Saturday, March 22, 2014

မှော်

ဒီနေ့သည် ကျွန်တော်အလုပ်စတင်ဝင်ရောက်သော နေ့ဖြစ်သည်။ ထိုကြောင့်စတစ်အကျီလည် ကုတုံးနှင့် ကချင်ပုဆိုးကို ခပ်မိုက်မိုက်ဝတ်ထားလေသည်။ ဆိုင်ကယ်ကိုဆီတစ်ချက် ကြည့်ပြီးနောက် ကျွန်တော်၏ ရုံးသွာရန်အစပြုခြင်းသည် အားလုံးပြည့်စုံလေသည်။ မိမိကိုယ်ကို တစ်ချက်ကြည့်ပြီး မှန် တွင်ပေါ်နေသော မျက်နှာကိုကျေနပ်သောကြောင့် ခပ်လွင့်လွင့်အပြုံးတစ်ချက်ကိုပြုံးလိုက်သည်။ အား လုံးမိုက်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် မှော် ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။



အချိန်က မနက်ကိုနာရီိတိတိတွင် ရုံးအဆောင်ဖြစ်သော ဘူးကွဲမှ စတင်ထွက်လေသည်။ဆိုင် ကယ် တစ်ဆယ်ငါးမိနစ်စီးယုံမျှဖြင့် ကျွန်တော်အလုပ်လုပ်သော ရုံးသို့ရောက်ပေမည်။ ဆိုင်ကယ်ကို ဟန်ပါပါစီးပြီး ရုံးသို့ဆိုင်ကယ်ဖြင့်လာသော အခြားမိန်းမပျို နုနုလေးများကိုလည်း မျက်စီအစာကျွေး နေသည်။ဒိလိုနဲ့ကျွန်တော် ရုံးကိုရောက်တော့ အလုပ်လုပ်ရမည့် စာပွဲကို စာရေးမလေးတစ်ယောက် လိုက်ပို့လေသည်။ ခုမှစတင် အလုပ်စ၀င်တာဖြစ်ပေမဲ့ ကိုယ်အိမ်ကိုယ်ရာကို ရောက်နေသလိုခံစားရ တယ်ဗျ။



ရုံးချိန်နည်းနည်းလောက်ကျော်တော
့ ကားတစ်စီးရောက်လာတယ်။ပြီးတော့ကာပေါ်က အရာ ရှိတစ်ယောက်ဆင်းလာတဲ့ အချိန်မှာ စာေ၇းမလေးတစ်ယောက်က မှော် အဲ့တာ မင်းဆရာလိုပြေား တယ်။ သေချာကြည့်လိုက်တော့ အသက်က ၄၀ ၀န်ကျင်လောက် အသားဖွေးဖွေးနဲ့ခပ်ဖြောင့်ဖြောင့် လူတစ်ယောက်ကိုတွေ့လိုက်တယ်။ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်မှ ရှိုးပြီးတော့ သူအခန်းထဲကို တန်း ၀င်သွားတယ်။ နောက် ကျွန်တော် ဂျူတီရီပို့ကိုသွားတင်တော့ အခန်းအ၀င်ဝမှာ ကတီပါဖိနပ် ဆင် ဆွယ်ရောင်လေး တစ်ရံ ချွတ်ထားတယ်။



ဒီဖိနပ်လေးကိုမြင်တော့ အိမ်က ဖေဖေကိုသွားသတိရတယ် ဖေဖေကလည်း ဒိလိုဖိနပ်ကို အမြဲ စီးလေ့ရှိတယ်လေ။ဂျူတီရီပို့တင်ေ
တာ့ တစ်ချက်ကြည့်ပြီး သွားလို့ရပိ အလုပ်ကိုသေချာဂရုစိုက် မှော် လိုမှာခဲ့လေသည်။ ကျွန်တော် ထိုလူကြီးကို မြင်လိုက်ရတဲ့ အခါမှာ ရင်ထဲမှာတစ်ခုခုဖြစ်သွားတာသေ ချာတယ်ဗျ။ ကျွန်တော်က ကျောင်းမှာကထဲက ကိုယ်ကိုယ်ကို BI ဆိုတာကိုသိတယ်လေ။ ဒါပေမဲ့ ဆရာသမားဆိုတော့ ဆင်ချင်ရမယ်လို့တန်ပြီးသတိထားလိုက်တယ်။



ကျွန်တော်နေရမဲ့ အခန်းကိုပြန်ရောက်တော့ ခပ်ပြုံးပြုံးနဲ့ အလုပ်ကို ဂရုစိုက်ဖို့မှာလိုက်တဲ့ ဆရာ မျက်ဝန်းတွေကို သတိရနေတယ်။ဆ၇ာကိုတွေ့လိုက်တဲ့ အခါမှာ အရင်ကပတ်သက်ခဲ့ဖူးတဲ့ လူတစ် ယောက်လိုစိတ်ထဲမှာဖြစ်မိတယ်။ ဒီလိုနဲ့ နေခင်းပိုင်းရောက်တော့ ကျွန်တော်နဲ့ရာထူးတူ တစ်ယောက် ကို ဆရာနာမည်မေးကြည့်မိတယ်။



