Saturday, March 22, 2014

အဆုံးသတ်ခြင်းမရှိခဲ့သော

မျက်နာတစ်ခုလုံးသည် အခန်း၏အပူချိန်နှင့်ဆန့်ကျင်စွာ ပူနွေးလာသည်။ ထိုအပြင် နား ထဲသို့ဝင်ရောက်လာသော အသံသည် နားစည်ကိုဖြတ်၍ နှလုံးအိမ်အတွင်းသို့ရောက်လာသည်။ အစ်ကိုက ငွေမက်လို့ ဒီအလုပ်ကိုလုပ်တာလေ ကျွန်တော်ရဲ့ ဒဏ်တွေကိုသီးခံရမှာပေါ့ လိုဆိုတဲ့ စကားတွေ က ကျွန်တော် ဂုဏ်သိက္ခာကို များစွာထိခိုက်လေသည်။

အင်းပါညီ မင်းပြောတာမှန်ပါတယ်။ ကိုယ်ကငွေကိုလိုအပ်နေတဲ့သူဆိုတော့ ဒီအချိန်မှာ မင်း ပြောတာတွေကို လက်ခံရတော့မှာပေါ့ကွာ။ ဒီနေ့တော့ ဒီလောက်ဘဲ။ နောက်ရက်မှ ဆက်သင်တော့မယ်လို့ပြောပြီး ရေးလက်စစာအုပ်ကို သိမ်းလိုက်သည်။ နောက် ကျွန်တော်၏ တပည့် တစ်ယောက်လည်းဖြစ် ကျွန်တော်သူငယ်ချင်း၏ညီလည်းဖြစ်သော သုတဇွဲကို နုတ်ဆက်၍ှ ပြန်ခဲ့သည်။ အခန်းအထွက်တွင် ကျွန်တော်သူငယ်ချင်း ကောင်းဆက်နှင့်တွေတော့ အေးသားကြီးငါနေ မကောင်းလို့ ဒီနေ့ မင်းညီကို စေားစေားနာပေးလိုက်တယ်ကွာ။ နောက်ရက်မှ ထပ်သင်တာပေါ့ဟု ပြောတော့ ကောင်းဆက် ကအေးနားကွာမင်းမျက်နာလည်း မကောင်ဘူ နေမကောင်းတာမှဟုတ် ရဲ့လား တစ်ခြားအဆင်မပြေတာရှိလားဟုမေးလေသည်။

မရှိပါဘူး ဟုပြောပြီး ကောင်းဆက်တို့အိမ်မှပြန်ခဲ့သည်။ အပြန်လမ်းတစ်လျှောက်တွင် ဆိုင် ကယ်ကို မည့်သို့ပင်မောင်းပြီး ကျွန်တော်နေသော အိမ်လေးကိုရောက်လာသည်ပင်မသိ။စော်ကားခံ ရသောအရာသည် နလုံးသားတစ်ခုဖြစ်ပြီး မာနတရားအတွက်အစတေးခံလိုက်ရသော အရာသည် ပညာပင်ဖြစ်သည်။

အမှန်ဆို ကျွန်တော်သည် Master တက်နေသော Thesis ကျောင်းသားတစ်ယောက်ဖြစ် သည်။ကျွန်တော်နှင့်ဆယ်တန်းတုန်းက အဆောင်တူတူနေခဲ့သော ကောင်းဆက်က သူညီဆယ်တန်း ကိုမအောင်ဘဲဖြစ်နေသည်မှာ လေးနှစ်ရှိပြီ မင်းကူညီပြီးသင်ပေးအုံးဟု တောင်းဆိုလာ၍ ကျွန်တော် တစ်ဘက်တစ်လမ်းမှ ကူညီပေးနေခြင်းဖြစ်သည်။ ထိုသို့ကျွန်တော် ကူညီပေးနေသည်ကို ကောင်း ဆက်၏ညီ သုတဇွဲက ငွေကြေးတစုံတစ်ခု မက်မေားလောက်အောင်ရနေ၍ ကျွန်တော်သူကို စာသင် နေသည်ဟု အတွေးဝင်နေပုံပေါ်သည်။

Thesis နောက်ဆုံးအပိုင်းဖြစ်နေသော ကြောင့်ယ္ခင်နေသော အဆောင်တွင်မနေတော့ဘဲ မြို့နှင့် အရမ်းမဝေလွန်း ကျောင်းဖြင့်လည်း တင့်သင့်သောနေရာလောက်တွင် အိမ်အသေးလေးတစ် လုံးဖြင့်ဌားနေသည်။ ထိုအတွက်ကျောင်းသွာရန်နှင့်မြို့ထဲသွား၇န်အပြင် အခြားကိစ္စများစွာလည်း အ ဆင်ပြေလေသည်။

မင်းခန့်ဇွဲကို စာသင်မည်ဟုလက်ခံလိုက်သောနေတွင် ကောင်းဆက်က ဒီကောင်က နည်း နည်းဆိုးတယ်ဟ။ မင်းနည်းနည်းတော့သည်းခံပေး။

ငါကလည်းအိမ်စီးပွားရေးတွေနဲ့လုံးနေတော့ ငါညီကို သိပ်ဂရုမစိုက်မိဘူး။ အမှန်က စာမရတာလည်းမဟုတ်ဘူးကွာ။တမင်းညစ်ပြီး ပေတေနေတာ။ စာတွေ ရတယ် စာမေးပွဲဖြေမဲ့ အချိန်ရောက်ရင် တစ်လွဲလုပ်ပြီးသွားမဖြေတော့ဘူး။ ငါညီကအဲလိုမျိုး။မင်းငါကိုကူညီတဲ့ အနေနဲ့နည်းနည်းသီးခံပေးပါလို့ တောင်ဆိုထားတယ်။

ပထမဆုံးစာစသင်တဲ့နေကိုကျွန်တောမှတ်မိသည်။ သုတဇွဲဆိုသည့် ကျွန်တော်ထက် သုံးနှစ် ငယ်သော ကောင်လေးရဲ့ပုံစံကိုပေါ့ဗျာ။ သူအစ်ကိုကောင်းဆက်က မည်မျှအလိုလိုက်ထားသည်မသိ။ နာတွင်နာပေါက်ကသုံးပေါက်နှင့် ဆံပင်ကိုမဟော်ဂနီေ၇ာင်ဆိုးထားသည်။ အသာရေက ဖြူဖွေးနေပြီး မျက်ရစ်မပါသော မျက်ဝန်းများသည် များစွာစွဲဆောင်မှု့ရှိလေသည်။စာမသင်ချင်ပါဟု ငြင်းဆန် ဆန္ဒပြပြီး စာသင်ချိန်သို့ ၀ိုင်သောက်ပြီးလာလေသည်။ထိုသို့ဖြင့် ပထမနေ့ကို စတင်ခဲ့၏။

