ပြန် တော့ မယ်လိုနုတ်ဆက်ပြီထိုင်ရာကထလိုက်တယ်။ အဲတော့မှ မိနွယ်က ကိုနေမင်းခ စနေတာမဟုတ် ဘူးတစ်ကယ်ထိန်းခိုင်းတာ အစ်ကိုက အစ်ကိုစိတ်မပါရင် ဘယ်သူကိုမှ အားမနာဘဲပြေားတတ်တယ်။ အကူညီမပေးတတ်ဘူးဆိုတာလည်း ကျွန်မသိလို ကျွန်မမောင်လေးနဲ့ ဆိုင်ကယ်တူတူဆီလာတယ် ဆိုတော့ အဲလိုတွေးလိုက်တာ လိုပြေားပြီ ရည်နေတယ်။

ကျွန်တော်လည်းရှက်ရှက်နဲ့ ထပြီပြန်လာခဲ့တယ်။ ဆေးရုံလမ်းဘက်ကထွက်တော့ မျက်စီတွေ ကဒေါက်တာဇွဲသံဇဉ် ရှိနိုင်လောက်တဲ့ နေရာတွေကို ရှာဖွေကြည့်မိတယ်ဆိုတာတော့မငြင်းပါဘူးဗျာ။ နောက်ပိုင်း ဆေးရုံးကဆင်းပြီသူယောက်ကျားနဲ့ ခွင့်ယူပြီပြန်သွားတဲ့ အချိန်တွေမှာ ကျွန်တော် ဒေါက် တာဇွဲသံဇဉ်နဲ့ သံယေားဇဉ်ကြိုးတွေ ရစ်တွယ်ခဲ့မိပါတယ်။ ရုံးပိတ်ရက်တွေရဲ့ အချိန်တော်တော်များများ ကို ညီလေးနဲ့ကုန်လွန်ခဲ့သလို့ နေပြည်တော် ညနေခင်းတွေရဲ့ အလှတရားတွေကိုလည်းတူတူပျော်ရွင် ခဲ့ဖူးပါတယ်။ဖြူစင်မှု့ သံယောဇဉ်ကြီးမှု့တွေနဲ့ အချစ်တစ်ခုကို မွေးဖွားဘို့ လုံလောက်တဲ့ အချိန်အ အတိုင်းအသာတစ်ခုရောက်တဲ့ တစ်နေ့မှာ ကျွန်တော်ဒေါက်တာကို တစ်ခုတောင်းဆိုခဲ့တယ်။ တစ်ရက် လောက် ဒေါက်တာနဲ့ ဒိတ်တင်လုပ်ချင်တယ်။ ဘယ်ရက်လောက် အဆင်ပြေနိင်မလည်းဆိုတာကို ပေါ့ဗျာ။


မြတ်နိုးမှု့ခြင်းတူညီလို့ ကြည်ဖြူစွာလျှောက်လမ်းဘို့ အရာအားလုံးက အလိုက်သင့်ဖြစ်နေလေ ပြီ။ ဒေါက်တာနဲ့ ချိန်းဆိုထားတဲ့ နေလေးတစ်ရက်ကိုလည်းေ၇ာက်ရှိလာပြီဖြစ်သည်။ ဒိနေ့ဆိုရင် နေ ပြည်တော် ရဲ့ ဟိုတယ်တစ်ခုမှာ ကျွန်တော်တို့နှစ်ယောက် ချစ်ခရီးလမ်းအ စပျိုးပြီဘ၀နှစ်ခုပေါင်းစပ် ဘို့ ရင်ခုန်စွာစောင့်စားခဲ့တဲ့ မင်္ဂလာအချိန်ကလည်း ကျရောက်နေပြီဖြစ်သည်။ ဒီနေ့မှ ထူးခြာစွာအေး စက်နေတဲ့ရာသိဥတုကို ကြည့်ပြီ နွေးထွေးမှု့တွေနဲ့ ပျော်မွေ့ရမဲ့ အချိန်တွေကို မျှော်နေမိပြီ ။ ဒီနေ့ အတွက် ဟိုတယ်အခန်းကို လည်းကြိုတင် မှာထားပြီသားမို့လို့ ညီသူအစီအစဉ်နဲ့သူ ဟိုတယ်ကို ရောက်နေလောက်ပြီဖြစ်သည်။