ကျွန်တော်တော်တော်အံသြသွားတယ်။
ဆရာနာမည်ကလည်းကျွန် တော်နဲ့တူတယ်ဗျ။ ကျွန်တော်က မှော်တစ်လုံးထဲ ဆရာနာမည်က မှော်သခင်တဲ့။ ဘယ်လောက်ဂန္ဓ၀င် ဆန်သော အမည်ပါလဲဗျာ။



ဒီလိုနဲ့ဘဲ ရုံးဖွင့်ရက်တွေမှာ ဆရာကို ခိုးကြည့်ပြီး ရင်တွေခုန်ခဲ့ရတယ်။ ဆရာကတော့ ကျွန် တော်ကို ဆရာတပည်ဆက်ဆံရေးထက်မပိုတဲ့ အကြည့်တွေနဲ့ဘဲ အမြဲနေတတ်တယ်။တစ်ရက်မှာ ၀န် ကြီးခရီစဉ်ရှိလို့ အလုပ်တွေများနေတဲ့အချိန် ဆရာက မှော်က ကျွန်တော်ကိုခေါ်ပြီး မှော်လေးတဲ့အလုပ် တွေများနေတယ် ညနေပိုင်းအချိန်ပိုနေပေးတဲ့။ ကျန်တဲ့သူတွေက အိမ်ထောင်သည်တွေများတော့ ပြန် ပလေ့စေတဲ့။ အပြန်ကို မင်းကို ကိုယ်ပြန်လိုက်ပို့ပေးမယ်တဲ့။



ရင်ထဲမှာတော်တော်ပျော်သွားတယ် အလုပ်ချိန်ပြီးတဲ့ အပိုချိန်ဆို ဆရာအခန်းမှာနေပြီးအနည်း ဆုံး အပြုံမျှမျှလေးထက်က သွားတက်လေးကိုတော့ မြင်ခွင့်ရတော့မယ်လေ။ နောက်ပြီး ကိုယ်သင်းနံ မွေးမွေးလေကိုလည်းကျွန်တော် ရှူရှိုက်ခွင့်ရတော့မှာသေချာတယ်
။ ဒီလိုနဲ့ ညနေပိုင်းရောက်လာတယ် ရုံးဖယ်ရီကလည်း ပြန်သွားပြီ။ ဆရာက လိုက်ပို့မယ်ဆိုပြေားတာ ဒီနေ့ကျွန်တော်က ကပ်စီးကုတ်ပြီးရုံး ကိုဆိုင်ကယ်မစီဘဲ ဖယ်ရီနဲ့လာတာကိုသိနေတယ်ထင်တယ်။



အပိုအလုပ်ချိန်တစ်ခုလုံးမှာ ဆရာနာမှာပူကပ်စွာနေခွင့်ရလိုက်
တဲ့ အချိန်လေးတွေ အရမ်းပျော် ဘို့ကောင်းတယ်ဗျာ။ ညနေ ၇ နာရီကျော်လောက်တော့ အလုပ်တွေလက်စသပ်နေတုန်းဆရာက မှော်လေး ထမင်းသွားစားမယ်ပြီးမှ အဆောင်ပို့ပေးမယ်လို့ပြေားလာတယ်။ ရပါတယ် ဆရာအဆောင် ရောက်မှဘဲစားပါတော့မယ် ခင်ဗျ လိုပြေားလိုက်တာကိုဆရာက လာပါကွာအားနာမနေနဲ့ မင်းကူညီ လို့ ကိုယ်လည်းအဆင်ပြေသွားတာ မဟုတ်ရင်တော်တော်နဲ့ပြီးမှာမဟုတ်တော့ဘူဆိုပြီး သပြေကုန်က မေားခမ်းနွံ တောင်ပေါ်ဆိုင်သို့ ခေါ်သွားတော့တယ်။



ဆိုင်ရောက်တော့ သောက်တယ်မို့လားလိုမေးလာတာကို ခေါင်းညိပ်ပြလိုက်တော့ဆရာက Double Black တစ်လုံးမှာလိုက်တယ်။ ပြီးတော့နှစ်ယောက်သား အကင်အစုံနဲ့စွဲကြတော့ပေါ့ဗျာ။
ဆရာ က မင်းဖေဖေနေကောင်းလာမှော်လို ဗြုန်းဆိုင်းကြီးမေးလာတယ်။ ဟုတ်နေကောင်းတယ်ဆရာ။ဆရာ ကဖေဖေကိုသိလို့လားလိုမေးတော့ သိတာပေါ့ကွာ။ မင်းဖေဖေနဲ့ကအရင်းနီဆုံးတွေလိုပြန်ပြေားတယ်။ နေကောင်းတယ်ဖေဖေက မေမေကတော့ဆုံးသွားပြီဆရာဆိုတော့ အော်မနွယ်တောင်ဆုံးရှာပြီကို ဟု ဆရာက တမ်းတမ်းတတပြေားလေသည်။



