Friday, December 27, 2013

TOP BOY လေးပါတဲ့ဗျာ





Myo Ko Ko ပါတဲ့ဗျာ





Best of Best Horny






ကိုယ်ရယ်မင်းရယ်ပန်းတစ်ပွင့်ရယ်

ကိုယ်ရယ်မင်းရယ်ပန်းတစ်ပွင့်ရယ်      

          လွန်းခဲ့တဲ့ တစ်နှစ်ကျော်ဝန်းကျင်လောက်က ကျွန်တော်အစ်ကိုနဲ့သူအဖေ အတိုက်ခံဖြစ်နေတဲ့ အချိန်တွေကို သွားသတိရမိတယ်။ကျွန်တော်ရယ်အစ်ကိုရယ်က  အလုပ်သင်အတူ တူဆင်းခွင့်ရပြီ ဘွဲတွေပို်င်ဆိုင်လို့ ဘ၀လမ်းတွေကိုရွှေးချယ်ကြရတော့မဲအချိန်တုန်းကပေါ့ဗျာ။နှစ် ယောက်စလုံး အတော်ပင်ပန်းခဲ့ကြခဲ့တယ်။ဆမရပြီလို့ ရာထူးဝန်က လက်ထောက်ဆရာဝန်တွေ ဖြေကြတော့လည်း သင်တန်းတွေ တူတူတက် စာတူတူကျက်ပြီတော့ ချစ်တေးတွေနဲ့လှပခဲ့ကြပါတယ်။ ကံဆိုးကံကောင်း တွဲနေတဲ့ သတ္တလေားကကြီးမှာ ကျွန်တော်နဲ့ အစ်ကိုအတွက်ကတော့ ရွေရောင်နေ့စွဲတွေအဖြစ် ဘုရာ သခင်က စောင်ကျဉ်းပေးခဲ့လေတယ်။

          ရာထူးဝန်စာမေးပွဲတူတူအောင်ပြီတော့ တစ်ဆေးရုံထဲ တူတူကျတဲ့အထိ ကံကြမ္မာက ကျွန်တော်တို့ကို မျက်နှာသာပေးခဲ့ပါတယ်။နှစ်ယောက်စလုံးကလည်း ဆေးကျောင်းတက်ကထဲက သ ဒ္ဒါတူကြည်ဖြူခဲ့လေကြတော့ ချစ်ရည်လှူးချင်စိတ်တွေနဲ့ ဆေးရုံကပေးတဲ့ အဆောင်မှာမနေဘဲနဲ့ အပြင်မှာဆေးခန်းဖွင့်ပြီ ဘ၀ကို အခြေတည်ကာ ရပ်တည်ခဲ့ကြတယ်။ ကျွန်တော်က တစ်ကောင်ကြွက်မိဘမောင်နှမတစ်ယောက်မှ မရှိဘူး။ ကျွန်တော်ငယ်စဉ်ကထဲ့က ကျွန်တော်မွေးစာအမေတစ်ယောက်လက်ထဲမှာ မိဘကျန်ခဲ့တဲ့ အမွေတွေနဲ့ ရှင်သန်ကြီပြင်းလာခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။ ကျောင်းတက်စဉ်တစ်ရှောက်လုံးမှာ အစ်ကိုပေးအပ်တဲ့ မေတ္တာတရားတွေက ကျွန်တော်အတွက် မက်မက်မေားမေားဖြစ်နေစေခဲ့တယ်။

          ကျွန်တော်အစ်ကိုနေမင်းခကတော့ တစ်ဦတည်းသောသားဖြစ်ပြီး ဘာကိုမှပူပန်စ၇ာမလိုတဲ့ လူတစ်ယောက်ပေါ့ဗျာ။အလေးထားစရာကလည် အစ်ကိုရဲ့ အမေ ဦမင်းခန့်တစ်ယောက်ဘဲရှိတယ်။ အစ်ကိုအဖေဦမင်းခန့်ကလည်း သူသားစိတ်ချမ်းသာရင် ဘာမဆိုဖြည့်စေပေးတဲ့ ဖခင်ကောင်းတစ် ယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ချစ်ခရီလမ်းကလည်း အတော်အသင့်သာယာ ခဲ့ကြပါတယ်။ပြ သ၁နာကတော့အစ်ကိုနေမင်းခကတစ်ဦတည်းသော သားဖြစ်နေတာကြောင့်မျိုးဆက်ကိစ္စကို ဦမင်း ခန့်ကစိတ်ပူနေတယ်။ ဒါကလည်း သဘာဝကျပြီး ဖြစ်သင့်တဲ့ အကြောင်းအရာတစ်ခုဖြစ်လို့ ကျွန်တော်နဲ့ ကိုနေမင်းခ အဖေစိတ်တိုင်းကြသဘေားတူညီလိုက်ကြရခြင်လည်းဖြစ်ပါသည်။

          လတစ်လရဲ့ ရက်တစ်ရက်မှာ အစ်ကိုနဲ့ကျွန်တော်တာဝန်ကျနေတဲ့ မြို့လေးကို ကိုနေမင်းခဖခင် ရောက်လာပြီ မျိုးဆက်ကိစ္စကို တိုင်ပင်လာတယ်။ ကိုနေမင်းခကို အိမ်ထောင်ပြုစေချင်ပေမဲ့ သူသားနဲ့ ကျွန်တော်တို့ရဲ့ ခိုင်မြဲနေတဲ့ သဘာဝလွန်ချစ်ခြင်းကိုလည်း ထိခိုက်ခံလိုခြင်းမရှိစေဘဲ သက်သာတဲ့နည်းလေးတစ်ခုနဲ့ ဆွေးနွေးတိုင်ပင်ဘို့ကိုဘဲ လိုလားပါတယ်လို့ ဦတည်ပြေားလာခဲ့တယ်။သူစိစဉ်တဲ့ကောင် မလေးရှိတယ်။ သားတို့နှစ်ယောက်နဲ့ သဘေားတူညီချက်တစ်ခုရရင် အရာအားလုံး အဆင်ပြေအောင် သူကြည့်လုပ်ပေးမယ်။ သားတို့နှစ်ယောက်လည်းစိတ်မဆင်းရဲစေရဘူး။ သူလိုချင်တဲ့ မျိုးဆက်လည်း အဆင်ပြေမယ်တဲ့။ နောက်ဆုံးမှာ ကျွန်တော်နဲ့ ကိုနေမင်းခ အဖေနဲ့သဘေားတူညီချက်တစ်ခု ယူလို က်ကြပါတယ်။
  