ကျွန်တောလည်း ရုံးဆင်းပြီ ခဏနားရေချိုး နည်းနည်းရွိုင်းပြီတော့ ဆိုင်ကယ်နဲ့ဒေါက်တာရှိနေ တဲ့ ဟိုတယ်ကိုလာနေပြီ။ အစိစဉ်တွေအရ ဘုရားသွားမည်ပြီရင်ရွေတောင်ကြီမှာ ညစားစာမယ်ပြီရင် ချစ်တယ်ဆိုတဲ့ အကြောင်းကို ပြေားမယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ဒေါက်တာဇွဲသံဇဉ် ဖြစ်တဲ့ ညီလေးကို တစ်ခါမှ နုတ်ကချစ်တယ်ဆိုတဲ့အကြောင်းကို တရာဝင်ဖွင့်မပြေားသေးလိုဘဲ့။ နှစ် ကိုယ်တူ ချစ်မြတ်နိုးတဲ့ အပြုအမှုတွေပြနေကြပေမဲ့ နုတ်ကဖွင့်မပြေားဖြစ်ကြတာ ကြောင့်အစီအစဉ် ထဲမှာထည့်ဆွဲထား လိုက်တာလည်းဖြစ်သည်။ နောက် ညီဆီကို လာနေဘီဆိုတဲ့အကြောင်းရယ် အ ပြင်က စောင့်ဘို့ရယ်ကိုပေါ့။ နောက် ရွေတိဂုံပုံစံတူ ဘုရာကို တူတူသွားတဲ့အချိန်မှာ ညီလေးရဲ့ လက် ကို တစ်ချိန်လုံးစုတ်ကိုင်ထားမိတယ်။

ရာသိဥတုက အနည်းငယ်အေးမျှတဲ့ အချိန်ဖြစ်နေတဲ့ အတွက် ညီက အနွေးထည်ထူထူဝတ် ထားတာကို သဘေားမကျဖြစ်နေတယ်။ ဘာကြောင့်လည်းဆိုတော့ မိုးသဲတဲ့ နေတစ်နေမှာ ကျွန်တော် ရင်ခွင်ကို ကြောက်လန့်တကြား ဖက်တွယ်ခဲ့တဲ့ ရင်ခွင်နွေးနွေးလေးကို သတိရမိလိုပါဘဲ။နောက်ဘုရာ ကိုတူတူဖူးပြီတော့ ထမင်းစားကြတော့လည်း စားတောင်မ၀င်ဘူးဗျာ။ ညီလေးရဲ့ မျက်နာကို ကြည့်မ၀ ဖြစ်နေရလို။ နောက် ထမင်းစားပြီ ဟိုတယ်ကို ပြန်လာလာတဲ့ လမ်းမှာတော့ ကျွန်တော် ဒေါက်တာကို တစ်သက်တာအတွက် မြတ်နိုးပြီချစ်နေတယ်ဆိုတဲ့ အကြောင်းကို ဖွင့်ပြေားလိုက်တော့ ညီက ကျွန် တော်ကို အစ်ကိုသဘေားပါဗျာလိုပြေားပြီတော့ ကျွန်တော် လည်ပင်လေးကိုဖွဖွလေး လာနမ်းတယ်။ ဆိုင်ကယ်စီနေရင်းကနေ လေထဲကို လွင့်တက်သွားသလိုခံစားလိုက်ရတယ်ဗျာ။ လေားကမှာ အသာ ယာဆုံး အကြည့်နူးဆုံး တွေက ကျွန်တော်ထံတော်ပါးကို ခ ဆင်းလိုလာနေပြီလေ။