စာသင်ရန်ပေးထားသော အေးမြနေသည့်အခန်းထဲသို့ သုတဇွဲဝင်ရောက်လာချိန်တွင် အခန်း ရှိရနံများသည် သူ၏ဆွဲမက်ဖွယ်ကောင်းသော ခန့်ငြားမှု့ကိုအထောက်ကူမပြုနိုင်ဘဲ ကျွန်တော်ရင်ခုန် သံတွေ ဆူညံနေသည်။သူအစ်ကိုအတင်း သင်ခိုင်း၍သာသင်သည်စိတ်မပါဟု ပြောသောထိုတပည့်ကို မည်သို့ ထိန်းသိမ်းရမည်ကို ကောင်စွာမသိပေ။ ကျွန်တော်အတွက် ပေးထားသောအခန်းသည်မင်းခန့် ဇွဲ၏ အိပ်ခန်းတွင်ဖြစ်ပြီး စာသင်ရန်အတွက်စာပွဲတစ်လုံးကိုလည်းအဆင်သင့် ထားပေးလေသည်။

စာစသင်သောအချိန်တွင် ကောင်လေး၏ ရည်ဝေေ၀မျက်ဝန်းများနှင့် ထွက်သက်များကိုမဆုံ တွေ့ရန်ထိန်းသိမ်းရခြင်သည် ကျွန်တော်အတွက်များစွာစိတ်ရှုတ်စေသည်။ထိုအပြင် အနည်းငယ်ရည် ဝေစွာဖြင့် ရစ်သမျှကိုသီခံနေပေးရခြင်းကိုလည်း တစ်ခါတရံတွင် သာယာမှု့ဖြစ်စေသည်။

စာသင်ချိန်သည်ညနေပိုင်းသာဖြစ်သဖြင့်ကျွန်တော်သည် နေ့ခင်းဘက်များတွင် ကျွန်တော် ကျောင်းစာအတွက်လိုအပ်သောစာရွက်စာတမ်းများရှာဖွေခြင်းနှင့် အခြားသော ဘာရီယ ကိစ္စများကို လုပ်ဖြစ်သည်။ ညနေပိုင်း လေးနာရီမှ ခုနှစ်နာရီကို ကျွန်တော်၏ တစ်ဦးတည်းသော တပည့်အတွက် အချိန်ပေးထားလေသည်။

ဒီနေ့သည်မှတ်မှတ်ရရ ကျွန်တော် ကျောင်းမှတိုက်ရိုက်လာခဲ့ဖြင့် ကျွန်တော်၏ကျောင်းဝတ်စုံ ဖြစ်သော စတစ်ကော်လံ လည်ကုတုံးအဖြူနှင့် ပုဆိုးအပြာကိုမလဲဖြစ်ပေ။ အကျီအောက်တွင် ချွေးစုတ် ရန်ဝတ်ထားသော စွတ်ကျယ်တစ်ထည်ကိုလည်းဝတ်ထားသည်။ကတီပါဖိနပ် အညိုရောင်ထက်မှ ကျွန်တော်၏ ခြေချောင်းလေများသည် အနည်းငယ် နီရဲနေပေသည်။စာသင်ရန် မင်းခန့်ဇွဲအခန်းကိုရောက်သော အချိန်တွင် ထိုကောင်လေးမရှိသေးသဖြင့် ကျွန်တော်လည်း ကျွန်တော်၏ အကျီကိုချွတ်ထား လိုက်သည်။ အမြဲ လေးနာရီထိုးဟု စာသင်ချိန်ကိုသတ်မှတ်ထားသော်လည် ထိုကောင်လေးနောက်ကျ သောရက်များတွင် အမြဲငါးနာရီမှရောက်လေ့ရှိကြောင်းကိုကျွန်တော်သိရှိလေသောကြောင့်ပင်ဖြစ် သည်။

အခန်းတွင်းမှာ နှစ်ယောက်အိပ်ကုတင်တစ်လုံးနှင့် အခြားပရိဘေားဂ များဖြင့်ပြည့်နေသဖြင့် ကျွန်တော်နာနေရန်ပေးထားသော ဒရင်ဘက်တစ်ခုသည် အခန်းဒေါင့်သို့ရောက်နေပေသည်။ လက်မှ နာရီကိုကြည့်လိုက်တော့ အချိန်ကလေးနာရီငါးမိနစ်သာရှိသည်။ထိုကြောင့် သုတဇွဲ အပြင်မှအိမ်သို့ပြန် လာရန်ကလည်းတစ်နာရီဝန်းကျင်ခန့်စောင့်ရမည်ဖြစ်ပြီး အနည်းငယ်ပန်းနေသောကြောင့် ခဏနာရန် ဆုံးဖြတ်ပြီး ဒရင်ဘက်ပေါ်လဲလိုက်သည်။ ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်သည်နှင့်တစ်ပြိုင်နက်အိပ်ပျော် ခြင်းက ကျွန်တော်ထံရောက်ရှိလာလေသည်။

တစ်ခဏတာမှေးစက်ခွင်ရနေသော အချိန်အနည်ငယ်အတွင်း ကျွန်တော်၏ပင်ပန်းမှု့များ များစွာ သက်သာလေသည်။ စိတ်ထဲသို့ ရနံတစ်ချို့နှင့် စိမ်းသက်သောမျက်ဝန်းတစ်စုံကြည့်နေသည်ဟု ခံစားမိပြီး မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်သည်။ ဘုရားဘုရား အခန်းထဲရှိမီချောင်း၏ အလင်းရောင်ကို ကြည့်ခြင်းအားဖြင့် အချိန်သည်ညရှစ်နာရီထက်မနည်းဆိုသည်ကို သဘေားပေါက်သည်။ထိုအပြင် ကျွန်တော်ထံ သို့စူးရှသောမျက်ဝန်းများဖြင့် ပြုံးမြမြဖြင့် ကြည့်နေသော သုတဇွဲကိုလည်းတွေ့လိုက်ရတော့ အခါတွင် ကျွန်တော်များစွာရှက်ရွံမိလေသည်

သွားပြီဆရာတစ်ယောက် စာသင်ချိန်ကို အိပ်မိသဖြင့် တပည့်မှလောင်ရိပ်စွန်းဖြင့် ကြည့်နေ သော အကြည့်။ကျွန်တော်လည်း စေားရီကိုယ်နည်းနည်း အိပ်ပျော်သွားတယ် မင်းဘယ်အချိန်ကပြန် ရောက်တာလည်းလို့ အရှက်ပြေမေးလိုက်တယ်။ ကျွန်တော်ရောက်တာ ညနေငါးနာရီမထိုးခင်ကထဲက အခန်းထဲကိုရောက်တော့ အစ်ကိုက ကျွန်တော်ကိုစောင့်ရင်းအိပ်ပျော်နေလို့မနိုးဘဲထားတာ။ အင်းကိုယ်နည်းနည်း အိပ်ပျော်သွားတယ်စေားရီးညီလို့ပြေားပြီး မျက်နာသွားသစ်လိုက် တယ်။

ပြန်ထွက်လာမှ သုတဇွဲကိုသေချာကြည့်မိတယ် အိမ်နေရင်းဘောင်ဘီတိုအပျော့အပြာရောင် လေးကိုဝတ်ထားပြီး ဆွတ်ကျယ်အကျီအကျပ်ကိုလဲထားလေသည်။ ထိုအကျီအောက်မှပေါ်ထွက်နေ သော မင်းရေစိမ်းဖြင့်ရေးထိုးထားသည့် ကနုတ်တစ်ချိုတစ်ဝက်က ကျွန်တော်ကိုများစွာစိတ်လှုပ်ရှားမှု့ ဖြစ်စေသည်။ ကျွန်တော် အကြည့်ကိုတစ်ချက်လွဲလိုက်တဲ့ အခါမှာ သုတဇွဲက အစ်ကိုထမင်းစားစို့ ကိုကောင်းဆက်လည်းစောင့်နေတယ်။ အစ်ကိုမနိုးရင်လည်း ကျွန်တော်ကိုနိုးခိုင်းပြီး ထမင်စားဘို့လာ ပြောသွားတယ်။ အားရတယ် ကိုယ်အိမ်ကိုပြန်စားပါမယ် စာကတော့ နောက်ရက် မှသင်တာပေါ့ ဒီနေ့အတွက်စေားရီညီ ကိုယ်ကျောင်းမှာလည်းနည်းနည်းပန်းသွားလို့။

