Tuesday, January 7, 2014

ချန်ထားခဲ့၍ ကျန်ထားခဲ့သော ရွှေမန်းမြို့မှနှလုံးသား

ချန်ထားခဲ့၍ ကျန်ထားခဲ့သော ရွှေမန်းမြို့မှနှလုံးသား

နွေးထွေးသော ဧပြီလ လယ်ကို သင်္ကြန်ပုံရိပ် တွေနဲ့မန်းရွှေမြို့က ကြိုဆိုခဲ့ပြီနောက်ပိုင်းမှာ ကျွန်တော် တို့ (၉) တန်းအောင်စာရင်းကြီလည်း ထွက်ခဲ့လေပြီ။ ဒီနေ့ဟာ ကျွန်တော်အတွက်ရွှေမန်းမြို့က နာမည် ကြီး အဆောင်တစ်ခုမှာ(၁၀) တန်း သွားနေရမည့်နေ့လည်းဖြစ်လေသည်။ကျွန်တော်နာမည်ကတော့ နေ မင်းခ။ အမေကေားကအဖေကေား ရွှေမန်းသားစစ်စစ်တွေဖြစ်သည်။


အရာအားလုံးကိုကျွန်တော်ရဲ့ချစ်လှစွာသော မွေးမိခင်ကစိစဉ်ထားပြီးပြီဖြစ်သည်။ရှပ်အကျီကို လက် တစ်ဝက်ခေါက်တင်ပြီ ဂျင်းဘောင်းဘီနဲ့ကျွန်တော်ကိုယ်ကျွန်တော် ယုံကြည်မှု့ အပြည့်ရှိနေလေသည်။ အသက်အရွက်ကလည်း လူပျိုပေါက်စ အရွယ်ဆိုတော့ ကြည့်သမျှအရာအားလုံးက နူးညံပြည့်ထွေး မှု့ အတိနဲ့ ဘ၀ကိုပျိုမြစ်စွာ ဖြတ်သန်းလိုစိတ်ပြင်းထန်နေသည်။ဒီနေ့သည် ပထမဆုံးသော အဆောင်စ ဖွင့်သော ရက်ဖြစ်သော်လည်း ကျွန်တော်အနည်းငယ်နောက်ကျနေလေသည်။


အဆောင်စည်းကမ်းများကို မဖွင့်မိကထဲက ကျွန်တော်တို့ကို ကြိုတင်ပြေားပြထားသောကြောင့် ဒီနေ့ တွက် ဘုရာရှစ်ခိုးမည့် အချိန်ကို မှီသောမည်မဟုတ်ပေ။ ကျွန်တော်လည်း မတတ်နို်င်ဘူ အဆောင်စ ဖွင်လည်းနောက်ကျနေမှတော့ဘာမှမတတ်နိုင်ဟုတွေးပြီ အေးဆေးပင်အဆောင်ကိုလာခဲ့လိုက်တယ်။
အဆောင်ကိုရောက်တဲ့ အချိန်မှာကျွန်တော်နဲ့အလားတူစွာနောက်ကျသောကောင်လေးတစ်ယောက် ကိုကျွန်တော်တွေလိုက်တော့အားတက်သွားသည်။ထိုကောင်လေး၏ ပုံသဏ္ဍန်မှာ တိုင်ရင်သာဖြစ်ပုံ ၇သည်။ အသားအနည်းငယ်ညိုပြီး ပုံမှန်အနေအထားနှင့်ပင်ဖြစ်ပေသည်။


ထူးထူးခြားခြားဆွဲဆောင် မှု့တစ်စုံတစ်ရာ သူထံမှာမတွေရပေ။ကျွန်တော်လည်း သူကိုတွေ့သော ဘယ်အတန်း ဘယ်ကဘာညာ ဆိုပြီ အရှက်ပြေ အနည်းငယ်နုတ်ဆက်လိုက်သည်။ ထိုအခါ ထိုကောင်လေးက သူကဘုရာရှိခိုးချိန်မမှိ လို့မဟုတ်ဘဲ တိုင်းရင်သာ ခရစ်တော်ဝင်တစ်ယောက်ဖြစ်လို့ မသွားတာဖြစ်တဲ့ အကြောင်းကျွန်တော် ကိုရှင်းပြလေသည်။
ထိုရှင်းပြသောလေသံအေးအေးလေးနှင့်အတူ သူထံမှပျံလွင့်လှသော အပြုံးမျှမျှကို မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်တော် ရင်ထဲ လိုင်းအနည်းငယ်ထန်သွားသည်။ လှပသောအပြုံးညှက်ညှက်လေးထက် မှ ၀င်းလက်နေသော သွားတန်းလေတွေက ထူးခြာစွာဆွဲဆောင်နိုင်လွန်းပေသည်။