နောက်ဟိုတယ်ရောက်တော့ အ၀တ်လဲ ခဏနားပြီတော့ ကုတင်ထက်မှာ နေရာယူနေပြီဖြစ် သည်။ ညီလေးဒေါက်တာကတော့မပြေားတတ်ဘူးကျွန်တော်ကတော့ တော်တော်ပျော်ရွင်နေတယ်။ ကိုယ်ကချစ်မြတ်နိုးရတဲ့ ချစ်သူလေးကလည်း ကျွန်တော် နေမင်းခဘေးမှာ ရောက်နေလေပြီလေ။ ချစ်သူအနားမှာ ရှိနေတဲ့ခဏတာ အချိန်မှာ ဘယ်အရာကိုမဆို ရင်ဆိုင်နိုင်ဘို့ အဆင်သင့်ဖြစ်နေလေ ပြီ။ ကျွန်တော်ဘေးမှာ ခွေခွေလေး အိပ်နေတဲ့ ညီလေးကို ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်အောင် စွဲ လှည့်လိုက်တဲ့ အခါမှာ မျက်နှာနှစ်ခုက အလွန်းနီကပ်စွာဖြစ်နေလေပြီ။ နောက် ညီလေးဇွဲသံဇဉ်ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ နုတ်ခမ်းထက်ကို ကျွန်တော်နုတ်ခမ်းတွေနဲ့ မိတ်ဆက်ပေးမိပြီနေပြီ။ ရင်ဘတ် တစ်ခုလုံးကလည်း တစ်အားကိုမြန်ဆန်စွာ ခုန်နေတယ်။


နှစ်ယောက်စလုံးရဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းတွေကိုသဘာဝအတိုင်း မြင်ရလောက်တဲ့ အ တိုင်းအတာ လောက်အထိ အချစ်ကြေားမှာ စီမျေားလိုက်ကြတယ်။ ကျွန်တော်ကိုတင်းတင်းဖက်တွယ် ထားတဲ့ ဒေါက်တာလက်တွေကလည်း ရင်ခွင်နှစ်ခုကို တစ်သားထဲဖြစ်နေစေတယ်။ တစ်ခါတစ်ခါကြည် နှူးမှု့ အထွဋ် အထိပ်ကို ရောက်တဲ့ အချိန်တွေဆိုရင် အရင်ကထဲက ဒီလိုသာယာအောင် မနေခဲ့မိခြင်း ကိုနောင်တရနေမိတယ်။ အရာအားလုံကိုပြီပြည့်စုံတဲ့ အခြေနေလေးတစ်ခုကို ဖန်တီနိုင်ဘို့ ကျွန်တော် ကြိုးစားနေမိတယ်။ ဟိုတယ်အခန်းမီးရောင်အောင်မှာ မျက်ဝန်ကို တင်းတင်းမှိတ်ပြီ လက်နှစ်ဖက်က မွေ့ယာ အခင်းတွေကို တင်တင်းဆုတ်ကိုင်ထားတဲ့ ညီမျက်နာလေးကို ကြည့်မ၀ဖြစ်နေတယ်။ နောက် ညီနုတ်ခမ်းတွေနဲ့ လည်တိုင်နှုနှု့တွေကို ကျွန်တော်နုတ်ခမ်းလေးနဲ့ ကြည့်နူးစွာနမ်းရှိုက်လိုက်တယ်။ပြီး တော့ ညီရင်ဘတ်တွေကို လွတ်လပ်စွာ ကိုင်တွယ်ပြီး ချစ်ခရီကို အစပျိုးတော့မယ် အချိန်မှာ မမျှော် လင့်ထားတဲ့ အရာတစ်ခုကို ဒေါက်တာဇွဲသံဇဉ်ဆီက ရရှိလိုက်တယ်။


