Monday, March 24, 2014

Circumcision ပန်းငုံနေသူ မိန်းမယူလို့ ရပါသလား


Circumcision အကြောင်းသိချင်ပါတယ်။ အချိန်ရရင် ဆွေးနွေးစေချင်တယ်။ ကျနော်ဟာ၂၉ နှစ်ရှိပါပြီး။ လိင်တံထိပ်ဖူး Foreskin ကွယ်နေတာကြောင့် ထိပ်ကို မွေးကတည်းက မမြင်ဖူးပါဘူး။ ဆီးသွားရရုံ အပေါက်သေးသေးပဲ ရှိပါတယ်။ လူစဉ်မမှီသလို ခံစားမိပါတယ် ကျနော်ဟာ အခြောက်တော့ မဟုတ်ပါ။ အများအားဖြင့် အခြောက်တွေ ဖြစ်လေ့ရှိတယ် ပြောကြလို့ပါ။ လိင်ဆက်ဆံရ-မရ သိချင်ပါတယ်။ လာမယ့်နှစ်မှာ လက်ထပ်ဖို့လဲ ရှိနေပါတယ်။ Masturbation တော့ လုပ်လို့ရပါတယ်။ မဖြတ်ပဲ လိင်ဆက်ဆံရင် နာကျင်ပါသလား။ ဒါမှမဟုတ် Feeling ကော ရှိနိုင်ပါသလား။ Circumcision လုပ်ရင် နောက်ကျပါသလား/ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက လုပ်ချင်ပေမယ့် ရှက်တာနဲ့ မလုပ်ဖြစ်ဘူး။ အနာကျက်ဖို့ အချိန် ဘယ်လောက် ယူရပါသလဲ။ အလုပ်တဖက်နဲ့မို့ပါ။ ကောင်းကျိုး-ဆိုးကျိုး သိချင်ပါတယ်။

စိုးရိမ်စရာမရှိပါ။ အိမ်ထောင်ပြုနိုင်ပါတယ်။ ငယ်ငယ်က မပြင်ခဲ့ရလို့ပါ။ အခုလည်း ပြင်ပေးလို့ရပါတယ်။

(မာစတာဘိတ်) လုပ်လို့ မနာသလိုဘဲ နာမှာ မဟုတ်ပါ။ ကလေးရဘို့လည်း မထိခိုက်ပါ။ အခြောက်တွေလိုလည်း မဟုတ်ပါ။ စိတ်ပိုင်းကိုလည်း မထိခိုက်ပါ။ ခံစားမှုမှာတော့ နည်းချင် နည်းနိုင်တယ်။ ကိုယ့်အတွက် ပြောတာပါ။ ဒါလဲ သီအိုရီအရသာ ပြောတာ။ အဲလိုဖြစ်နေတဲ့ မြာပွေသလား မမေးနဲ့ဆိုသူ တယောက် တွေ့ဘူးတယ်။ အနာကျက်ဘို့ ၅-၇ ရက်သာ ကြာမယ်။ မဖြေရတဲ့ချုပ်ရိုးလည်း သုံးချင် သုံးနိုင်တယ်။ ဆက်ဆံဘို့တော့ ၂ ပါတ်ထက် မစောလေ ကောင်းလေးပါ။

အခုအရွယ်မှာ ပြင်ရတာ ငယ်သူတွေနဲ့ မတူတတ်ဘူး။ ကပ်နေတာတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပေးရအုံးမယ်။ အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်ကို အားကိုးပါ။

Dr. တင့်ဆွေ

No comments:

Post a Comment