          ကိုနေမင်းခက အိမ်ထောင်ပြုရမယ်။ သူလက်ထပ်မဲ့အမျိုးသမီးကလည်း အရာအားလုံးကို နာလည်လက်ခံနိုင်ပြီး ကျွန်တော်နဲ့လည်း အဆင်ပြေမဲ့ အမျိုးသမီဖြစ်ရမယ်။ ကျွန်တော်ကလည်း ထိုအမျိုးသမီး ပေါ်ကို မနာလိုစိတ်မထားဘဲ့နဲ့ ကိုနေမင်းခအပေါ်ကို မျှမျှတတချစ်ပေးနိုင်အောင်ကြိုးစားပေးရမယ်။ကိုနေမင်းခ ကို အိမ်ထောင်ချပေးပြီရင်နဂိုအလုပ်ဆေးရုံမှာဘဲ ကျွန်တော်နဲ့ ဒီအတိုင်းဘဲနေရမယ်။ ပြီတော့ အစ်ကိုနေမင်ခ ရယ် သူအမျိုးသမီးရယ် ကျွန်တော်ရယ်ကိုလည်း အိမ်တစ်အိမ်ထဲမှာ တူတူနေဘို့သူစီစဉ်ပေးထားမယ်တဲ့။လေား ကမှာ ဖြစ်ခြင်တာထက် ဖြစ်သင့်တာတွေကိုလည်း တစ်ခါတစ်လေ ဦစားပေးသင့်တယ်ထင်လို့ ကျွန်တော် ကိုနေ မင်းခရဲဖခင် ဦမင်းခန့်အစီစဉ်တွေအားလုံးကို လက်ခံခဲ့ပါတယ်။


          ဦမင်းခန့်မပြန်ခင်သူ့သား ကိုနေမင်းခမသိအောင် တိတ်တိတ်လေးပြေားသွားတယ်။သားရယ်တဲ့ မင်း မင့် အစ်ကို ကိုနေမင်းခကို ချစ်တာ မြတ်နိုးတာ ကြင်နာတာတွေ အားလုံးကို ဖေဖေနာလည်ပေးနိုင်သလို သား ကလည်း ဖေဖေတို့ မျိုးရိုး မျိုးဆက် ထင်ကျန်ရစ်ခဲ့အောင် အရာအလုံးကို မျှမျှတတလေးချစ်ပေးပါလားကွာ လို့ဖေဖေတောင်ဆိုချင်ပါတယ်တဲ့။နောက်ခြောက်လလောက်မှာမင်္ဂလာပွဲဖြစ်ပေါ်လာပါတယ်။အခါတော်ပေးနတ်ရေးငယ်ရွှေစာ သာသနာရောင်လင်းကောင်းခြင်သည်ချိန်ခါ ဆိုတဲ့ တစ် ဘက်အိမ်က မင်္ဂလာတေးသံက နားထဲကိုမကြာခဏဆိုသလို့ဝင်ရောက်လာနေတယ်။ ကိုနေမင်းခ မင်္ဂလာပွဲတက်နေပြီဖြစ်သည်။ ကျွန်တော်ကတော့ ခံနိုင်ရည်မရှိမှာကြောက်လို့ အစ်ကိုဖေဖေစီစဉ်ပေးထားတဲ့  အိမ်မှာဘဲနေခဲ့လိုက်သည်။


         အခုမင်္ဂလာပွဲကျင်းပနေတဲ့ပွဲက  ကျွန်တော်သူငယ်ချင်းထက်ပို့ပြီသံယေားဇဉ်ကြီးရတဲ့ တစ်ဦတည်းသော အရင်းနီးဆုံးသူစိမ်းတစ်ယောက်ပင်ဖြစ်သည်။ သတိုးသမီးက သတိုး သားလက်ကိုတွဲပြီ ချစ်ပွဲဝင်နေကြပေမဲ့ တစ်ယောက်သောသူ၇ဲ့စိတ်တွေက သူ့ပွဲမှာမရှိတဲ့ ကျွန်တော် ထံရောက်နေမယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိနေတယ်။ အတိတ်ကံအကြောင်း မလှလို့ ဒီဘ ၀မှာ ဒီမျှနဲ့အဆုံးသတ်ရတော့မှာလားအစ်ကိုရယ်။


မင်္ဂလာပွဲပြီဆုံးလို့ ကိုနေမင်းခနဲ့မမနွယ်နီလင်းတို့ လင်မယားနှစ်ယောက် ဖေဖေစီစဉ်ပေးထားတဲ့ အိမ်ကိုပြန်လာတော့ ကျွန်တော် ရှောင်ပေးနေမိတယ်။ အမှန်က သတိုးသားနဲ့ သတိုးသမီးမင်္ဂလာယူပြီ ကြည်နူးနေရမဲ့ အချိန်မှာကျွန် တော်ဝင်မရှုတ်သင့်ဘူးလေဗျာ။ သူတို့လင်းမယာကလည်း ကျွန်တော်ကို မျက်စိအောက်က အပျောက်မခံဘူး ကိုနေမင်ခ အမျိုးသမီက ကျွန်တော်ထက်လပိုင်းလောက်ကြီးတယ်။ သူကကျွန်တော်ကို ဟိုအရင်စတွေတုန်းက အတိုင်း မောင်လေးလို့ဘဲ နွေးနွေးထွေးထွေးခေါ်ပြီ မမ မောင်လေးနဲ့ ခဏလောက်စကားပြေားချင်တယ် လို့တောင်းဆိုလာတယ်။