ဆရာသည် ကျွန်တော်အား အသားဖတ်နှင့်အခြားသောအရာများကို စားလျှက်ကပင် ထည့်ပေး လေသည်။ ဆရာအနေဖြင့် အမှတ်တမဲ့ဖြစ်သော်လည်းကျွန်တော်
သည်ထိုအပြုမူများအတွက် များစွာ ပျော်ရွင်မိလေသည်။ထိုသိုဖြင့် ဆရာအဆောင်တွင်လိုက်အိပ်ရန်အကြောင်းဖန်လေသည်။ အဘယ် ကြောင့်ဆိုသော် ဆရာသည်တော်တော်အောင်သောက်နေတဲ့ အပြင် အပြန်ကားမမောင်းနိုင်သော ကြောင့်ပင်ဖြစ်သည်။ ဒီလိုနှင့်ကျွန်တော်သည်ဆရာ အခန်းထက်က အိပ်ယာပျော်တွင်တစ်ညတာ အိပ် ခွင့်ရခဲ့လေသည်။



ဆရာအဆောင်က ကျောက်မျက်ရုံးရှေ့ရှိ ကံကော်ဆောင်တွင်ဖြစ်သည်။ တတိယထပ် ရှိအခန်း တစ်ခုလုံးဆရာအခန်းဖြစ်ပြီ သပ်ရပ်ခန့်ငြားလှသည်။ ဆရာပြေားသော တိုက်ကိုရောက်တဲ့အခါ ဆရာ မူးနေသဖြင့် ကျွန်တော်သည်ဆရာအား အနည်းငယ် ဟန်အပျက်အောင်တွဲခေါ်လာလေသည်။တော
် သေးသည် လူကြီးခရီစဉ်က တနင်္လာနေ့ ဖြစ်ပြီး ဒီနေ့ကသောကြာနေညဖြစ်နေခြင်းသည် ကျွန်တော် တို့သက်သာရာရသွားလေသည်။



အခန်းကိုရောက်တဲ့ အခါမှာ ဆရာကိုကုတင်ပေါ်တင်လိုက်သည်။ပြီး
နောက် အခန်းထဲရှိအ၀တ် အစားများကိုရှာကြည့်တော့ ည၀တ်အကျီကိုတွေ့လေသည်။ ထိုနောက်ဆရာကို ည၀တ်အကျီလဲပေး ရန်ကျွန်တော်စတင်ကြိုးစာလေတော့သည်။ဆရာအကျီးကို ချွတ်လိုက်တဲ့ခဏမှာ လေားကြကြီးနှင့် ကျွန်တော်ခဏ အဆက်သွယ်ပြတ်မလိုတောင်ဖြစ်သွားမိသည်။ တောင့်တင်လှသော ကိုယ်နှင့် အသား အရေသည် ကျွန်တော်စိတ်ကိုမရိုးမရွဖြစ်စေသည်။ ထိုကြောင့်ကျွန်တော်သည် အမြန်ဆုံးအ၀တ်လဲ ခြင်းကို အဆုံးသတ်လိုက်ရသည်။ထိုသို့မဟုတ်လျှင် မှော်ကိုယ်စိတ်ကိုထိန်နိုင်မည်မဟုတ်ပေ။



ညအိပ်ချိန်သို့ရောက်လာသောအခါတွ
င် မှော်အတွက်ပြသ၁နာ အနည်းငယ်ရှိလာလေသည်။ ထိုအကြောင်းရာမှာ ဆရာကလည်း မူနေသည်။ ကျွန်တော် ဘယ်နေရာတွင် အိပ်ရမည်မသိဘဲဖြစ်နေ လေသည်။ ဆရာနှင့်အတူလည်းအိပ်လို့မဖြစ်ပေ။ထိုသို့ကိုယ်ဆရာသမားနှင့် အိပ်ရန်လည်းကျွန်တော် မ၀ံမရဲဖြစ်မိသည်။ထိုကြောင့် စောင်တစ်ထည်နှင့် ခေါင်းအုံးစရာ ဆရာပုဆိုးသုံးထည်ကိုယူပြီး တော် ဆရာကုတင်ဘေးမှ ဖျာထက်တွင်အိပ်လိုက်လေသည်။



ညဉ့်ဦယံလောက်တွင် မိုးတွေရွာလာလို့ထင်သည် အနည်းငယ်ချမ်းလာလေသည်။ ထိုသို့တွေး နေမိသောအချိန်တွင် အခန်းမီဖွင့်သံကို ဂျောက်ကထဲကြားလိုက်ရသည်။ ဆရာအပေါ့စွန်သွားသည် လို့ တွေးပြီးပြန်အိပ်ရန်ဆောင်ကို တင်းတင်းခြုံလိုက်သည်။ခဏနေတော့ အားဒီကလေး ကုတင်အကျယ် ကြီးကို လာအိပ်တာမဟုတ်ဘူ အောက်မှာအိပ်နေတယ် ထထမှော် အောက်မှာအိပ်နေတယ်။ မိုးကအေးပါတယ်ဆို အအေးပတ်ကုန်တော့မယ်ဆိုပြီးနိုး
တယ်ဗျ။ အဲတာနဲ့ ကျွန်တော်လည်းထပြီး တော့ ကုတင်ပေါ်သွားအိပ်တယ်။ အိပ်ရမှာတောင်ရင်ခုန်းလွန်းလို့ ဗျာ။ ဆရာကိုယ်သင်နံတွေက အိပ် ယာတစ်ခုလုံးမှာစွဲထင်နေတယ်။