ဟုတ် အစ်ကို ဟုသုတဇွဲက ကျွန်တော်ကိုပြန်ပြောသည်။ ခွေကောင်းပျော်နေတယ်စာမသင်ရတာကိုမင်းက။ ထိုအချိန်လေးတွင်ကျွန်တော်သည် ကျွန်တော်၏တပည့်လည်းဖြစ်သူငယ် ချင်း၏ ညီဖြစ်သည့် သုတဇွဲနှင့်များစွာနီးကပ်သွားသလို့ခံစားရလေသည်။အခန်းကနေ အောက်ကိုဆင်း လာတော့ ကောင်းဆက်က ထမင်းဝိုင်းဖြင့်စောင့်နေ၏။ အေးလာ မင်းခန့် မင်းကိုစောင့်နေတာ။ငါညီက မင်းအိပ်ပျော်နေတယ်ပြောလို့ ညနေက မနိုးခိုင်းဘဲ ခုမှတက်ကြည့်ခိုင်းလိုက်တာ။ ဒီညတော့ ဒီမှာဘဲ အိမ်ဆောင့်ရင် အိပ်လိုက်တော့ကွာ။

ငါအလုပ်ကိစ္စနဲ့ထမင်းစားပြီးရင်ခရီးသွားစရာရှိနေလို့။ကျောင်းကိုလည်း ငါညီကိုလိုက်ပို့ပေးဘို့ ငါပြောထားတယ်။ မင်းဆိုင်ကယ်ကိုငါ ဂိုထောင်ထဲသွင်းထားခိုင်းတယ်။နောက်ရက်တွေကို သုတဇွဲ ကျောင်းကိုလိုက်ပို့ပြီး မင်းပြန်မဲ့အချိန်ကို သူကိုဖုန်းဆက်ပြီးကြိုခိုင်းလိုက်တော့ လိုပြောပြီးကျွန်တော် ပုဂံထဲသို့ ဟင်းများကိုထည့်လေသည်။ သူညီ သုတဇွဲကိုလည်း မင်းဆရာ ကိုမင်းခန့်ကိုငါလွဲထားပြီးပြီး နော် ညီ။ လိမ်လိမ်မာမာနေ။ ငါကိုဆိုးသလိုဆိုးမနေနဲ့ မင်းဆ၇ာကိုမင်းခန့်က ကျောင်းကထဲက အေး ဆေးနေတတ်တယ်လို့ သူညီကိုလည်းမှာနေလေသည်။

နောက်ပြီးတော့ မင်းဆရာကို ဦးချလိုက်အုံးလိုပြေားတဲ့သူအစ်ကိုရဲ့စကားကို နာခံသော အားဖြင့် ကျွန်တော်အား ကြက်အသည်းအမြစ်တစ်စုံထည့်ပေးလေသည်။မည်သို့ပင်ဆိုစေကာမူ ထိုထ မင်းဝိုင်းလေးသည် ကျွန်တော်အတွက်အမှတ်တရဖြစ်စေသည်။ညီလေး သုတဇွဲထည့်ပေးသော ဟင်း ကိုစားရသည်မှာ ကျွန်တော်အတွက်များစွာ ပျော်ရွင်မှု့ကိုပေးလေသည်။သိုသော် ကျွန်တော်သည် ဆရာတစ်ယောက်အ နေဖြင့် ထိုခံစာချက်များကိုမည်သို့မျှဖော်ပြမည်မဟုတ်ပေ။

ထမင်းစားပြီးနောက်စကားခဏပြေားပြီး ကောင်းဆက် အလုပ်ကိစ္စအတွက်ခရီးထွက်သွား သည်။ ထိုသို့ဖြင့် ကျွန်တော်သည် ညစောင့်နှင့်စာသင်ပြီး ကလေးထိန်းသောအလုပ်ကိုပါ တွက်ဖက်ရရှိလေသည်။ကောင်းဆက်တို့အိမ်တွင် ထမင်းချက်ရန်နှင့်သန့်ရှင်းရေးလုပ်ရန် အမျိုးသမီး ကြီးတစ်ယောက်နှင့်ခြံစောင့် အဘိုးကြီးတစ်ယောက်သာရှိသည့် အတွက်ကျွန်တော်အားစောင့်ခိုင်း သည်မဟုတ်ဘဲ သူမရှိလျှင်သူညီ လုပ်ချင်တာတွေ လုပ်နေမည်စိုးသောကြောင့်ဟု ကားပေါ်တက်ခါ နီးတွင် တိုးတိုးလေးကပ်ပြောသွားလေသည်။ ငါညီကိုလည်းစောင့်ရှောက် ငါအိမ်ကိုလည်းကြည့်ပေး ကွာ။ တစ်ခြားသူတွေကိုစိတ်မချလို့ ငါမင်းကိုကူညီခိုင်းတာ မင်းကလူရိုးလေဆိုတော့ဟု ပြေား၍ရည်ပြီး ထွက်သွားသော သူငယ်ချင်းကို ပြုံးပြလိုက်မိသေးသည်။

ညအိပ်ချိန်သို့ရောက်သောအခါ ကျွန်တော်အနည်းငယ်ရှက်ရွံမိဖြစ်နေသည်။ ဘယ်တုန်းကမျှ သူစိမ်းတစ်ရံအိမ်တွင် လိုက်မအိပ်ခဲ့သောကြောင့်ဖြစ်သည်။ ကုတင်က နှစ်ယောက်အိပ် အိပ်ရမည့်သူ က ကျွန်တော်တမ်းတမ်းတတ စွဲလမ်းမိတဲ့ ကျွန်တော်တပည့် သုတဇွဲ။ အိပ်ရမည်က နှစ်ယောက်ထဲ။ ဒီညကို မည်သို့ကုန်ဆုံးစေရမည်ကို ကျွန်တော်ဝေခွဲမရဖြစ်နေမိသည်။

ညဆယ်နာရီပတ်ဝန်းကျင်လောက်တွင် စာကြည့်နေသော သုတဇွဲသည် ကျွန်တော်အား အိပ် စို့ အစ်ကို ဒီနေ့တော့ စေားစေားစီစီဟု ပြုံးပြီးပြေားလေသည်။ ထိုသို့ပြုံးသော စွဲမက်ဖွယ်အပြုံးကို ကျွန် တော်များစွာ ကြောက်ရွံလေသည်။ထိုအပြုံးသည် ကျွန်တော်နှလုံးသာကိုသာမက ဘ၀တစ်ခုလုံးကိုပါ ကိုင်လုပ်နိုင်အောင် စွမ်းအားကြီးမားကြောင်းကိုသိရှိနေသောကြောင့်ပင်ဖြစ်သည်။