ဒေါက်တာဇွဲသံဇဉ်ရဲ့ မှေးမှိတ်နေတဲ့ မျက်ဝန်းအစုံက စိမ်းကားစွာဖွင့်ကြည့်လာပြီ ကျွန်တော် ရင်ဘတ်ကို တွန်းပြီတော့ You are a gay လိုပြေားလာတယ်။ ကျွန်တော် ခေါင်းတစ်ခုလုံး အိုးထိန်း စက်တစ်ခုလို ခြာခြာလည်လာတယ်။ ကျွန်တော်မယုံနိုင်ဘူ ဒီလိုစကားမျိုးကို ကျွန်တော်ချစ်တဲ့ ကျွန် တော် ညီပါစပ်က ထွက်ပေါ်လာတယ်ဆိုတာကို။ ကံကြမ္မာရယ် ရက်စက်လှချေလာဗျာ။ ကျွန်တော် လည်း ဒေါက်တာ ဇွဲသံဇဉ်ရဲ့ မျက်ဝန်းကို သေချာစိုက်ကြည့်ပြီတော့ ပြေားပါညီ အစ်ကိုခင်ဗျားဟာ အ ခြောက်တစ်ယောက်လို ရဲရဲကြီးပြေားလိုက်စမ်းပါကွာ။ငါဘ၀ ငါရည်မှန်းချက် ငါမျှော်လင့်ချက်တွေကို ရက်စက်တဲ့စကားတစ်ခွန်းနဲ့ မင်းပြေားရက်လိုက်တာလို့ ကိုယ်အမှတ်မထားပါဘူးညီ။ ညီပျော်မယ်ဆို ကြိုက်နှစ်သက်တဲ့ စကားလုံး အသုံးနှုံးတွေကို သုံးစွဲပြီတော့ ပြေားဆိုနိုင်ပါတယ်လိုပြေားပြီ ကျွန်တော် အ၀တ်တွေကို ပြန်ဝတ်နေတယ်။ ကျွန်တော်မျက်ဝန်တွေကလည်း ရီဝေနေပြီဗျာ။ သာဘာဝ ကိုလွန် ဆန်စွာ ဖြစ်တည်မိတဲ့အတွက် နှလုံးသားတစ်ခုလုံး ကြေကွဲရမယ်ဆိုရင်လည်း ကျွန်တော်ရင်အကွဲခံ လိုက်ပါတယ်။ ညီပျော်နိုင်မယ်ဆိုရင်ပေါ့ဗျာ။



အ၀တ်တွေကို အားလုံးပြီပြည့်စုံအောင်ဝတ်ပြီနောက် ညီကိုကြည့်လိုက်တော့ ကျွန်တော်မျက် ၀န်းတွေကို ရှောင်ဖယ်နေတယ်။ကျွန်တော် ဘယ်အရာကိုမှ ကျွန်တော် အတ္တတစ်ခုအတွက်နဲ အချစ် ဆိုတဲ့ အရာကို တိုက်ရိုက်အချိုးကြအောင် ကျွန်တော်ချိန်မထိုးချင်ဘူး ချစ်ညီလေးရေ။ တစ်ကယ်လို နေရာတစ်ခုအတွက် (သို့မဟုတ်) သိက္ခာတရားတစ်ခုအတွက် ကိုယ်အချစ်တွေကို ညီဥပက္ခာပြုခဲ့တယ် ဆိုရင်လည်း ချစ်တတ်တဲ့ ကိုယ်နှလုံးသားတစ်စုံကို ကိုယ်မြတ်နိုးစွာ အစတေးခံ သွားမဲ့ ဌက်ခါးတစ်ကောင်ပါ။

ကျွန်တော် ဆိုင်ကယ်သော့ကို ယူပြီတော့ ညီမျက်နာကို နုတ်ဆက် အနမ်းလေးတစ်ခုပေးပြီ ညီ မင်းချနှင်းသွားတဲ့ အရာတွေက ကိုယ်မျက်ရည်တွေကိုဖြစ်တည်လာစေမဲ့ အချစ် တွေဘဲညီလို ပြေားပြီ အခန်းထဲက ထွက်လာခဲ့တယ်။ အဆောင်ကို အပြန်လမ်းတစ်လျှောက်မှာ လွမ်းဆွတ်ခြင်း အလိုမကျခြင်းတွေ နဲ့ သိက္ခာတရားတွေကို ဌက်ခါးတစ်ကောင်ရဲ့နှောင်ကြိုး မဲ့ပျံသန်းမှု့တွေနဲ့ အတူ ညီအတွက်ပေးဆပ်ခဲ့တယ်ဆိုတာကိုများ ညီတစ်ယောက်သိခဲ့မယ်ဆိုရင်။။။။။။။။


နေမင်းခ
 

3 comments:

  1. ကျွန်တော် မျှဝေခံစားပေးခြင်တယ် ကိုနေမင်းခ လိုအပ်ရင်

    ReplyDelete
  2. mdyက လိုးချင်တဲ့သူများ
    phctevery24@gmail.comကို အပ်ပေးပါနော်

    ReplyDelete
  3. mdyက လိုးချင်တဲ့သူများ
    phctevery24@gmail.comကို အပ်ပေးပါနော်

    ReplyDelete