ဒီလိုနဲ့ပဲ တစ်ညတာကို ဆရာနဲ့တူတကွဖြတ်သန်းခဲရလေသည်။ မနက်မိုးလင်းတော့ အဆောင် ကို ဆရာပြန်လိုက်ပို့တဲ့ အချိန် ဆရာမျက်နာမှာ အမည်ဖော်ပြလို့မရနိုင်တဲ့ မျက်နာထားတစ်မျိုးကိုတွေ့ လိုက်ရတယ်။ အဲအပြုံးကိုကျွန်တော်မကြိုက်ဘူ
းဗျာ။ အဆောင်ရောက်တော့နုတ်ဆက်ပြီးပြန်သွားတဲ့ ဆရာကို ကြည့်ပြီး လွမ်းရပြန်အုံးမှာပေါ့ ရုံးပိတ်ရက်နှစ်ရက်ကို ဆရာရယ်လို့ တွေးနေမိတယ်။ အဲအချိန် မှာ အိမ်ကဖားသားကြီးဖုန်းဝင်လာတယ်။ သားငယ်ထပြီလာ။ဘာလုပ်နေလည်း။ဘာစားပြီပြီလည်းပေါ့။



သားအဖနှစ်ယောက်စကားတစ်ပြေားပြော
းနဲ့ ပြေားရင်နဲ့ ညကအရက်သောက်တဲ့ အကြောင်း ရောက်သွားတယ်။ပြီးတော့ ဆရာမှော်သခင်က အဖေကိုသိတယ်ဆိုတာလည်းပြေားလိုက်ရေား အဖေ ဘက်က စကားသံတွေ ခဏတာတိတ်ဆိတ်သွားတယ်။ပြီးတော့ အင်းသားတတ်နိုင်သလောက်သီခံပါ။ ဘယ်အရာကိုဘဲဖြစ်ဖြစ် သားဆရာမှော်ပြောလာရင်လက်ခံ။ တစ်စုံတစ်ခုကြောင့်သားနာကြင်ခံစားရ တယ်ဆိုရင် အဖေမျက်နှာကိုမြင်ယောင်ပြီးသီခံပေးပါ လိုပြေားလာတယ်။



ဟုတ်အစ်ဖေသားသီခံမှာပါ အရာတိုင်းကိုပေါ့ဆိုတော့ အင်းသားရယ် တစ်ချိန်က မင်းဆရာက နာမည်ကြီးပေါ့ သူရဲ့ အပြုံးတစ်ချက်နဲ့ စွဲလမ်းခဲ့တဲ့သူတွေအရမ်းများတော
့ မာနလည်းကြီးတယ်။ ပညာ ကလည်းတတ်တော့ အဲကတဲက ဆရာကြီးလို့ပြေားပြီးဖုန်းချသွားလေသည်။ထိုနောက်ပိုင်းတွင် ဆရာ သည်ကျွန်တော်ကိုပိုမိုနီးကပ်စွာ ဆက်ဆံလေသည်။ ထိုသို့အနီးကပ်နေလို့ရအောင်လည်း ကျွန်တော် ကိုသူ၏ ကိုယ်ရေးအရာရှိအဖြစ်ခန့်အပ်လိုက်သောကြောင့်ပင်ဖြစ်သည်။



ဒီလိုနဲ့ အချိန်တွေဟာ ရာသိစက်ဝန်းမှာ ပြောင်းလဲခဲ့လေသည်။ ကျွန်တော်သည်လည်း ဆရာ ၏အရိပ်တစ်ခုပမာဖြစ်ခဲ့ပြီ။ အချိန်တိုင်း နေရာတိုင်းနှင့် ဆရာ၏ အဆာင်သည်ပင်ကျွန်တော် စားအိမ် သောက်အိမ်နှင့် ပျော်စရာဘုံလေးတစ်ခုဖြစ်ခဲ့သည်။
တစ်ရက်မှတ်မှတ်ရရ ကျွန်တော်အသက် ၂၀ ပြည့် သော တစ်ရက်တွင် ဆရာသည်ကျွန်တော်ကိုမွေးနေ့လက်ဆောင်ပေးမည်ဟု ပြေားပြီ သူ၏အဆောင် သို့ခေါ်လေသည်။



ကျွန်တော်လည်းအဖေထံဖုန်းဆက်ပြီး
ကြွားမိလိုက်သေးသည်။ ထိုအခါ မှော်အဖေ က သားအရားအားလုံးကို လက်ခံနိုင်အောင်ကြိုးစာပါ။ ဘယ်အရာဘဲဖြစ်ဖြစ်လက်တုန့်မပြန်ပါနဲ့လို့ ထပ်မှာလေသည်။ ထိုသို့ပြေားကြားသည်ကို ကျွန်တော်မည်သို့ဆိုလိုသည်မှန်းမသိပေမဲ့ လက်ခံခဲသည်။