ရေချိုးပြီးတော့ ည၀တ်အကျီလဲရန် အခန်းတွင်ကြည့်သောအခါ သုတဇွဲက ဟိဟိ ဆ၇ာအစ်ကို အသစ်တစ်ထည်မှမရှိသေးဘူး ကျွန်တော်ဝတ်ထားတာတွေကြီးဘဲဟု ပြေားပြီး သူဝတ်ထားသော အကျီအဟောင်းများထဲမှ သန့်သည်ဟုယူစသော ည၀တ်အကျီတစ်ထည်ကိုပေးလေသည်။ ပုံမှန်အနေ ထားဖြင့် ကျွန်တော်ထိုအကျီကိုဝတ်မည်မဟုတ်သော်လည် ကျွန်တော်ကျောင်းဝတ်စုံ စတစ်အကျီကို မည်သို့မှ ညအိပ်ဝတ်၍ ဖြစ်မည်မဟုတ်မှန်းကို သိနေသဖြင့်လက်ခံလိုက်သည်။ ထိုအကျီကို ၀တ်လိုက် သည်နှင့် တစ်ပြိုင်နက်စွဲကပ်နေသော အကျီမှ ရနံတစ်ချို့သည် ကျွန်တော်အတွက်ပင်ဖြစ်လေသည်။

နွေရာသီလည်းဖြစ်သော်လည်းအခန်းတွင်အဲယာကွန်ကိုဖွင့်ပြီး မအိပ်တတ်သော ကျွန်တော်သည်အဲကွန်းကိုပိတ်ပြီးအိပ်ရန်အတွက်ကုတင်အစွန်းဆုံးသို့တက်လိုက်လေသည်။ထိုသို့တစ်ခန်းထဲနေစေရန်ကို ကျွန်တော်သူငယ်ချင်းကောင်းဆက်က သေချာမှာသွားလေသည်။ အကြောင်းမှာ ကျွန်တော်အားတစ် ခြားအခန်းတွင် ထားပြီးအိပ်စေလျှင် သူညီ ညဘက်ခိုးပြီး Club သွားတတ်ပြီး၇န်ဖြစ်မည်ကိုစိုးရိမ်၍ ဟု ကျွန်တော်အားပြေားထားလေသည်။ ပြီးတော့ ငါညီကလည်း အရမ်းအ၇ိုင်းကြီးမဟုတ်ပါဘူ။အဆင်ပြေမှာပါဟုတဖွဖွမှာသွားသည်ကိုယုံကြည်မိ၍လည်းဖြစ်ပေလိမ့်မည်။

မွေ့ယာထက်တွင် စောင်ပါးလေတစ်ထည်သာရှိပြီး ကျွန်တော်၏ ဘယ်ဘက်ဘေးတွင် ဖက် လုံးတစ်ခုကို စည်းအဖြင့်ထားထားသည်။ထိုသို့ဖြင့် အိပ်စက်ခြင်းသို့ရောက်ရန် ငါမိနစ်ခန့်အလိုတွင်မွေ့ ယာတစ်ခုလုံး တုန်သွားသဖြင့် မျက်လုံးကိုအသာဖွင့်ကြည့်မိသောအခါ သုတဇွဲသည် အကျီ တုံးလုံး ချွတ်ဖြင့် ဒိုင်ပင်ထိုး၍ ကုတင်ပေါ်တက်လာသည်။ ည၀တ်အကျီဝတ်မထာသော ထို ကောင်လေ၏ ရင်ဘတ်ပေါ်တွင် ယခင်က တစ်ချို့တစ်ဝက်မြင်ခဲ့ဘူးသော ကနုတ်တစ်ချို့ကို ညမီး ရောင် အောက်တွင် ရစ်မူးဖွယ်တွေ့မြင်ခဲ့ရသည်။


ထိုသို့ဖြင့် အိပ်စက်ခြင်းသည်ကျွန်တော်ထံသို့ နူးညံစွာရောက်ရှိလာလေသည်။ မနက်ငါးနာရီခန့်တွင် နွေရာသီတို့ထုံးစံအတိုင်း အလင်ရောင်က ခန်းဆီကိုကျော်၍ အခန်းထက်သို့ပြန့်ကျဲ နေသည်။ ထိုအချိန်တွင် ကျွန်တော်ဘေးတွင် အပူပင်ကင်းစွာအိပ်ပျော်နေသော သုတဇွဲကို ကြည့်မိ ပြန်သည်။ ထိုအရာသည်ပင် ကျွန်တော်ရင်ထဲတွင် မည်မျှနေရာယူထားခြင်းကို သက်သေပြလေသည်။ ထို့နောက် ဟန်းချက်ကျအချိုကျလှသော ခပ်ရဲရဲနုတ်ခမ်းလေးကို အချိန်အနည်းငယ်မျှ ကျွန်တော်နမ်းရှိက် လိုက်သည်။

ထိုသို့နေထိုင်ခွင့်ရသော တစ်ပတ်အချိန်၏ မနက်တိုင်းတွင် ကျွန်တော်သည် သုတဇွဲ၏ မျက်နာ အား တမ်းတမ်းတတ နမ်းရှိုက်ခွင့်ရရှိခဲ့သည်။ တစ်ပတ်ကျော် အချိန်တွင် ကောင်းဆက်ပြန် ရောက်လာသဖြင့် ကျွန်တော်သည် အိမ်သို့ ထုံစံအတိုင်းပြန်နေပြီး စာသင်ချိန်များကို လည်းညနေပိုင်းတွင်ပင် သွားသင်ဖြစ်လေသည်။ထိုသို့ မြတ်နိုးစွာနမ်းရှိုက်ခဲ့သော ကျွန်တော်၏ အနမ်း များသည် သုတဇွဲအတွက် ထိုးနက်ဖွယ်လက်နက်များဖြစ်ခဲ
့မည်ကိုမသိရှိပေ။

အစ်ကိုက ငွေမက်လို့ ဒီအလုပ်ကိုလုပ်တာလေ ကျွန်တော်ရဲ့ ဒဏ်တွေကိုသီးခံရမှာပေါ့ လို့ဆို လာတဲ့စကားတွေက ကျွန်တော်ရဲ့တစ်ပတ်တာ နမ်းရှိုက်ခဲ့တဲ့ အနမ်းတွေကိုသိလို့ ကျွန်တော်ကိုစော် ကားလိုက်တာလို့ကျွန်တော်ထင်မိ
တယ်။ကောင်းဆက် ငါကျောင်းကိစ္စတွေခုတစ်လေားနည်နည်းများ နေလို့ မင်းညီကို ငါစာလာသင်မပေးနိုင်သေးဘူး လို့ပြောပြီး သုတဇွဲအား စာသင်ကြားခြင်းကို ဖျက် လိုက်သည်မှာ တစ်လ၀န်းကျင်ခန့်ရှိနေပေပြီ။