တိုင်းရင်းသာချင်းလူ မျိုးတစ်ယောက်ရဲ့ရိုးသာလှသောပထမအပြုံးတစ်ချက်အောက်မှာကျွန်တော်နူးညံစွာ ကျရှုံးခဲသည်။
နောင်ပိုင်းအဆောင်နေရတဲ့ရက်တွေဟာ ကျွန်တော်အတွက်ချိုမိန်ခြင်းတွေ ယူဆောင်ပေးခဲ့တယ်။ သွားတူတူ လာတူတူ စားတူတူ နေတူတူဖြစ်ခဲ့တယ်။ ကျွန်တော်ရဲ့ မသိစိတ်အဆုံးမှာ ထိုချင်းလေဟာ ထာဝရနေရာယူထားခဲ့တယ်။ အားလပ်ချိန်လေး အနည်းငယ်ရတာနဲ့ မျက်ဝန်ထဲမှာ ပထမဆုံးပြေးမြင် မိတာက ထိုတိုင်းရင်းသာလေးရဲ့ အေးမြတဲ့အပြုံးလေးတစ်ပွင့်ကိုပင်ဖြစ်လေသည်။

စာသင်ရက်တစ်လ ၀န်းကျင့်ခန်မှာပင် ကျွန်တော်ထိုကောင်လေးပေါ် သံယေားဇဉ်ဖြစ်နေပြီမှန်း မိမိကိုယ်ကိုသိရှိနေလေ ပြီဖြစ်သည်။ တစ်ရက်မှာတော့ ကျွန်တော်တို့ ထမင်စားချိန်ဆင်းပေးနေတဲ့ အချိန်မှာ ထိုကောင်လေ က ကျွန်တော်ထိုင်နေသော ခုံဘေးကိုလာထိုင်ပြီး ပါကိုနမ်း၍ ချစ်တယ်ဟု ပြေားသွားလေသည်။ မမျှော်လင့်ထားသော မယုံကြည်အပ်သော စကားတစ်ခွန်းသည် ပုန်းခိုနေသော ကျွန်တော်ရင်ထဲမှ မြတ်နိုးခြင်းတွေကို တူးဆွဘို့အချိန်ခါပေးနေလေပြီ။ ကျွန်တော်ရင်တွေ တလှပ်လှပ်ခုန် ၍ ကြည်နူးခြင်း တွေ စုပြုံခဲလေပြီ။ လောကမှာချစ်ခြင်းတ၇ားက ယောကျားနှစ်ယောက်ကြာသို့နူးညံစွာစီးဆင်လာလေ သည်။


ရက်တစ်ရက်ရဲ့နှစ်ဆယ်ကျော်သောအချိန်နာရီတွေမှာ ထမင်းစာချိန်တစ်ခုသာလျှင် ကျွန်တော်တို့နှစ် ယောက် အတမ်းတဆုံးနှင့် အလေးနက်ဆုံးအချိန်လေးတွေဖြစ်ခဲ့လေသည်။ထိုအချိန်လေးများတွင် အဆောင်၏ တတိယအပေါ်ဆုံးထပ်အဆောင် ဒေါင့်လေးများတွင် စာကျက်မည်ဟု အကြောင်းပြပြီး ကျွန်တော်တို့နှစ်ယောက် လွတ်လပ်စွာ ၀တ်မှုံကူးခွင့်ရသောကြောင့်ပင်ဖြစ်သည်။ တစ်ယောက်သော သူကအိပ်မည်ဆိုလျှင့် တစ်ယောက်သောသူ၏ပေါင်လေးများမှာ ခေါင်းအုံးဖြစ်လေသည်။ထိုအပြင် ထိုကောင်လေး၏ ပုခုံတစ်ဖက်သည် ကျွန်တော်အတွက်နာခိုရာ အကြင်နာနေရာလေးပင်ဖြစ်ခဲ လေသည်။