အသက်နှစ်ဆယ်ပြည့်သော ညတစ်ညရဲ့ နူးညံခြင်းတွေက ကျွန်တော်ထံရောက်ရှိလာလေ သည်။ ဆရာမှော်သခင်သည် ကျွန်တော်ကို မွေးနေ့လက်ဆောင်အဖြစ် လက်ဆောင်တစ်ခုကို ထူခြား စွာပေးခဲ့သည်။ထိုလက်ဆောင်၏ စွဲမက်မှု့များသည် ကျွန်တော်နုတ်ခမ်းဖြားထက်တွင် စွဲထင်နေခဲ့ လေသည်။နူးညံသော စွဲမက်ဖွယ်ကောင်းသော တမ်းတရန် အဆင်သင့်ဖြစ်နေသော ရင်ခွင်ထက်တွင် တခဏတာခိုလုံခွင့်ရရှိခဲပြီးနော
က် ရနံသင်းသော အိပ်ယာထက်တွင် နှစ်ကိုယ်တူအိပ်စက်ခဲ့သည်။



ထိုသို့ဖြင့် ကျွန်တော်မှော်သည် ဆရာမှော်သခင်၏ မာယာမြိုင်တေားမှ လမ်းပျောက်ခြင်းကို ပျော်ရွင်ခဲ့ရလေသည်။အချစ်သည် တစ်စုံတစ်ခုမှ ထူးခြားစွာစီးဆင်သွားပြီဆိုလျှ
င် ထိန်းသိမ်းရန်အလွန် ခက်ခဲလေသည်။ထိုကြောင့်လူမြောက်များစွာသည် အချစ်ရေစီကြောင်းတွင် ရူးရူးမိုက်မိုက် ပျော်ဝင် ကြလေသည်။ ထိုအရာကို အချစ်သီသန့်ဟုခေါ်ဆိုလျှင်လွန်မည်မထင်ပေ။



အသက်နှစ်ဆယ်ပြည့်ပြီးသည့်နောက်
ပိုင်းတွင် လေားကဓံ၏ ပြောင်းလဲခြင်းများစွာကို ကျွန် တော်မှော်လက်ခံရရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာသည် ကျွန်တော်ကို ကိုယ်ရေအရာရှိ နေရာမှ မူရင်းဌာနသို့ပြန်ပို့လိုက်သောကြောင့်ပင်ဖြစ်သည်။ ကျွန်တော်နေရာတွင် အခြားတစ်ယောက် အားအစားထိုးလေသည်။ အစားထိုခံလိုက်ရသော ထိုကောင်လေသည် ယခင်ကကျွန်တော်ရရှိခဲ့သော အခွင့်ရေးများစွာကို လက်ခံရရှိလေတော့သည်။ကျွန်တော်ဝမ်းနည်စိတ်တွေ တစ်ချိန်လုံးဝင်နေမိသည်။ ဘာကြောင့်များဆရာထိုသို့ပြုလုပ်သည်ကိုလည်းသိချင်နေသည်။



ခံစာရလွန်းလို့ရူးချင်နေလေသည်။ ဆရာကို သတိရစိတ်တမ်းတစိတ်တွေများစွာ
ဖြစ်နေသည်။ သိုသော် ဆရာသည် ယခင်းကနှင့်ခြားနာစွာ သူစိမ်းတစ်ယောက်ကဲ့သိုကျွန်တော်အားပြုမူလေသည်။ ထိုသို့ ခံစားရသောအခါတွက် ကျွန်တော်ဖခင်ပြေားသော ဒီနုတ်မခမ်းထက် စကားတွေကြောင့် ရူးသွပ် ခဲ့ရတဲ့ သူတွေ အများကြီးငါသားဆိုတာကို ပြန်ကြားယောင်မိတယ်။ ၀ဋ်ရှိသမျှတော့ ကြေအောင်ဆပ် တော့ မှော်တဲ့။



ထိုနောက်တွင် ဆရာ၏ဥပက္ခာတရားကို မျက်ကွယ်ပြုနိုင်ရန်အတွက်ကြိုး
စားနေရသည်။ထမင်း စားချိန်တွင်လည်း အဆုံမိတောင် ရုံးတက်ရုံးဆင်းချိန်များတွင်လည်းထိတ်တိုက်မတိုးမိအောင်ရှောင် မိသည်။ ထိုအပြင် ယခင်ရရှိခဲ့သော ဆရာမှော်သခင်ထံမှ နူညံမှု့များကိုလည်း သတိမရမိအောင် ထိန်း သိမ်းနေထိုင်နေမိသည်။



ထိုသို့လွမ်းဆွတ်ခြင်းကို ဖြေဖြောက်ရန်အတွက် အရက်ကိုနေစဉ်ရက်စက် သောက်မခြင်းသည်ကျွန်တော် လွမ်းဆွေးခြင်း၏ အမှန်တရာပင်ဖြစ်ပေသည်။ ထိုသို့နေစဉ်ရက်စက် သောက်ပါများသော အခါကျွန်တော်သည် အရင်ကလို့ လန်းဆန်းတက်ကြွနေသောလူငယ်အဖြစ်
မှ ပေစုတ်စုတ်အရက်သမားပေါက်စပုံစံဖြစ်ပေါ်နေလေသည်။