ငွေကိုလိုအပ်တယ်ဆိုတာဟုတ်ပါတယ်
ညီ ဒါပေမဲ့ ကိုယ်မင်းပေါ်ကိုတစ်ကယ် စေတနာနဲ့ ကူညီပေးခဲ့တာပါ။
အမှန်တော့အချစ်တစ်ခုကိုလက်ခံရရှ
ိရန်အတွက်ချစ်တတ်သောရင်ခွင်တစ်ခုသာလိုအပ်ပြီး အချစ်သည်မည်သည့်အရာနှင့်မျှ တိုက်ရိုက်အချိုးကျခြင်းမရှိစေရ လို့ဘဲကိုယ်ယူဆထားပါတယ်။ အချစ် ဥပက္ခာနဲ့ ပြိုင်ရမဲ့ပွဲမှာ ဆုံးရှုံးရမှာက မင်းကိုချစ်ခဲ့မိတဲ့ ကိုယ်နှလုံးသားဖြစ်လိမ့်မယ် လို့တွေးပြီး နောက်ပိုင်းမှာ အရာအားလုံးကိုရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေလေသည်။

ထိုနေ့သည်မှတ်မှတ်ရရ နွေ၇ာသီတွင် မိုးထစ်ချုန်းသော နေ့ဖြစ်သည်။ မိုးရေစက်နှင့်အတူ လွင့်ပါလာတဲ့ အေးစက်ခြင်းတွေကြောင့် ကျွန်တော်အကျီဂျာကင်ရင်ဘတ်မှဇစ်
ကိုတင်တင်းစေ့လိုက် သည်။ထိုအပြင် စာကြည့်စာပွဲတွင်ဖျော်ထားသောကော်ဖိနုတ်ခမ်းကို ထိလိုက်တဲ့ အချိန်တွင်ကျွန်တော် တိုက်ခန်းတံခါးကို ခေါက်သံကြားလိုက်ရသည်။ဒီလောက်မိုးတွေသဲနေတဲ့ညကိုးနာရီမှာဘယ်သူကများ ငါတိုက်ခန်းကိုလာလည်ပါလိမ့်။

မိုးများမိလာသလားဆိုပြီးတော့ ကော်ဖိခွက်ကိုပြန်ချပြီး သွားဖွင့်ပေး လိုက်သည်။ အခန်းတံခါး ဂျောက်ကထဲဖွင့်ပေးလိုက်သည်နှင်
့တစ်ပြိုင်နက် မိုးရေစိုနေသောအ၀တ်ထက်မှ ခပ်ထိုင်း ထိုင်းရနံတစ်ခုကိုရလေသည်။ ထိုရနံသည် ကျွန်တော်၏ တစ်ဦးတည်းသောချစ်တပည့်လေးထံမှ ဖြစ်သည်ကိုတော့ ပြေားစ၇ာလိုမည်မထင်ပေ။

ကျွန်တော်နုတ်ခမ်းထက်မှ ဟင်ဆိုသည် အသံတစ်ချို့ထွက်သွားသည်မှ အပအခြားအရာများ ကိုပုံမှန်ဖြစ်စေနိုင်ခဲ့သည်။ညီ မိုးတွေမိလာတယ်ထင်တယ်။ဒီအချိန်
ကြီးမှ လာရသလားဟုပြေား ဆိုနေသည်ကို အလေးမစိုက်စွာဖြင့်သူ၏ ဂျာကင်ကို ခါလိုက်သည်။ မိုးရေစက်များသည်၏ အရှိန်သည် ကျွန်တော်စာပွဲမှ စာအုပ်များကို စိုစွတ်သွားစေသည်။ဒီလိုရိုင်းပြသော အပြုမူမျိုးကိုကျွန်တော် သုတဇွဲ ထံမှ တစ်ခါမှ မကြုံဖူးသဖြင့် အနည်းငယ်စိတ်တိုသွားသည်။ ဘယ်နယ်ကြောင့် ဧည်သည်ကအိမ်ရှင်ကို စော်ကားသောအပြုမျိုးကိုရောက်ရောက်ခြင်းပြုမူလေသနည်။

ကျွန်တော်မျက်နာမည်မျှတင်းမာမှု
ကို ပြနေသည်ဖြစ်စေ သုတဇွဲသည်လုံးဝ ဂရုစိုက်သောပြု မူခြင်းတစ်စုံတစ်ရာမရှိဘဲ ကျွန်တော် အခန်းထဲရှိ အ၀တ်စားများကိုကြည့်ပြီး ည၀တ်အကျီကိုလဲဝတ် ရန် သူ၏အကျီအစိုများအား ချွတ်လိုက်လေသည်။ထိုမြင်ကွင်ကိုကြည့်နိုင်စွမ်းမရှိသော ကျွန်တော် သည်ပြေားလက်စ စကာလုံးများကို သိမ်းပြီး တံတွေးကိုမျိုချမိလေသည်။

သူအကျီလဲပြီးတော့ ကျွန်တော်မျက်နာချင်းဆိုင်မှကျွ
န်တော်ခုံရှေ့တွင်လာထိုင်ပြီး စာသင်ပေး စာမကြည့်တာ တစ်လကျော်ပြီ ဒီနှစ်ဆယ်တန်းကိုမအောင်ရင် အစ်ကိုအပြစ်ဘဲဟုပြေားပြီး သောက်လက်စ ဆေးလိပ်ကို စာပွဲပေါ်သို့ထိုးခြေလိုက်သည်။ တစ်ခြားတစ်ယောက်ဆိုလျှင် ထိုအပြုမူ အတွက်များစွာ စိတ်ဆိုးမိမည်ဖြစ်သော်လည်း သုတဇွဲကိုတော့ ကျွန်တော်ဘာမှမပြောလိုပေ။

ကိုယ်မင်းအစ်ကိုကိုပြေားပြီးပြီ မင်းကိုစာသင်ပေးဘို့အချိန်မရတဲ့ အကြောင်းကို သူတစ်ခြားတစ် ယောက်နဲ့သင်ဘို့ စီစဉ်ပေးလိမ့်မယ်။ဒီနေ့မင်းကို
ငါတိုက်ခန်းမှာလက်ခံလိုက်တာ တပည့်တစ်ယောက်အနေနဲ့ မဟုတ်ဘူ ကောင်းဆက်ရဲ့ညီတစ်ယောက်အနေနဲ့လက်ခံလိုက်တာ။ မိုးတိတ်ရင်ပြန်ပါ။ ထိုအခါ သုတဇွဲက ဟဟ သေချာတယ်နော် ကိုမင်းခန့် ကျွန်တော်ကိုပြန်စေချင်တာ။ ဒီညကျွန်တော်ဒီတိုက်ခန်းမှာအိပ်မယ်ဆိုရင် လွန်ခဲ့တဲ့တစ်လကျော်က အခွင့်ရေးတွေ အစ်ကို ပြန်ရမှာ မလိုချင်တော့ဘူလာဟု ခပ်ရင့်ရင့်ဆိုလေသည်။ ကျွန်တော်မျက်နာသည် ကော်ဖိခွက်မှအငွေ့အလား ပျောက်ကွယ်သွာချင်စိတ်ပေါ်လာသည်။