အမှန်မှာကျွန်တော်က အပြင်ကနေ အဆောင်လာတတ်တာဖြစ်ပြီသူကတော့ အဆောင်နေတဲ့သူတစ် ယောက်ဖြစ်သည်။သူနှင့် တစ်ခါလောက်အတူတူအပြင်ထွက်ခွင့်ရဘို့ကြိုးစာမိပေမဲ့တင်းကြပ်လှသော အဆောင်စည်းကမ်းများကြောင့်ကျွန်တော်တို့နှစ်ယောက် စာသင်နှစ်၏ နှစ်ဝက်အထိ အခွင့်အရေးမရခဲ့ ကြဘဲ အဆောင်တွင်းတွေ့ဆုံခြင်း၏ ကြည်နူးမှု့များနှင့်သာ ကျေနပ်ခဲ့ရသည်။ ထိုကဲ့သို့နှစ်ဝက်ခန့်နေ လာပြီ သိတင်းကျွတ်ကာလကိုရောက်အောင် စာတွေကျက်ပြီ မျှော်လင့်နေခဲတယ်။ကဲဒီနေ့တော့မှာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ အချိန်ကိုရောက်လေပြီ။ အဆောင်မှ ကျွန်တော်၏ ချစ်လှစွာသော ချင်းလေး အဆောင်မှာနေ့တစ်ဝက် ထွက် ခွင့်ရသောကြောင့်ပင်ဖြစ်သည်။


နှစ်ယောက်သား အပြင်တွင်သေချာချိန်းပြီ မန်းလေမြို့၏ Blazonရှေားပင်မေားသွားတယ်။ မိုးတွေ လည်းသည်ထန်စွာရွာနေတဲ့ အချိန်မှာအေးစက်စက်ေ၇ခဲမုန့်တွေကို တူတူသောက်ခဲ့ကြတယ်။ဒီနေ ဟာ သိတင်းကျွတ်လပြည့်နေလည်းဖြစ်ပြီတဲအပြင့်  အမှတ်တရဓါတ်ပုံရိုက်ဖို့ကို အပျော်လွန်ပြီ မေ့ခဲ့သော နေတစ်နေလည်းဖြစ်လေသည်။ပျော်ရွင်ဖွယ်ကောင်းသော နေရက်လေးတွေကို အချိန်သမားတော်ကြီး ကတော့ အချိန်မှန်တိုက်စာနေတယ်။


အောက်တိုဘာမှာ မိုးတွေနဲ့တူတူပျော်ခဲ့တာကိုတမ်းတပြီ ဒီဇင်ဘာရဲ့ အေးမြသော ခရစ်စမတ်ကာလှကိုလည်း နွေးထွေးစွာဖြတ်ကျော်ခဲ့လေသည်။ခရစ်စမတ် မတိုင်မှီ အချိန်အတွင်မှာ တစ်ယောက်နှင့်တစ်ယောက် မြတ်နိုးခြင်းတွေကို အရုပ်လေးတွေသိုသိပ်စွာ ပေးအပ်ခြင်းဖြင့် ကုန်ဆုံးစေခဲ့တယ်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးအချိန်ဖြစ်တဲ့ ခရစ်မမတ်ကာလနဲ့ Happy New Yearအချိန်တွေမှာကျွန်တော်လက်နဲ့ကိုယ်တိုင်ပြုလုပ်ထားတဲ့ ရောင်စုံကဒ်လေးတွေကိုပေးအပ် ခဲ့လေသည်။ထိုသို့ပေးအပ်ခြင်းသည်မည်သည့် စိတ်ကူဖြင့်သေချာပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ့ သူအလိုလို ဖြစ်ပေါ်လာသော အချစ်၏အ၇ိပ်တစ်ခုပင်ဖြစ်ပေလိမ့်မည်။


အချစ်မှန်းသံယေားဇဉ်မှန်းသေချာ မသိသေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ အပြန်အလှန်သုံကြိမ်မျှနမ်းပြီးနှလုံးအိမ်အတွင်းမှ သူအတွက်စိုး၇ိမ်းစွာ မြတ်နိုးခဲ့ဘူးသည်။ကျွန်တော်ပေါ် မည်သည့်ချုပ်ချယ်မှု့တစ်စုံတစ်ာမှ မပြုလုပ်သော ထိုချင်းလေသည် ကျောင်းနောက်ကျခြင်းနှင်အခြား ယောကျားလေးများဖြင့်စကားပြေားသော အခါကျွန်တော်ပေါ် သ၀န်တိုတတ်ခြင်းသည်လည်း သူကျွန်တော်ပေါ်ထားသော ချစ်ခြင်းတရားဟု ပင်ထင်မိသည်။