၇ုံးမှလုပ်ဖော်ကိုင်ဖက်များက အကြောင်းတစ်စုံတစ်ရာရှိမှန်းသိေ
သ်ာလည်းမည်သည့် အကြောင်းဖြစ်မည်ကိုမူသေချာမသိသောကြောင့် ဝေဖန်ခြင်းမရှိပေ။ကျွန်တော်သည် အရက်ကိုအဖော် ပြုပါများသဖြင့် တစ်ရက်တွေ အစာအိသွေးကြေားပေါက်လေသည်။ထိုနေ့သည်ကျွန်တော်ဘ၀အတွက် အနာကြင်ဆုံး နေ့ရက်လည်းဖြစ်လေသည်။ကျွန်တော်ဆေးရုံတက်ရကြောင်းဖေဖေသိသောအခါ မန်းလေမှ ဖေဖေချက်ခြင်းဆင်လာလေသည်။



ထိုနောက် ဆေးရုံးသိုရောက်သောအခါကျွန်တော်
သည် အော်ပရေးရှင်းပင်ဝင်နေပြီဖြစ်သည်။ အော်ပရေးရှင်းပြီးဆုံးသောလို့ကျွန်တော်ကို အခန်းပြန်ပိုတဲ့အချိန် မှာ ကျွန်တော်အဖေပြာယာခတ်နေသည်။



ဆေးအရှိန်ကြောင့် ကျွန်တော်မနက်မှ သတိရလေသည်။ ထိုအချိန်တွင်အဖေ၏ ဖုန်းပြေားသံ ကို ကြားနေရသည်။ ဒီမှာမှော် မင်းလက်စားခြေချင်ရင် ငါကိုတိုက်ရိုက်လာခြေပါ ငါသားကိုတော့ ဒီ လောက်နဲ့ဘဲ ကျေနပ်ပေးပါကွာ။ ငါနဲ့နွယ်မှာဒီသားလေးတစ်ယောက်ဘဲ
ရှိတာ ဆုံးရှုံးသွားလို့မဖြစ်ဘူး။ ငါတစ်ကယ်ကိုတောင်းပန်တာပါ။ အတိတ်က အဖြစ်တွေမှာ မင်းကို နစ်နာစရာတွေ ဖြစ်ခဲ့ပေမဲ့ ဘယ် သူတစ်ဦးတစ်ယောက်ကမှ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ခဲ့ဘူးမှော်သခင်။ အဲဒီအတွက်မင်းပေ တဲ့ တုန့်ပြန်မှု့က အရမ်းပြင်းထန်လွန်းတယ်ကွာ။ တစ်ကယ်လို့သာ ငါသားလေး တစ်ခုခုဖြစ်ခဲ့ရင် မင်း ကိုငါကိုယ်တိုင် လာသတ်မယ်မှော်သခင်။ မင်းဟာ သူငယ်ချင်းစိတ်မထားတဲ့ အတ္တကြီးကြီလူတစ် ယောက်ဘဲ။



ငါသားကိုငါပြန်ခေါ်သွားမယ် ငါ့သာက ငါနဲ့တူတဲ့အတွက် မင်းကိုစိတ်ဝင်စာကောင်းဝင်စားလိ
မ့် မယ်။ ဒါပေမဲ့ငါထိန်းသိမ်းနိုင်ပါတယ်ငါသားကို မင်းရဲ့အရိပ် အသံ အပြုံးဘာမှ မရှိတဲ့ တစ်နေရာကို ငါ ပြန်ခေါ်သွားတော့မယ်။ အမှန်က ငါမှာတာပါကွာ အရင်ကမင်းငါပေါ်ထားခဲ့တဲ့ သံယေားဇဉ်လက်ကျန် တွေ ပေါ်မုန်းတီစိတ်ဖြစ်နေတဲ့မင်ကိုပြေပြောက်ပါစေဆိုပြီးတော့ ငါသားလေးကို မင်းနာကို တမင်ပို့ ထားတာ မင်းလုပ်ရက်တယ် မှော်ရယ်လို့ ဆက်တိုက်ပြေားနေတာကိုကြားလိုက်ရတယ်။



တော်တော်လည်းအံသြသွားသလို့ ဖေဖေနဲ့ ဆရာမှော်သခင်ကြားက ဆက်သွယ်မှု့ကိုလည်း နာလည်သွားတယ်။ အတိတ်ကဇတ်လမ်းတွေ ထိုသို့ရှိခဲ့ကြလေသောအခါ ဦမှော်သည်ကျွန်တော်ကို ယခင်ကမနိုင်ခဲ့သော တိုက်ပွဲအတွက် အနိုင်ပိုင်းလေပြီ။ ကျွန်တော်စိတ်မကောင်းပါဘူး။ ကျွန်တော် ကဦးမှော်ကိုတစ်ကယ်ချစ်ခဲ့မိတော
့ ဦးမှော်ရဲ့ မှော်ဆန်ဆန်အပြုံးတွေအောက်မှာ ပျော်ဝင်ခဲ့တဲ့သူပါ။