ဘယ်လိုမှမသိနိုင်ဘူးဆိုသည့် အကြောင်းအရာများကို သုတဇွဲသိနေသည်ဆိုသည့် အသိက ကျန်တော်ကို မျက်နာအားသူရှေ့တွင်နေရန် မစွမ်းသာတော့ချေ။ ထိုင်ခုံမှအသာထပြီး ကျွန်တော်တံခါ ပြတင်းဘောက်မှ မိုးရေစက်များကိုအဓိပ္ပါယ်မဲ့စွာ
ကြည့်နေမိသည်။ ညီငယ်သုတဇွဲပြေားခဲ့သော စကား များသည် ကျွန်တော်ဂုဏ်သိက္ခာအားများစွာထိခိုက်စေနိုင်သည်။ ကျွန်တော်၏အပြုမူအတွက် ပေးဆပ် ရပေတော့မည်။

စိတ်ဓါတ်ပျော့ညံသူတစ်ယောက်မဟုတ်
ပေမဲ့ ကိုယ်မြတ်နိုးသည့် သူတစ်ယောက်ထံမှ အချစ်မဟုတ်သည့် မည်သည့် တုန့်ပြန်မှု့မျိုးကိုမှ ကျွန်တော်ရင်ခွင်မှ လက်ခံနိုင်စွမ်းမရှိပေ။

အိုကေ ညီလေးသုတဇွဲ ညီဘယ်လိုဖြစ်စေချင်လည်း ကိုယ်အားလုံးလိုက်ရေားပါမယ်။ဒါေ
ပမဲ့ ကတိတစ်ခုတော့ ညီကိုယ်ကိုပေးရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ကမင်းကိုစာသင်ပေးခဲ့ ဘူးတဲ့ သူတစ်ယောက်လည်းဖြစ်တဲ့ အပြင်မင်းအစ်ကိုနဲ့လည်းသူငယ်ချင်းဖြစ်တဲ့ အတွက်မင်းလိုချင်တဲ့ တန်ရာတန်ကြေးကို ကိုယ်ဆီကရပြီးရင် ဒီအကြောင်းတွေကို မင်းရင်ထဲမှာသိမ်းထားပေးပါ။အရာအား လုံးမင်းစိတ်တိုင်းကျဖြစ်စေရမယ်လိုပြေားလိုက်တဲ့ အချိန်မှာကျွန်တော်မျက်ဝန်းထက်မှ ပူနွေးခြင်း သည် အပြင်ဘက်မှမိုးစက်များနှင့်အပြိုင် ပြိုဆင်လာလေသည်။

ဟဲဟဲဒီလောက်ပေးချင်နေလည်းယူရမှာ
ပေါ့ဗျာဟုပြောပြီး ထိုင်ခုံရွှေ့သံကိုကြားလိုက်ရသည်။ ပြီးနောက် ကျွန်တော်သောက်နေလက်စ ကော်ဖိခွက်ကို ကျွန်တော်ထံလာပေသည်။ အဲ့လိုပိုင် ရှင်မသိဘဲ သူတစ်ပါးအစိတ်အပိုင်းကို ခွင့်ပြုချက်မဲ့နမ်းရှိက်ခဲ့တဲ့ ရည်ရွယ်ချက်ကိုညီသိချင်တယ်ဟု သုတဇွဲက တောင်ဆိုလာလေသည်။ကျွန်တော်မည်သို့ ဖြေဆိုနိင်မည်နည်။ငါမင်းကိုချစ်လို့ဟု ပြောလျှင် လည်းယောကျားတစ်ယောက်နှင့်ယောကျားတစ်ယောက် သင့်တော်ပါမည်လား။

ထိုသို့မဟုတ်ဘဲ ဒီလိုဘဲ ဘာရည်ရွယ်ချက်မှ မဟုတ်ပါဟုပြေားလျှင်လည်းယုံကြည်
ပါမည်လား ကျွန်တော်အတွက် ခက်ခဲတဲ့ မေးခွန်းတွေနှင့်နိပ်စက်နေလေပြီ။အဲ့မေးခွန်းကိုတော့ ကိုယ်မဖြေနိုင်ဘူး သုတဇွဲ မကျေနပ်လည်းကိုယ်ဘာမှမတတ်နိုင်ဘူး။ မိုးစဲတာနဲ့ မင်းပြန်ဘို့ကိုဘဲကြိုးစာပါ ဆယ်နာရီထိုးတော့မည်ဟုပြေားပြီး ကျွန်တော်အခန်းတွင်းသို့ဝင်ခဲ့လေသည်။ အခန်းအိပ်ယာထက် ရောက်တော့ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိခဲ့တဲ့ နေရက်တွေကို တွေးမိလေသည်။ အချစ်ဆိုတာပူ လောင်လွန်းလှပါတယ်။ကိုယ်ပေးသော်လည်းလက်ခံမဲ့သူက ကိုယ်ပေးအပ်တာကို မက်မေားတမ်းတ စွာမရှိတဲ့ဘ၀ကို ကြောက်ရွံ့မိတယ်။

ပြန်သည်ဖြစ်စေမပြန်သည်ဖြစ် မနေစေချင်ဘူးဟုပေါ်တင်ပြေားထား
ပြီးပြီဖြစ်သည့်အတွက် ကျန်သောအပိုင်းသည်သူစိတ်သဘေားတိုင်းဖြစ်စေဟုသဘားထားခဲ့ခြင်းသည် မှာယွင်မိလေသည်။တစ်အောင့်ခန့်ကြာတဲ့အချိန်မှာ အစ်ကိုကျွန်တော်ဆရာမင်းခန့်အိမ်ရောက်နေတယ် ဆရာလည်းအားနေလို့စာပြခိုင်းပြီး ဆရာအိမ်မှာဘဲတစ်ပတ်လောက်နေမယ် လိုပြေားသံနဲအတူ ကျွန်တော် အခန်းထဲကို သုတဇွဲဝင်လာတယ်။ ပျော်ရွင်ဖွယ်စကားလုံးတွေ ကျွန်တော်တွက်မပေးနိုင်တဲ့ နုတ်ခမ်းထက်မှ တိုက် ခိုက်လာမဲ့စကားတွေ ခံနိုင်ရည်ရှိအောင် ကျွန်တော်နှလုံးသာကိုသတိပေးနေမိတယ်။

အခန်းထဲကိုရောက်တယ်ဆိုရင် သုတဇွဲက ကိုမင်းခန့် ကျွှန်တော်ဘယ်မှာအိပ်မရမှာလဲ ကြမ်ပေါ်မှာတော့ မအိပ်နိုင်ဘူနော် တစ်သက်လုံးအမြင့်မှာနေလာတဲ့သူ
ဆိုပြီး ပြောလေသည်။ထိုသို့ ပြောလိုက်မှပင် ကျွန်တော်ဘေးမှ ခေါင်းအုံးအပိုတစ်ခုရှိနေမှန်းသတိရမိလေသည်။ထိုခေါင်းအုံးထက် တွင်မေးစက်ရန် တောင်းဆိုနေလေပြီ။ မိမိအား နာလည်ပေးနိုင်စွမ်းမရှိသော ကိုယ်ထက်အနည်းငယ် ငယ်သော မာနကြီးသော သူတစ်ပါးအားလှောင်ပြုံးများဖြင့် ခပ်လှောင်လှောင်ရည်တတ်သည့်သူအ တွက် ကျွန်တော်အိပ်ယာသည် ထိုက်တန်ပါမည်လား။