အမှန်က သူတို့ပြန်လာရင် ကျွန်တောအပြင်သွားမူးနေအောင်သောက်ပြီ ဒီနေ့ကိုကုန်လွန်မယ်လို့ဆုံဖြတ် ထားတာ။ အဲတာနဲ့ အင်းအစ်မ ပြေားလေဆိုတော့ အင်းအစ်မနဲ့မောင်လေးက ဟိုအရင်ကရေစက်ရှိလို့နေမှာတဲ့ အခုတစ်အိမ်ထဲမှာလည်းတူတူနေခွင်ရတယ်။ပြီးတော့ မောင်လေးကလည်းချစ်တဲ့ မောင်လေးကိုလည်းချစ်တဲ့
အစ်ကိုတစ်ယောက်လည်းရထားသလို မမကလည်း မမမြတ်နိုးတဲ့ ယောကျားတစ်ယောက်ကို ဘုရားသခင်က ပိုင်ဆိုင်ခွင့်ပေးခဲ့တယ်တဲ့။အစ်ကိုဖေဖေက အစ်မကိုအားလုံးပြေားပြထားတယ်။လက်ခံနိုင်အောင်ကြိုးစားပေးပြီ တော့ မောင်လေးနဲ့မမ ကိုလည်းတူတူနေပြီတည့်အောင် ပေါင်းဘို့ကို မေတ္တာရပ်ခံထားတယ်တဲ့။ အားလုံးက လည်း ကိုနေမင်းခကို စိတ်ချမ်းသာစေချင်တယ်။ မောင်လေးမရှိရင်လည်း မင့်အစ်ကိုက စိတ်ချမ်းသာမှာမဟုတ် သလို့ မမမရှိပြန်ရင်လည် ဦမင်းခန့်က စိတ်ချမ်းသာမှာမဟုတ်ဘူးတဲ့။


           ဒါကြောင့်မောင်လေးလည်း အရာအားလုံးကိုပွင့်ပွင့်လင်းလင်း ပြေားဆိုတိုင်ပင်ပြီတော့ အားလုံးအေး အေးပူပူ တူတူနေရအောင် လိုပြေားလာတယ်။ ကျွန်တော်အချစ်ဆိုတာကြီကိုလည်း အံသြမိတယ်။ ကိုယ်ကချစ် နေသမျှတော့ အရာအားလုံးကိုလက်ခံနိုင်အောင် ကြိုးစားပေးနေကြရတယ်။ မမကလည်း ကိုနေမင်းခကိုချစ်တဲ့ အတွက် ပတ်ဝန်းကျင်ကို ဆန့်ကျင်ပြီတော့ ရင်ဆိုင်ဘို့သတ္တိတွေရှိနေပြီ။ ကျွန်တော်ကလည်း ဘယ်ဟိုမိုမှ မထားနိုင်တဲ့ သဘေားထားကြီးပေးမှု့ကိုစတင်ပြီ ဇတ်လမ်းတစ်ပုဒ်ကို ကပြဘို့ အဆင်သင့် ဖြစ် နေကြပြီဖြစ်လေသည်။

          နောက်ဆုံးမှာတော့ ဖေဖေဦမင်းခန့်စီမံခဲ့တဲ့ မေတ္တာဇတ်လမ်းက ကျွန်တော်တို့သုံးယောက်အတွက် သဘေားထားကြီးစွာ ပျော်ရွင်ခဲ့ကြရပေပြီ။ခုဆိုရင်သားလေး မင်းခဇွဲပင် 10 နှစ်ဝန်းကျင်ရှိနေလေပြီ။ မမနွယ်နီ လင်းရဲ့ မေတ္တာတရာသည်လည် ကျွန်တော်နဲ့ကိုနေမင်းခအပေါ် လွန်စွာကြီးမာလှပါတယ်။ ကိုနေမင်းခနဲ့ ကျွန်တော်ရဲ့ ချစ်ခြင်းတွေကိုလည်းသူ၏အိမ်ထောင်သက်တစ်လျှောက်လုံ လွတ်လပ်စွာစီဆင်းခွင့်ပြုခဲ့သလို့ သားလေး မင်းခဇွဲကိုလည်း ကိုနေမင်းခ၏ဖခင် ဦမင်းခန့်အတွက် လက်ဆောင်ပေးခဲ့လေသည်။ ထိုအပြင် သားလေးကို ကျွန်တော်နာမည်ကိုပင်ယူပြီး မင်းခဇွဲဟုပင်ပေးလို့ သူ၏မေတ္တာတရားကို ထုတ်ဖော်ခဲ့သည်။


          ကျွန်တော်မျက်ဝန်းထက်မှာမျက်ရည်စတွေ ဝေသိနေလေပြီ။ ကိုနေမင်းသည်လည်း တောင်ရှည်ပုဆိုး တိုက်ပုံနှင်ခန့်ညားစွာရှိနေသလို့ မမနွယ်နီလင်းသည်လည်း မြန်မာအမျိုးကောင်းသမီးပီသစွာ ကျက်သရေရှိနေ လေပြီ။ ထိုအပြင် သားလေ မင်းခဇွဲသည်းလည်း လူကြီးတစ်ယောက်ကဲ့သို့တောက်ပစွာဝတ်စားထားပြီ သူ၏ဘိုးဘိုး ဦမင်းခန့်နှင့် မဏ္ဍပ်ရှေ့တွင် ခန့်ငြားစွာ ထိုင်နေလေပြီ။ ထိုမဏ္ဍပ်၏နောက်မှ ဖောင်းကြွစာလုံးများ ၏လှပမှု့သည် ကျွန်တော် မျက်ရည်တွေကိုညို့ယူနေလေပြီ။ ဘိုးဘိုးဦမင်းခန့်အား အမှူးထားပြီ ဖေဖေလေး ဒေါက်တာ ဇွဲသံဇဉ် ၊ ဖေဖေကြီ ဒေါက်တာနေမင်းခနှင့်ဒေါ်နွယ်နီလင်းတို့၏ တစ်ဦတည်းသောသာ မင်းခဇွဲ၏ ရှင်ပြုပွဲဟု့ ခန်းနာထည်ဝါစွာရေးထိုးထားသည်။


          အေးမျှသောအချစ်ကို  တည်မြဲသော စိတ်ထားတို့ဖြင့် မေတ္တာတရားကိုခိုင်မာစွာ တည်ထောင်ခဲ့ခြင်းအကျိုး တရားကြောင့် ပူလောင်ပြင်းပြတဲ့ ချစ်ခြင်းတွေကို ကျွန်တော်ရယ် ကိုနေမင်းခရယ် မမနွယ်နီလင်းတို့ စိတ်ဓါတ် ခိုင်မြဲစွာ ကျော်လွားနိုင်ခဲ့ခြင်းသည် အချစ်အပေါ်သစ္စာရှိခဲ့လေခြင်းအကျိုးဆက်ဟု ပြေားမည်ဆိုလျှင် မည်သူယှဉ်ပြိုင် ငြင်းဝံနိုင်မည်နည်း။

နေမင်းခ

Thursday, December 19, 2013

GTalk A/C လေးတွေဖလှယ်ရအောင်................

အားလုံးသော ဟိုမိုသူငယ်ချင်းတွေ ရင်းရင်းနှီးနှီးလည်ုးဖစ်........ဘာညာဘာညာလည်းဖစ်.........ပျင်းလည်းပြေ...........Gtalk A/C လေးတွေဖလှယ်ကြရအောင်ဗျာ.......ကျနော်ကတော့ myanmargaysheaven@gmail.com မှာအမြဲတမ်းရှိပါတယ်.......ချစ်ဆုံးတို့အကောင့်လေးတွေ Comment လေးမှာရေးရင် မိတ်ဆက်ကြရအောင်ဗျာ................ကဲ......Let's Goooooooo

ဟိုမိုသူငယ်ချင်းတို့အတွက် သတင်းကောင်းလေး........

ကျနော်ဆီကို Facebook ကနေ ကောင်လေးတစ်ယောက်အကြံလေးတစ်ခုပေးထားလို့ပါ။ ကျနော်ကိုယ်တိုင်လည်း ရှင်းရှင်းပြောရရင် အပုန်းလေးပါပဲ ခိခိ။ ကျနော်တို့ ခံစားခဲ့ရတာတွေ၊ နာကျင်ခဲ့ဖူးတာတွေရှိပါတယ်။ တကယ့်ယောင်္ကျားစစ်စစ်တစ်ယောက်ကို ချစ်မိတဲ့ ဂေးလ်တစ်ယောက်ရဲ့စိတ်ခံစားမှုမျိုးတွေပေါ့.....သူက အကို့ ဘလော့မှာ ကျနော်တို့ရင်ဖွင့်လို့ရရင်ကောင်းမှာပဲတဲ့.....ခုလည်း ကျနော်နားမထောင်ပေးတာတော့မဟုတ်ပါဘူး ကျနော်တက်နိုင်သလောက်တော့ နားထောင်ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တစ်ယောက်တည်းနားထောင်တာထက် ကျနော်တို့အားလုံး မျှဝေခံစားပြီး အကြံပေးလိုက်ကြရင်မကောင်းဘူးလား.....ဒါကြောင့် ကျနော် လည်း "ရင်ဖွင့်သံ" ဆိုတဲ့ အစီအစဉ်လေးတစ်ခုလောက်လုပ်ပေးချင်ပါတယ်။ ဒီတော့ သူငယ်ချင်းတို့ရဲ့ ရင်တွင်းခံစားချက်တွေကို စိတ်သက်သာရာရအောင် ဒီနေရာမှာ ရင်ဖွင့်လိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်.......တကယ်လို့ ရင်တွင်းခံစားချက်တွေဖွင့်ချပြီး ရေးသားထားတဲ့စာတွေကို ကျနော်တို့ရဲ့ Gmail လိပ်စာဖြစ်တဲ့ myanmargaysheaven@gmail.com သို့ ပေးပို့ရင်ဖွင့်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျ........

Monday, December 16, 2013

အေးမြတဲ့ ချစ်ခြင်း ထက်က တုနှိုင်းမဲ့ မေတ္တာတရား

အေးမြတဲ့ ချစ်ခြင်း ထက်က တုနှိုင်းမဲ့ မေတ္တာတရား
         

ကျွန်မသားငယ်နှင့်မျက်နှာချင်းမဆိုင်မိသည်မှာ တစ်လ၀န်းကျင်ခန့်ရှိလေပြီ။မိုးတွေရွာတဲ့ နေ့ တစ်နေ့က သားနဲ့ကျွန်မတို့ တိုက်ပွဲပြင်ထန်ခဲ့ပြီထင်တယ်။ကျွန်မကိဘအရာမှာနေတဲ့ သူတစ်ယော က်ဖြစ်တယ်။ သားသမီဆိုတာမိဘစီမံသောအရာကိုနာခံရမှာကသားသမီးဝတ္တရာဖြစ်တယ်လို့ ကျွန်မယုံကြည်တယ်။ ကျွန်မ သားကိုမွေးပြီး ၁၀နှစ်လောက်မှာဘဲသားဖခင်ဆုံးပါသွားခဲ့သည်။ သားကို လူတစ်လုံးသူတစ်လုံးဖြစ်ပြီအင်ဂျင်နီယာတစ်ယောက်ဖြစ်အောင် မုဆိုးမတန်မဲ့ ကျွန်မချွေးသွေးတွေနဲ့ပြုစုပျိုးထောင်ခဲ့တာ သားကိုဒီလမ်းကိုရွေချယ်စေဘို့မဟုတ်ဘူး။