ကျွန်တော်ကိုဖေဖေကသူနင့်ဦးမှော
်စကားပြေားနေသည်ကို မကြားဘူးထင်ပြီး အခြားအကြောင်းအရာများကို ပြပြီး အလုပ်ထွက်ရန်ပြေားလေသည်။ကျွန်တော်သည် နောက်သုံးလ လောက်လုပ်ဦးမယ်ဖေဖေပြီရင်သားထွက်လာပါမယ်လိုပြေားတော့ဖေဖေက လျှော်လိုက်မယ်လျှော်စ ရာရှိတာ ဖေဖေဘ၀မှာ သားကလွဲရင် အားလုံးကိုရင်းရဲ့တယ်။ဒါဘဲသား သုံးလပြည့်ရင် ထွက်လာပါ သားထွက်မလာရင် ဖေဖေကိုယ်တိုင်လာခေါ်မယ်လိုပြေားပြီးနောက်ရက် ကျန်မာရေးကောင်းသောအ ချိန်တွင် မန်းလေးသို့ပြန်သွားလေသည်။ ကျွန်တော်သည်လည်း ရုံးခွင့်ရက်စေ့သဖြင့်ရုံးပြန်တက်နေပြီ ဖြစ်သည်။



သို့သော် ဖေဖေနှင့် ဦးမှော်သခင် ပြေားသောဇတ်လမ်းကို စိတ်ဝင်စားနေသည်။ တစ်ကယ် ဆိုကျွန်တော်က လက်စာချေခံလိုက်ရတာပေါ့ ဆရာမှော်သခင်ရယ် တော်ပါတယ်။ ဒီလိုကြောင့်လည်း မှော် ၀င်တဲ့ အပြုံးပိုင်ရှင်လို့ တင်စားခံရတာ။ ကျွန်တော်ဖေဖေပေ ဆပ်စရာရှိတဲအရာတွေ အားလုံးကို ကျွန်တော်ပေးဆပ်ပါမယ်။စိတ်ချပါ အရာအားလုံး ကိုအနိုင်ရပြီး ဦးမှော်စိတ်ချမ်းသာစေရမယ်။



ထိုသို့ဖြင့် ကျွန်တော်သည် အလုပ်ကို ဖေဖေတားနေသည့်ကြားမှ ၀င်ခဲ့သည်။ ဦမှော်သခင်နှင့်

ကိုယ်ရေးအရာရှိလေးတိုရဲ့ သွားလာနေထိုင်ပုံကိုမြင်တိုင်း ကျွန်တော့ကို တမင်းလက်ချာပေးနေမှန်းသိ နေလေတော့ အပြုံးမပျက်ခံယူရတော့တာပေါ့ဗျာ။ တစ်ခါတစ်ရံမှာ ကျွန်တော် ကိုပေးခဲ့တဲ့ ဦးမှော်အ ဆောင်မှာအိပ်ခွင့်တွေကိုပါ ထိုကောင်လေးကို ပေးနေမှန်းသိရတယ်။ အရမ်းရက်စက်တယ်လို့မပြေား ပါဘူးဦးမှော်သခင်ရယ်။ ဘ၀ဆိုတာ အချစ်နဲ့တိုက်ရိုက်မှ အချိုးမကျဘဲကိုဗျ။ ပေးဆပ်သူတို့က ထာဝရ ပေးဆပ်ရပြီး ပိုင်ဆိုင်လိုသူတွေက ထာဝရ မျှော်လင့်နေရတာ ဟိုမိုဘ၀ရဲ့ သီအိုရီဘဲလေ။ဒါကြောင့် မည်သို့ပင်ဖြစ်စေ ချစ်သည်။ မည်သည့်ခံစားချက်တွေကို ပေးစွမ်းသည်ဖြစ်သည်ချစ်သည်။ မည်သို့ လက်စားချေသည်ဖြစ်စေ မြတ်နိုးသည်။



အစာအိမ်သွေးကြေားပေါက်ပြီးကထဲက အရက်ထပ်မသောက်ဖြစ်သည်မှာကြာပြီ
ဖြစ်သည်။ည နေပိုင်းမှာ အလုပ်တစ်ခု မှားနေသဖြင့် ဦးမှော်သည် သူ၏ကိုယ်ရေးအရာရှိ ရှေ့တွင် နှစ်ပြားမတန် အောင်ပြေားလေသည်။ ဦးမှော်ပြေားလျှင်မည်သို့ပင်ခံနိုင်စေကာမူ လူများရှေ့တွင်ပြေားဆိုခြင်းကိုမူ အနည်းငယ်ရှက်ရွံမိလေသည်။ထိုအပြင် ဘယ်အသုံးကျမလည်း မျိုးစေ့မှမမှန်တာ စသည်ဖြင့် မှော် ဖခင်ကိုပါ ထိခိုက်ပြီးပြေားနေလေပြီ။ ယခင်က မှော်ငယ်လို့ နူညံစွာခေါ်ဆိုခဲ့သော အပြုံးပိုင်ရှင်သည် ယခုအခါတွင် ကျင်နာမှု့ကင်းမဲ့သော စကားကိုပြေားနေလေပြီ။ ၀ဋ်ရှိလျှင်ဒီဘ၀နဲဘဲ ကျေပါရစေတော့ ဦးမှော်သခင်ရယ် လို့တွေးလိုက်သည်နှင့်တစ်ပြိုင်နက် မျက်ဝန်းထက်မှ မျက်ရည်များက လေပြေနှင့် အတူဝေ့တက်လာသည်။