မင်းကို ဘယ်သူကအိပ်ခိုင်းမယ်လို့ပြေားလိ
ု့လည်း ကိုယ်ကအိပ်ပါလို့တစ်ခွန်းမှမပြေားဖူးဘူ မင်းကိုပြန်ပါလို့ပြေားထားတယ်လေ။ အဲအချိန်မှာ သုတဇွဲရဲ့မျက်နာတစ်ချက်ပျက်သွားတာကိုတွေ့ လိုက်တယ်။ ပြီးတော့ ကျွန်တော်မျက်နာကို တစ်ချက်ကြည့်ပြီး တစ်ကယ်ပြေားတာလာ။တစ်ကယ်ပြန် ရမှာလာအစ်ကို လို့ပြန်မေးတယ်။ အင်းပါဗျာ။ သတိရလို့လာတဲ့သူကို စိမ်းစိမ်းကားကားကြီးပြေား တယ်ဆိုတော့လည်း ပြန်ရတော့မှာပေါဗျာ လိုဆိုပြီးသူဝတ်ထားတဲ့ ကျွန်တော်၏ည၀တ်ကျီကိုချွတ်ပြီး သူ့ဂျာကင်မိုးအစိုကိုပြန်ရှာနေတယ်။

ပြန်ခိုင်းထားတာဖြစ်တဲ့ အတွက်အချိန်တန်ရင် ပြန်မယ်ထင်၍ ဆောင်ကိုခြုံပြီးဆက်ကွေးနေ လိုက်သည်။ ထိုအချိန်တွင် မိုးတွေက ပိုပြီးသည်ထန်လာတယ်။ ကျွန်တော်လည် အခန်းတံခါးတွေများ မိုးပက်မည်စိုးသဖြင့် ခဏထကြည်အုံးမယ်ဟုစိတ်ကူပြီး အခန်းအပြင်ကိုထွက်လိုက်တဲ့ အချိန်မှာ အခန်းတံခါးဝကိုကျေားပေးပြီး မိုးရေတေားထဲမှာထိုင်နေတဲ့ သုတဇွဲကိုတွေ့လိုက်ရတယ်။ခေါင်း
တစ်ခု လုံး ပူခနဲဖြစ်သွားပြီး နာရီကိုတစ်ချက်မော့ကြည့်လိုက်တော့ တစ်ဆယ်တစ်နာရီသုံးဆယ်ကိုညွန်ပြနေ သည်။ ဘုရားဘုရား ဒီကလေး တိုက်ခန်းတံခါးမှာထိုင်နေတာ တစ်နာရီခွဲရှိနေပြီထင်တယ်။အဲအချိန်မှ ကိုယ်ကိုကိုယ်ပြန် အပြစ်တင်မိတယ်။ဘာလို့များ စေားစေားကထမကြည့်မိခဲ့လဲ။

သုတဇွဲ မင်းဘာလုပ်နေတာလည်း ကိုယ်ကိုပြေားစမ်း ဒီလောက်ချမ်းအေးနေတဲ့ မိုးရွာထဲမှာ ငုတ်တုတ်ထိုင်နေရအောင် ။ ဟုတ်တယ် ကျွန်တော်ရူးနေတာ ဘာအရူးလည်းသိလား အချစ်ရူးဗျ အချစ်ရူး ။ သတိရလို့ ချစ်လွန်းလို့ လိုက်လာတဲ့ ကိုယ်ညီလေးကို ဆရာမို့လို့ ရက်ရက်စက်စက်မိုးရေ ထဲမှာ ပြန်ခိုင်းရက်တယ်ဗျာ။ ခင်ဗျားကြီးမှာ အဲလောက်ရက်စက်မာကျေားတဲ့ စိတ်နှလုံးသားရှိမှန် မသိ ဘဲကျွန်တော်ခင်းဗျားကိုချစ်ခဲ
့မိတာကိုက မှားတာ လိုပြေားပြီး ကျွန်တော်ဘက်ကိုလှည့်လာတယ်။ကျွန် တော် သူမျက်နာကိုသေချာကြည့်မိတော့ မျက်ရည်(သို့)မိုးစက်တွေလားမသိတဲ့ စိုစွတ်မှု့တွေကိုမြင်နေ ရတယ်။

အဲလောက်ခံစားစေသတဲ့လား။ကျွန်တော
် သုတဇွဲကိုပြေားလိုက်တဲ့ စကားတစ်ခွန်းက အဲ လောက်ထိဖြစ်စေဘို့မျှော်လင့်မထားဘူးညီ။မင်းကို ပုံမှန်းလေဘဲပြေားလိုက်တာပါ။ နောက် သုတဇွဲ ကို အခန်းထဲကိုဆွဲခေါ်လာတယ်။ အခန်းထဲက ခုဏကသူချွတ်ထားတဲ့ ည၀တ်အကျီကိုပြန်ယူ ဂျာကင် ကိုပြန်ချွတ်ပြီး သဘက်နဲ့ညီလေးသုတဇွဲဆံပင်တွေကိုသုတ်ပေးနေမိတယ်။ပြီးတော့ ကျွန်တော်ကို ခပ် ရင့်ရင့် ပြေားတတ်တဲနုတ်ခမ်းလေကလည်း ခုချိန်မှာမိုးည၏အေးစက်မှု့ကြောင့် တလုပ်လုပ်ခုန်နေလေ သည်။ ထိုသို့မြင်ရလေလေ ကျွန်တော်ပိုခံစားရလေပါဘဲဗျာ။

ထိုမျှခေါင်းမာပြီး တစ်စွတ်ထိုးဆန်လိမ့်မည်ဟု ကျွန်တော်ထင်မထားမိခြင်သည် ကျွန်တော်အ မှားပင်ဖြစ်သည်။အားလုံးကို ခြောက်အောင်သုတ်ပေးပြီးည၀တ်အကျီ
းတွေကိုပြန်ဝတ်စေသည်။ ပြီးတော့ မင်းကွာ အဲလောက် ပေစရာလား။မပြန်ချင်ဘူးဆိုလည်း ပြောပေါ့ ဒီစကားလေးတော့နာ တတ်တယ် မင်းကိုယ်ကိုပြေားတုန်းကတော့ အပြုံးမပျက်ပါဘူးဆိုတော့ ညီကအစ်ကိုကိုသတိရလို့လာ တဲသူလေ တစ်လကျော်ပစ်ထားတဲ့သူကို အဲလောက်ပြေားခွင့်မရှိဘူးလာဟု ပြန်ပက်လေသည်။အေး ပါကွာငါက စိတ်ထားနုတော့ မင်းပြေားသမျှလက်ခံရတော့မှာပေါ့။ ပြီးရင်လာအိပ် ညဉ့်နက်နေပြီ ဟုပြောပြီး မီးကိုပိတ်လိုက်သည်။

ဟုတ်ချစ်ကိုကြီးဟု ပြေားပြီး ကုတင်ပေါ်သို့ ဒိုင်ပင်ထိုးလာလေသည်။ထိုအၿပဳမူေ
လးကိုတွေ့ ရတော့ လွန်ခဲ့တဲ့တစ်လကျော်က ညတစ်ညကိုမှတ်မှတ်ရရသတိရမိတယ်။ ဘောင်းဘီအပြာနှင့် စွပ် ကျယ်နေရာတွင် ကျွန်တော်ည၀တ်အကျီသာပြောင်းလဲသွားပြီး ထိုကောင်လေး၏ နွေးထွေးသော လတ်ဆတ်သော ရနံပြင်းသော စွဲမက်ဖွယ်ကောင်းသော အထိတွေ့များသည် ကျွန်တော်အတွက် လက်ဆောင်ကောင်းကို ဒီညအတွက်ယူဆောင်လာလေသည်။