          လွန်ခဲ့သောလရဲ့တစ်ဆယ်သုံးရက်နေ့က သားနဲ့ကျွန်မစစ်အေးတိုက်ပွဲနှင့်တူသော စကားတွေ ပြားခဲ့မိတယ်။ အမှန်ဆို အသက်၂၅ှစ်အရွယ်ယောက်ကျားပျိုတစ်ယောက်ကို အိမ်ထောင်ချပေး ဘို့ပြေားကြာခြင်းသည် မှားယွင်းသော စကားဖြစ်ပါမလား။ကျွန်မကိုယ်တိုင်ကလည်းငယ်စဉ်ကထဲက မိ ဘစကားကို မြ၀ယ်မကျနာထောင်ခဲ့သောကျွန်မ၏တစ်ဦတည်းသောသာကို ရာနုန်းပြည် ယုံ ကြည်ထားခဲ့သောကြောင့်မိန်းကလေးရှင်နှင့်ပင်လင် ပြေားစရာရှိသော ကိစ္စများအားလုံးကိုပြေားကြားထားခဲပြီးဖြစ်လေသည်။


          ကျွန်မသည်ဒီပွဲတစ်ပွဲမှာ သားတစ်ယောက်ကိုဂုဏ်ရှိန်မြင့်မြင့်နဲ့တင့်တင့်တယ် တယ် ဖစ်ထွန်းစေဘို့အတွက်ကျွန်မအတ္တကြီပါရစေ။သားမင်းကို အမေအိမ်ထောင်ချပေးတော့မယ် လိုပြေားတဲ့အချိန်မှာသားထံမှမည်သည့်စကားသံမျှထွက်မလာပါ။ဟုတ်ကဲ့အမေ့ဟုမပြေားခဲ့သလို အိမ်ထောင်မပြုချင်ပါဟုလည်ကျွန်မကိုမငြင်းခဲ့ပါ။ ထိုအတွက်ကြောင့် ကျွန်မသည်လည်း မည်သည် ပြသ၁နာမှမရှိဟုယူစပြီ သားမင်္ဂလာပွဲအတွက် လိုအပ်သည်များကိုကျွန်မသူငယ်ချင်းနှင့်တိုင်ပင် လုပ်ဆောင်ဘို့ အဆင်သင့်ဖြစ်နေပေပြီ။သားငယ်နှင့်လက်ထပ်ထိန်းမြားပေးမည်သူသည်လည်း ကျွန် သူငယ်ချင်း၏သမီးဆရာဝန်တစ်ယောက်ပင်ဖြစ်သည်။ သားနှင့်လည်းလိုက်ဖက်ပြီးရှ့သွားနောက် လိုက်ညီပေးမည်။ ဒါတွေအားလုံးအားသားဘ၀ရှေ့ေ၇းကောင်းစားဘို့အတွက် ကျွန်မဒီပွဲမှာနိုင်မှဖြစ် မည်ဖြစ်သည်။


           သားသမီမြေးမြစ်တွေဝေစီနေတဲ့ အးမြတဲ့အိမ်လေးတစ်လုံးမှာကျွန်မက သား ငယ်ရဲ့ ကလေးတွေကိုထိန်းကြောင်းနေတဲ့အဘွားကြီးတစ်ယောက်အဖြစ်စိတ်ကူးယဉ်မိတာကျွန်မမှာ လားရှင့်။ဘယ်လောက်ပျော်ရွင် ဘွယ်ကောင်းလိမ့်မလည်း။ကျွန်မ မင်္ဂလာပွဲကိစ္စပြေားပြီတဲ့နောက်ပိုင် သားရုံးပြန်လာတဲ့ တစ်ချို့ရက်တွေဆို ထမင်းတူတူတောင်လာမစားတော့တဲ့ အပြင်အရက်နံတစ်ချို့တစ်ဝက်ကိုလည်း ကျွန်မရနေတယ်။ သားကိုအိမ်ထောင်ပြုဖို့ တိုက် တွန်းခဲ့ပြီ အားတက်သရေား ဆောင်ရွက်မှု့တွေအတွက်များသားစိတ်ဆင်းရဲနေသလားမသိဘူး။အို ဘာကိစ္စဘဲဖြစ်ဖြစ် ဒီပွဲမှာကျွန်မပြေားတဲ့အတိုင်းအားလုံးဖြစ်စေရမယ်။


         ဒီနေ့ရာသီဥတုကလည်းဟိုအရင်သားကိုမင်္ဂလာကိစ္စနဲ့စကားပြေားခဲ့တဲ့နေ့ကလိုအုံမှိုင်းနေတယ် ဒီနေ့တော့သားနှင့် အပြတ်ဆွေးနွေးမှဖြစ်တော့မည်။ညနေစာထမင်း အိမ်ကို ပြန်မစားသော ကိစ္စနှင့်အပြန်သောက်သောက်လာခြင်းအကြောင်းကိုကျွန်မသေချာစွာသိရမှဖြစ်ပေတော့မည်။ ညနေရုံးချိန်ကျော်ငါးနာရီပတ်ဝန်ကျင်လောက်မှာသာပြန်လာနေပြီ။ဒီနေ့လည်းသားရဲ့ဖြူဖွေးတဲ့ အသားအေ၇က အယ်ကိုလ်ဟေားတန်ခိုးဖြင့်နီမြန်နေလေပြီ။ အရင်ကဆို မြဲစမတ်ကျ သပ်ရပ်နေတတ်သောကျွန်မ သားလေး ဘယ်လိုအကြောင်းကြောင့်များဒီလိုတွေဖြစ်ကုန်တာလည်းဆိုတာကိုကျွန်မသေချာသိချင်လှ၏။ သာပြန်ရောက်တော့ သားထမင်းစားမယ်လိုပြေားတော့ စားနှင့်အမေ သားအပြင်ကစားလာခဲ့ပြီတဲ့။ အေးသား  ဒါဆိုလည်းအမေစကားပြေားစရာရှိတယ် သာအ၀တ်လဲပြီရင်အမေ့အခန်းကိုလာခဲ့လိုခေါ်ပြီတော့  ကျွန်မ အခန်းထဲ့ကနေစောင့်နေလိုက်တယ်။နောက်  မိနစ်လောက်ကြာတော့ သားကျွန်မအခန်းတံခါးကိုဖွဖွလာခေါက်နေပြီ သားဝင်ခဲ့ အမေရှိတယ်လို့ အသံပေးလိုက်မှသားကအိမ်နေရင် အ၀တ်အစာ တစ်ပတ်နွမ်းနဲ့ အခန်းထဲကိုဝင်လာတယ်။


          ကျွန်မသားမျက်နာကိုမ်နေ၀တ်နဲ့များစွာမြင်ဖူးပါတယ်။ဒါပေမဲ့ခုနောက်ပိုင်းမှာမှ သားမျက် နာကပိုနွမ်းနေသလိုပါဘဲလာ။ အို ကျွန်မစိတ်ထင်လို့နေမှာပါလို အာတင်းရင်သားမျက်နာကို သချာ ကြည့်ပြီ သားနဲ့မေမေ တစ်ခုခုတော့ဆွေးနွေးဖို့လိုပြီလို့အမေထင်တယ်သား လို့စကားအစပျိုးလိုက် တယ်။အဲတော့ သားကလည်းဟုတ်မေမေ သားလည်းနွေးနွေးဘို့လို နေပြီလိုထင်ပါတယ်လို ပြေားလာ တယ်။ကဲဒါဆိုလည်းသာအရင်ပြေားမလား မေမေအရင်ပြေားရမလားလို့ဆိုတော့မေမေအရင် ပြေားပါတဲ့။ အင်းဒါဆိုလည် မေမေပြေားမယ်နော်သာကိုမေမေမင်္ဂလာကိစ္စပြေားပြီတဲ့နောက်ပိုင်း ညပိုင်းထမင်းမစားတဲ့နေ့တွေ သောက်လာတဲ့နေ့တွေများလာတာကိုမေမေသိချင်တယ်။ဘာအ ကြောင်းကြောင့်လည်းသား ပွင့်ပွင့်လင်းလင်းပြေားဘာမှအာမနာနဲ့ အဲကောင်မလေးကို မကြိုက်ဘူ လို့ဆိုရအောင်လည်းဘာမှငြင်းစရာမရှိဘူး။ ပညာတတ်ဆရာဝန်ပြီတော့ မေမေ့သူငယ်ချင်းရဲ့သမီားနဲ့လည်း ငယ်သူငယ်ချင်း ဘာတွေများလိုအပ်နေလည်းသား။


          ကျွန်မအဲလိုလည်းမေးလိုက်တော့ သားကကျွန်မမျက်နှာကိုသေချာမကြည့်ဘဲ ခေါင်းကိုငုံထား ယ်။ ကျွန်တော်အမှန်အတိုင်းဖြရမလား မေမေလို့မေးလာတယ်။ အင်းသားအမှန်အတိုင်းဖြေပါ။သားနဲ့မေမေနဲ့ တိုင်ပင်ပြီးဒီနေ့ဆုံးဖြတ်ချက် ဒုတိယအကြိမ်ထပ်ချတာပေါ့ကွယ်လိုကျွန်မပြေားလိုက် တယ်။ သားပြေားလိုက်တဲ့ တစ်ခွန်းက ကျွန်မဆံပင်တွေတောင်မျက်လုံးတွေ ပြူသွားစေတယ်။ သား ကျွန်မကိုပြေားတဲ့ စကားတစ်ခွန်းကကျွန်တော်အမျိုးသမီးတွေကို လက်ထပ်ပြီးပေါင်းသင်ဘို့ စိတ်အားထက်သန်တဲ့ သူတစ်ယောက်မဟုတ်လို့ပါမေမေတဲ့ဘုရား ဘုရား လေားကကြီးဘာတွေဖြစ်ကုန်ပြီလည်း။ ဒါဆိုကျွန်မသားလေးက အို   မဖြစ်နိုင်ဘူး ကျွန်မသားကိုပြုစုပျိုးထောင်လာတာ ဒီလိုဘ၀နဲ့ရှင်သန်စေဖို့မဟုတ်ဘူး။မဖြစ်ရဘူး။မဖြစ်ရဘူး။


          သားမင်းမိန်းမ မလိုချင်တာနဲ့မေမေ့ကိုမဟုတ်တာတွေမပြေားပါနဲ့သားရယ်။ မဟုတ်ဘူးမို့လား သားမေမေ့ကိုစနေတာမို့လားသားငယ်လို့ပြန်မေတော့ အမှန်တရားပါမေမေရယ်သားမငြင်းတာက မေမေ မျှော်လင့်ချက်တွေကိုရိုက်ချိုးမိသလိုဖြစ်သွားမှာဆိုးလို့ပါတဲ့။ အေးသား မေမေပြေားတာသေချာမှတ်သွားမင်းဘာဖြစ်နေဖြစ်နေ အိမ်ထောင်ပြုရမယ်။ ဘာကြောင့်လည်းဆိုတော့င်းကိုမေမေမွေးထားတာယောကျားတစ်ယောက် အဖြစ်ရှင်သန်နေထိုင်နိုင်ဘိုဘဲ့။ ဒီနေ့ကစပြီ မင်္ဂလာပွဲကိုပိုမို နီကပ်စွာကျင်းပနိုင်ဘို့ မေမေစီစဉ်သွားမယ်။ မေမေပြေားတဲ အတိုင်းမင်းလိုက်လျှော့ဖို့ဘဲ စဉ်းစားထားပါ ဒါမေမေမင်းကိုနာက်ဆုံးသတိပေး ခြင်းဘဲလို့ပြေားပြီ သားကို သူအခန်းကိုပြန်ခိုင်းလိုက်တယ်။


          တစ်ရက်တစ်ရက်နဲ့ မင်္ဂလာပွဲကြီးကလည်း နီကပ်လာနေလေပြီ။ပွဲနီးလေလေ သားရဲ့ဒေါင်ချာ စိုင်းနေတဲ့ နေ့တွေကပိုမိုများလာလေလေပါဘဲ။ကျွန်မလည်း သောက်ချင်သလောက်သောက်ပစေ။ မင်္ဂလာပွဲမှာသတိုးသာဝတ်စုံကို ဆင်မြန်ပြီး သားပွဲတက်ရင်ပြီပြီဆိုတဲ့အမြင်ကိုဘဲအတ္တကြီးကြီး ကိုင် စွဲထားတယ်။ သဘက်ခါဆိုရင် ကျွန်မသားနှင့်ဒေါက်တာတို့မင်္ဂလာပွဲပြုလုပ်ရမည့် မင်္ဂလာအချိန် ရောက်တော့မယ်။ကျွန်မမျှော်လင့်ချက်တွေလည်း ပြည့်ဝတော့မဲအချိန်ရောက်တော့မယ်။သတိုးသမီ ဘက်ကလည်း ကျွန်မနှင့်နှစ်အိမ့်တစ်အိမ်ရင်းနှီးနေတဲ့ သူတွေဖြစ်တဲ့အတွက် အားလုံကိုယုံကြည်ပြီကျွန်မကို ပုံအပ်ထားတဲ့ အတွက် ဘာပြသ၁နာမှမဖြစ်နိုင်ဘူး။ အားလုံးကျွန်မစိတ်တိုင်းကြဘဲ။


          လေားကမှာ မထင်မှတ်ထားတဲ့အရာတွေအများကြီးပြောင်းလဲနိုင်တယ်ဆိုတာကြီကိုမင်္ဂလာပွဲမလုပ်ခင်တစ်ရက်အလိုမှာကျွန်မမျက်ဝါးထင်ထင်တွေ့လိုက်ရတယ်။နာရီပြန်တစ်ချက်တီးအ ချိန်လောက်မှာသားအခန်းက တစ်ခုခုပြိုလဲသံကြားလိုက်တယ်။ ကျွန်မသားအခန်းကိုသွားကြည့်တဲ့ အချိန်မှာသားကသွေးတွေနဲ့လဲနေလေပြီ။ ဘုရားဘုရား သားဘာမှမဖြစ်ပါစေနဲ့။ နောက်ကျွန်မသူငယ် ချင်းထံဖုန်းဆက်ပြီကားနဲ့ားကိုဆေးရုံကိုပို့ဖို့မြန်မြန်ဆောင်ရွက်နေတယ်။ ဒီနေ့မှ သားနဲ့လက်ထပ်မဲ့ ဆရာဝန်မလေးကလည်းသူအဖေပြန်လာမှာမို့ တစ်ခြားမြို့ကိုသွားကြိုနေတာနဲ့ကြုံရတယ်။ ဆေးရံကိုသွားတဲ့ လမ်းတစ်လျှောက်မှာ ကျွန်မစဉ်းစားမိတယ်။ ခုအချိန်မှာများကျွန်မသားကို ဆုံးရှုံးရရင် သားနဲ့ပတ်သက်ပြီမှ ဖြစ်ပေါ်လာမည့်မြေးလေး ပြီတော့ပညာတတ် ချွေးမ ဘယ်အရာကိုကျွန်မ မြတ်နို တန်ဘိုးထားနိုင်ပါမည်နည်း။သချာတယ် မြေးမရှိချွေးမ မရှိလည်းကျွန်မနေနိုင်တယ်။ ကျွန်မသားကိ တော့အဆုံးရှုံးမခံနိုင်မယ်မထင်ဘူး။သားမရှိဘဲ ကျွန်မဘ၀ကြီး မရှင်သန်ချင်ဘူး။


            ကားကိုသာမောင်းနေရတယ် ကျွန်မကားမောင်းတာကိုစိတ်မ၀င်စားဘဲကျွန်မသားလေး မျက် နာကိုဘဲ ကြည့်နေမိတယ်။မေမေမှားပြီထင်တယ်သားရယ်။ ခုချိန်မှာ သားလေးဆုံးပါသွားလို့မဖြစ်ဘူး။ မိနစ်၂၀ လောက်မောင်းပြီတော့ ဆေးရုံကိုလှမ်းမြင်နေရပြီ။ ကားကိုဆရုံးဆင်ဝင်းအောက်မှာထိုး လိုက်တဲ့ အချိန်မှာ ဆေးရုံအလုပ်သမားတွေသားကိုလာသယ်သွားတယ်။နောက်ဆရာဝန်တွေဆရာမတွေတွေကိုလည်းကျွန်မသတိမထားမိတော့ဘူး။ ခွဲခန်းဝင်ရမယ်ဆိုပြီလက်မှတ်ထိုးခိုင်းတဲ့ အချိန်ရောက်မှဘဲ ကျွန်မသားလေကိ  OTထဲခေါ်သွားပြီမှန်းသိလိုက်ရတယ်


            သားကို ခွဲစိတ်ခန်းဝင်နေတဲ့ အချိန် ကျွန်မခွဲခန်းရှေ့မှာလမ်းလျှောက်နေရင် မျက်ဝန်းထက်မှာ အရင်က အရိပ်တွေပြန်မြင်ယောင်လာမိတယ်။နေ့စဉ်ရက်ဆက် သောက်လာတဲ့ အရက်တွေ ပြီတော့ညစာကောင်းကောင်းမစာလို့ တစ်လ၀န်ကျင်အတွင်းပိန်လီသွားတဲ့သားခန္ဓာကိုယ် နောက်အလုပ် ကပြန်လာတိုင်း ညညမအိပ်ဘဲနေလို့ချိုင့်ဝင်နေတဲ့ာမျက်ဝန်းတွေ ကိုကျွန်မဘာလို့များ သတိမထား မိတာလည်း။သေချာသတိမထားမိတာ မဖြစ်နိုင်ဘူး။


ကျွန်မသားပေါ် အနိုင်ယူလိုစိတ်နဲ ကျွန်မမျက်ဝန်း တွေကို အမှောင်ချထားခဲ့တာ။နောက် အရေးကြီးတဲ့ တစ်ချက်ကိုလည်းကျွန်မစဉ်းစာမိတယ်။သားကမိန်းမသားတွေ ကိုစိတ်မ၀င်စားတဲ့ သူ တစ်ယောက်ဖြစ်နေတော့ကောကျွန်မ စွန့်လွတ်နိုင်ပါမည်လား။ ဘယ်လိုမှစွန့် နိုင်မယ်မထင်ဘူး။သားကမိန်းမသားတွေကို စိတ်မ၀င်စားတဲ့သူတစ်ယောက်မကလို စိတ်မအောင်ရူးသွပ်နေတဲ့ လူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တောင် ကျွန်မ တစ်ပြားသာမှစွန့်လွတ်ဘို့ စိတ်ကူးမရှိဘူး။ မေမေသားကိုအရမ်းချစ်တယ်သားရယ်။ သားကျမ္မာရေးကောင်းလာရင် သားမကြိုက်တဲ့ အိမ်ထောင်အတင်းပြုခိုင်းရေစီရင်ချက်တွေမေမေ မချမှတ်တော့ ပါဘူးသားရယ် ကျးဇူးပြုပြီ ခွဲခန်းကနေအောင်အောင်မြင်မြင်ထွက်လာပါစေ။


            နောကမိန်းမသားတစ်ယောက်ကို စိတ်ဝင်စားမှု့ ကင်းမဲ့သောသူတစ်ယောက်ကို အတင်းအိမ်ထောင်ပြုခိုင်းခြင်းဖြင့် ကျွန်မသားလေ ရင်ဆိုင်ရမဲ့အိပ် ယာထက်က အချစ်မပါတဲ့ ရာဂပြင်းပြင်း အလွမ်းဇတ်လမ်းတွေကိုလည်းကြိုမြင်လာမိတယ်။ ကျွန်မ ဒီအချိန်မှာ အတ္တကိုရူးရူးမိုက်မိုက် ကိုးကွယ်လိုက်ရင်ကျွန်မသားလေးကိုအတင်းလက်ထပ်စေခြင်းဖြင့် သားလေးမြတ်နိုးမှု့ ကင်စွာပိုင်ဆိုင်ရမဲ့ သတိုးသမီး။ ပြီတော့ မြောက်များစွာသော အိမ်ထောင်တာဝန်တွေအပြင်ပတ်ဝန်းကျင်ကိုဟန်ဆောင်ရမဲ့ တာဝန်တွေပါားလေးပေါ်ပိလာအောင်တွန်းပို့တဲ့ တရာခံဖြစ်တော့မလို့ပါလားသားရယ်။ မေမေလေသားကိုချစ်တဲ့ အတွက် သားစိတ်ချမ်းသာမယ်သားပျော်ရွင်မယ်ဆိုရင်သားခံစားချက်နဲ့ ကိုက်ညီတဲ့ဘယ်ဘ၀လမ်းကိုဘဲသားရွေးချယ်ရွေးချယ်မေမေကျေကျေနပ်နပ်ကြီလက်ခံလိုက်ဖို့ ဆုံးဖြတ် လိုက်ပါပြီ။


            နောက်သားခွဲစိတ်ခန်းကအန္တရယ်ကင်းကင်းထွက်လာခဲ့တဲ့အချိန်မှာသားမြတ်နိုးစွာရွေးချယ်မဲ့ဘ၀လမ်းတစ်လျှောက်အတွက် မေမေက သားအတွက်တိုင်ပင်ဖော်အားထားရာသာ ဖြစ်စေရမယ်။ ဘယ် သောအခါမှ သားရဲ့မြတ်နိုးမှု့တွေကိုကာဆီးထားတဲ့ တံတိုင်းတစ်ခုမဖြစ်စေရဘူး။ သားပေါ်ကျရောက်လာမဲ့အရာတွေအားလုံးကိုသားနဲ့တူတူမေမေယှဉ်ဆိုင်သွားဖို့ သားကျမ္မာနေမှဖြစ်မယ်သားရယ်။ကျွန်မပရိတ်သတ်ကြီးကိုလည်းတစ်ခုလောက်မေးချင်ပါတယ်။ တစ်ကယ်လို့များကိုယ်ရဲ့သားသမီ မောင်နှ အသိုင်းအ၀ိုင်းကြားမှာ လိင်တူကိုမှ စိတ်ဝင်စားပြီးအမျိုးသမီးတွေကို စိတ်ဝင်စားမှု့ကင်းမဲ့တဲ့သူ တစ်ယောက်ရှိနေခဲ့လို့သူတို့အသက်အန္တရယ် နဲ့ မိမိအတ္တ အရှက် ဂုဏ်သိက္ခာတို့အားပြိုင်ကြမယ်ဆိုလျှင် မည်သည့်ဘက်ကိုများ ရွေချယ်ကြမည် ဆိုတာကိုကျွန်မသိချင်လိုက်တာရှင်။

နေမင်းခ