ကျွန်တော်ယ္ခုချိန်အထိ မေ့မရသော နေ့လေးတစ်ရက်မှာ ကျွန်တော်ဖျားနေသောနေလေးပင်ဖြစ်သည်။ ဆရာမရဲ့ ဆေးဝယ် မုန့်ဝယ်နှင့်အခြားသော ကိစ္စများခိုင်သည်ကို မည်သူတစ်ဦတစ်ယောက် ကိုမျှ လုပ်ခွင့်မပြုဘဲသူကိုယ်တိုင် အပင်ပန်းခံပြီ လုပ်ကိုင်ပေးလေသည်။ ကျွန်တော်သည် ဖျားနေလျှက် ဖြင့် သူ၏ပေါင်ပေါ်တွင် အိပ်ပျော်ခဲ့သော ထိုနေရက်ကို တစ်သက်မမေ့နိုင်ပေ။

ထိုသို့ဖြင် အတန်းတင်စာမေးပွဲကြီးသည်လည်းနီကပ်လာနေပြီဖြစ်သည်။ ကျွန်တော်ချစ်သော ထိုချင်းလေး၏ မွေးနေ့မှာ ဖေဖော်ဝါရီ(၉) ရက်နေဖြစ်ပြီးနောက်(၃)လပိုင်းရက်များမှာ စာမေးပွဲရက်များဖြစ် သည်။ ထို့ကြောင့်ကျွန်တော်သည် အမှတ်တရချစ်လက်ဆောင်အနေဖြင့် ဖန်ခွက် လေးတစ်ခွက်ပေးခဲ့သည်။ထိုနောက်ပိုင်းတွင် ကျွန်တော်နှင့်ထို ချင်းကောင်းလေ သည်စာကိုသာဂရုစိုက်ပြီ တော့ သုံးလပိုင်းစာမေးပွဲပြီချိန်တွင် ခွဲခွာသွားခဲ့ရပါတယ်။ စာမေးပွဲပြီလို့ ကျွန်တော်ကောင်လေး ချင်းပြည် ပြန်သွားတဲ့ နောက်ပိုင်းတစ်ယောက်နှစ်တစ်ယောက် စာတွေအပြန်အလှန်ပို့ပေးပြီ လွမ်းဆွတ်ချင်းကို သက်သေပြခဲ့ကြတယ်။
သူဆီကစာတစ်စောင်ကျွန်တော်ထံရောက်အောင် စောင့်ရတဲ့အချိန်ကအရမ်းကြာလွန်ပါတယ်ဗျာ။ချင်း ပြည်နယ်ကလေးဘက်ကစာတစ်စောင်မန်းမြေကိုရောက်ဘို့ အရင်တုန်းက(၁၀)ရက်နီပါးကြာတယ်။


ဒါကြောင့်ကျွန်တော်သူစာလေးတွေကို မြတ်နိုးတန်ဘိုးထားမိပါတယ်။မည်သို့ပင် မြတ်နိုးတန်ဘိုထားပါ စေ အချိန်တန်ရင်လောကဓါက်ကို ခါးစီခံရမှာလူသဘာဝပါဘဲဗျာ။ ကျွန်တော်ထံ နောက်ဆုံးရောက် လာတဲ့ကျွန်တော်ချင်းလေးရဲ့စာမှာ “ဒိစာဟာ ကိုယ်တို့နှစ်ယောက်အတွက် နောက်ဆံုးဖြစ်လိမ့်မယ်တဲ့ ဘာကြောင့်လည်းဆိုတော့ သူအမျိုးတွေ ရှိတဲ့ ဆွတ်ဇာလန်ကို သွားရတော့မှာဖြစ်လို့ မင်းဒီစာကိုဖတ် နေတဲ့ အချိန်မှာသူမြန်မာနိုင်ငံမှာ ရှိနိုင်တော့မှာ” မဟုတ်ဘူးလိုပြေားထားတယ်။


သူရဲ့ အောက်ဆုံးစာ ကြောင်းမှာစတားပြပြီးရေးခဲ့တဲ့စာသားလေးကို ကျွန်တော်ဖတ်မိတဲ့ အချိန်တိုင်းမျက်ရည်ဝဲမိတယ်။ အဲစာလေးကဘာလည်းဆိုတော့ “သူဘယ်နေရာ ဘယ်ကိုဘဲရောက်နေပါစေ သူအမြဲသတိရနေမှာ ဖြစ်ပြီ သူသက်ရှည်နေသမျှကာလပတ်လုံး သူဘ၀ရဲ့ တစ်စိတ်တဒေသ အဖြစ်နဲ့ သတိရနေမှာပါ” လိုရေးထားတယ်။ခုဆိုရင် သူနဲ့ပတ်သက်မှု့ ပြတ်ဆဲအဆုံးသတ်သွားတာ ခြောက်နှစ်ကျော်လာပေမဲ့ ထိုအသံလေးကို နာထဲကြားယောင်မိတိုင်းငိုနေမိတုန်းပါဘဲ။


နောက်ဆံုးမှာကျွန်တော် အဆက်သွယ်လုပ်လိုမရတော့သော ထိုချင်းကောင်လေးသည် ကျွန်တော် ဘ၀၏ ပထမဆုံးအချစ်ဦဖြစ်ခဲ့ပြီး တိုင်ဆိုင်တဲ့အရာတွေကြုံတိုင်းအမြဲသတိ၇နေမိသော အချစ်ဦးသူတစ်စိမ်းတစ်ယောက်ဖြစ်ခဲလေတော့သည်။တစ်ကယ် လို့များ ကျွန်တော်ရဲ့ဒီစာလေးကို နိုင်ငံရဲ့တစ်ဒေါင့်တစ်နေရာမှာရှိနေခဲ့လို့ ဖတ်မိခဲ့မယ်ဆိုရင်လေ ကျွန်တော်နဲ့ ထိုချင်းကောင်လေးတို့ရဲ့ ချစ်ခြင်းသက်တမ်း အတွင်းပိုင်မှာ ထိုချင်းကောင်လေးနဲ့ ပတ်သက်တဲ့ ဓါတ် ပုံလေးတစ်ပုံတောင်မရှိပေမဲ့ ထိုချင်းလေးရဲ့ပုံရိပ်ဟာ ကျွန်တော်နှလုံးသားထဲမှာ အမြဲထာဝရရှိနေအုံး မှာပါလို့ ပြေားလိုက်ပါရစေ။

တစ်ကယ်လို့များ ချန်ထားခဲ့သော နေရာမှာ မန်းမြို့က တစ်ယောက်သော သူကျန်နေရစ်ခဲ့တာကို သတိရရင် ကျေးဇူးပြုပြီပြန်လာခဲ့ပါလို့ ပြေားလိုက်ပါရစေဗျာ။

(ကျွန်တော်အတွက် ဒီဝတ္ထုလေးကိုရေးသာဘို့ ခွင့်ပြုခဲ့သော မန်းမြေမှ တစ်ယောက်သောသူကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။အကြောင်းအရာ အချက်အလက်နှင့် အချို့သော ဖြစ်စဉ်များ တွင် မှားယွင်းမှု့ရှိခဲ့ပါက စာရေးသူ၏ ရေးသာမှု့ညံဖျင်းခြင်းသာဖြစ်သည်ဟုပြေားကြာပါရစေခင်ဗျာ)

နေမင်းခ

7 comments:

  1. လိုးချင် သူMarch 6, 2014 at 12:20 PM

    မန်းက ဖင်တောင့်ယောက်ကျားဆန်ဆန် gay ရှိရင် အခုပဲဆက်သွယ်ပါfeel ကို ခံစားကြည့်ချင် လို့။ဧည့်သည်ပါ။

    ReplyDelete
    Replies
    1. mdyက လိုးချင်တဲ့သူများ
      phctevery24@gmail.comကို အပ်ပေးပါနော်

      Delete
    2. mdyက လိုးချင်တဲ့သူများ
      phctevery24@gmail.comကို အပ်ပေးပါနော်

      Delete
  2. topအကိုတစ်ယောက်နဲ့အတည်တွဲချင်ပါတယ်
    phoneshainkyaw@gmail.comကိုအပ်ပေးပါ

    ReplyDelete
  3. အဲ ကိုစာအောက်မှာတော့ ညစ်ညစ်ညမ်းညမ်းတွေ မဒိတ်ကြပါနဲ့ကွာ။ တစ်ခြား နေရာတွေ ပုံတွေ မှာ ဒိတ်ကြပါလို့တောင်ပန်ချင်တယ်။

    ReplyDelete