အိပ်ယာပေါ်ရောက်တော့ ကျွန်တော်ခြုံထားတဲ့ဆောင်ကိုဝင်
ခြုံပြီး အေးစက်စက်လက်များ ဖြင့် ကျွန်တော်ခါးအားဖက်လာသည်။ ခင်ဗျားကြီးကျုပ်ကို တစ်ပတ်လုံးလုံးရစရာမရှိ အောင် နမ်းရှိုက်သွားတဲ့ အတွက်အဲ့ အကြွေးကိုဒီညပြန်ပေးဆပ်ရမယ်ဟုပြောပြီး ဦးခေါင်းကို ကျွန်တော် ဘက်သို့တိမ်းညွတ်လိုက်သောအခါ အပြင်မှမိုးချိန်းသံများကို အဆုံးသတ်ခြင်းမရှိစွာ ကြာလိုက်ရလေတော့သည်။

(ပရိတ်သတ်ကြီးကိုတောင်းပန်ပါတယ်
။မနေ့ကအားလုံးတင်တော့ ဖေဘုတ်ကစာတွေများနေတဲ့ အတွက်တင်ခွင့်မပေးပါဘူး။ ဒါကြောင့် အပိုင်း ၁ /၂ ဆိုပြီးဖြစ်သွားရတာပါ။ ကျွန်တော်စာကိုဖတ်ပြီး တစ်ခဏတာ စိတ်ပင်ပန်းမှု့ပြေပေါက်လျှင် ကျွန်တော်စာရေးသားရကြိုးနပ်ပါပြီ။)

နေမင်းခ

13 comments:

  1. ဝထ္တုတို​ရေးရတာ..ဝထ္တု၇ှည်​​ရေးရတာထက်​ပိုခက်​ပါတယ်​...စကားလုံး..ဇတ်​အိမ်​....ဇတ်​​ကောင်​စရိုက်​...အာလုံးပီပြင်​​အောင်​အတိုချုံ့ရတာမို့ပါ..။ကျွန်​​တော့်​၇ဲ့ပြင်​ပစာဖတ်​သက်​က၄တန်းကစတာမို့ ၁၅နှစ်​​ကျော်​ပြီဖြစ်​တဲ့အ​တွေ့ကြုံကိုရင်း​ပြောရရင်​..​နေမင်းခဟာတခြားဘက်​လောကမှာလည်း စာေ၇းဆရာတ​ယောက်​များဖြစ်​လိမ့်​မလားလို့ထင်​မိသည်​ထိ..ပါဘဲ..။သူ့ဇတ်​​ကောင်​​တွေဆီမှာ.အနစ်​နာခံတဲ့ နူးညံ့တဲ့ စွန့်​လွတ်​​ပေးဆပ်​တဲ့ သိက္ခာတရားကိုတန်​ဘိုးထားတဲ့..စရိုက်​​တွေကို​တွေ့ရတာယူတတ်​မယ်​ဆိုအတုယူစ၇ာပါဘဲ...အများကြိုက်​ဖြစ်​ဘို့ဆိုရင်​​တော.love sense​တွေကို ဒီထက်​ပြင်းပြင်း​လေးထည့်​​ပေးသင့်​ပါတယ်​...။ပြီး​တော့အမှန်​တရားကိုမြတ်​နိုးပြီး..မတရားတာကိုမုန်းတဲ့..သစ္စာကြီးမားတဲ့..ဘာမဆိုရင်​ဆိုင်​ရဲပြီး.မ​ပျော့ညံ့..မ​တွေ​ဝေတဲ့..ဇတ်​​ကောင်​​လေး​တွေဖန်​တီးပြီးလူငယ်​​တွေကို..ခွန်​အားဖြည့်​ပါဦးလို့​တောင်းဆိုရင်း..........။

    ReplyDelete
  2. အင်းအကို့ စာအရေးအသားတွေက ပိရိကျစ်လစ်တယ် သေသပ်တယ် ကြိုက်တယ် နောက်လည်းစာတွေ များများရေပါ

    ReplyDelete
  3. စာတော်တော် ဖတ်မှတ် တယ်တူတယ် အရေးအသားကပြောစဟာမရှိအောင်ကို သပ်ရပ်တယ် ဟဲဟဲ နဲနဲ ဝေဖန်တာနော် စိတ်ဆိုးနဲ့ ညီကစာရေးဆရာမဟုတ်ဘူးနော် စာဖတ်သူပါ

    ReplyDelete
  4. အရမ်းကောင်းပါတယ်ဗျားခံလည်ခံစားရပါတယ်တကယ့်အဖြစ်အပျက်လားသိခြင်းလိုက်တာ
    ကျွှန်တော်တို့gayဘဝတွေကတော်တော်ဆိုးပါတယ်ဗျားကိုယ်ချစ်တဲ့သူကိုတောင်မှဖွင့်မပြောရဲ
    တာgayမဖြစ်ချင်ဘူးဗျာနေရတာအရမ်းခက်ခဲတယ်ကိုယ်ကိုgayမှန်မသိအောင်ဖုံကွယ်ပြီနေ
    နေရတာအရမ်းပင်ပန်းတယ်ဗျား

    ReplyDelete
  5. ကျေးဇူးပါ။ ထင်မြင်ချက်အားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်။ ခုလည်းအပြင်းပြေ ၀င်ကြည့်လိုက်တာပါ။ အားပေးနေသေးတယ်ဆိုတဲ့အတွက်လည်း ၀မ်းသာမိပါတယ်။ နောက်များ အဆင်ပြေရင် ထပ်ရေးပါမယ်။ ဒီစာတွေက ပို့ပေးထားတာကြာပါပြီ။ ဆိုက်ပိုင်ရှင် အလုပ်မအားလို့ မတင်ဖြစ်လို့ပါ။ :)

    ReplyDelete
  6. ဒုတိယပိုင်းကိုဖတ်ချင်တယ် ဘယ်လိုလုပ်ရမလဲ kglayngalngal@ gmail.com ကိုပျု့ပေးပါလား

    ReplyDelete
  7. ဟုတ်တယ်ကျွန်တော်တို့အပုန်းတွေရဲ့ဘ၀က
    ဆိုးတယ်ဖွင့်မပြောရဲဘူးရင်ထဲမှာဘဲကြိတ်မှိတ်ခံစားလို့ရတယ်
    အလုပ်နဲ့ဆိုတော့ပိုဆိုးတယ်
    မပွင့်လဲမပွင့်ရဲဘူးပါတ်ဝန်းကျင်ကိုကြောက်တယ်
    သင်တန်းတဖက်အလုပ်တဖက်ဆိုတော့မနည်းအချိန်တွေချန်ထားရတယ်ဗျာ
    မိုးဝေပါဗျာ0931693068

    ReplyDelete
  8. mdyက လိုးချင်တဲ့သူများ
    phctevery24@gmail.comကို အပ်ပေးပါနော်

    ReplyDelete
  9. mdyက လိုးချင်တဲ့သူများ
    phctevery24@gmail.comကို အပ်ပေးပါနော်

    ReplyDelete