ရုံးရှိအလုပ်တူတူလုပ်သောဝန်ထမ်း
များက မှော်ဆရာကအရင်က အဲလိုမဟုတ်ပါဘူး ခုဘယ် လိုဖြစ်တာလည်းဆိုသည့် မျက်ဝန်းများဖြင့်ကြည့်နေလေသည်။ထိုညတွင်ကျွန်တော်သည် စိတ်အရမ်း ညစ်လွန်းသဖြင့် အရက်အနည်းငယ်သောက်မိသည်။ အရက်တစ်ခွက် နှစ်ခွက် ခန့် ၀မ်းဘိုက်အတွင်း သို့ဝင်သွားသည်နှင့်တစ်ပြိုင်နက် အထဲမှာ ဆိုးရွားလှသော ခံစားချက်ကို ရလေသည်။ သေခြာပြီး အရင် ရောဂါပြန်ထနေပြီ။ကျွန်တော်နှင့်အရက်တူသောက်နေသော သူငယ်ချင်းက ချက်ချင်း ကျွန် တော်အဖေဆီဖုန်းဆက်လေသည်။ ကံကောင်းချင်တော့ အဖေ က နေကောင်းမကောင်းကြည့်ရန် လာ နေသည်တဲ့။ အခုမြို့ပြင်ရောက်နေပြီ နောက် အချိန်အနည်းငယ်တွင်ရောက်မည်ဖြစ်ပြီး ဆေးရုံသို့ပို့ရန် ကျွန်တော်သူငယ်ချင်းကို ပြေားနေသည်။ဆေးရုံး၏ အရေးပေါ်ကားပေါ်တွင် သွေးများစွာသည် ကြည့် မြင်မကောင်းအောင်ဖြစ်နေလေပြီ။



ကျွန်တော်သည်သွေးသွန်နေလေပြီ။ေ
ဆးရုံးရောက်ခါနီးအချိန်တွင် မျက်ဝန်းတစ်ခုလုံးအမှောင် တီဖြစ်ပြီး နာကျင်မှု့ဝေဒနာမှကျွန်တော်မှော်ငယ် ကင်းလွတ်ခွင့်ရလိုက်သည်။ထိုနောက် ကျွန်တော်ဘေးတွင် ကျွန်တော်၏ချစ်လှစွာသော ဖခင်နှင့် ကျွန်တော်ကိုအတိတ်ဇတ်လမ်းအတွက် ရက်စက်အငြိုးကြီးစွာ ကလဲ့စားချေခဲ့သော ဦးမှော်သခင် ကိုလည်းတွေ့နေရသည်။ ကျွန်တော်ဖေဖေ၏ လက်နှစ်ဘက်သည် တင်ကြပ်စွာစုတ်ထားပြီး ဦးမှော်သည် ကျွန်တော်ပါးကို တမ်းတစွာနမ်းလေသည်။ ဦးမှော်ရယ်ဒီအနမ်း ကိုသာ ကျွန်တော်အသက်ရှင်စဉ်က ရရှိလိုက်မည်ဆိုလျှင် အရမ်းပျော်ရွင်မိမှာပါ။



ခုတော့ မှော်ဆန်သော မှော်ရင်ခွင်ထက်က အနမ်းတစ်ပွင်ကိုရဘို့အတွက် မှော်တစ်ယောက် အသက်ပေးခဲ့ရတယ်။စွဲမက်ဖွယ်ကောင်
းသည့် နှုတ်ခမ်းပါထက်တွင် ကြီးမားလှသောမာနတရားကို ပိုင်ဆိုင်ထားသော ထိုယောကျားတစ်ယောက်နှင့်တွေ့ဆုံခဲ့ရခြင်းသည်ပင် ကျွန်တော်ဘ၀အတွက် မှော်ဝင်သောနေရက်များဖြစ်ခဲ့ပြီး အသက်ကိုပင်ပေးဆပ်ခဲ့ရသည်။ တစ်ကယ်တော့ အချစ်ဆိုတာ မှော်ဝင်နေတဲ့ အရာတစ်ခုထက်ပိုပြီး တန်ဘိုးရှိ တယ်ဆိုတာကိုများ ဦးမှော်သိလာတဲ့ တစ်ချိန်ချိန်မှာ ကျွန်တော်ချစ်ခဲ့ဘူးတဲ့ အချစ်တွေကိုတမ်းတမ နေပါစေနဲ့လို့ ကျွန်တော်နူးညံစွာကျိမ်းဆိုလိုက်ပါရစေ။


နေမင်းခ

3 comments: