Sunday, May 5, 2013

Video Collection 13


Video Collection 12


Video Collection 11


Video Collection 10 (ဒါ ဘယ်သူလဲတော့ သိမှာပေါ့)


Video Collection 9


Video Collection 8 (Korean Cute Boy)


Video Collection 7


Video Collection 6


Video Collection 5


Mdy သင်္ကြန်မှာ Nge တေဇနဲ့ တူတူ အမုန်းကဲရအောင် ဗျာ .........( ၁ )


{ ယခု story တွင် ဖော်ပြသော အကြောင်းအရာ၊ အချက်အလက် ဒိုင်ယာလော့ခ် များသည် စာရေးသူအနေဖြင့် တစ်စုံတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက် ဆန္ဒများဖြင့် ရေးသား ထားခြင်းမဟုတ်ပါ။ မတော်တဆများ တစ်စုံတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာသွားသော အခြေအနေများဖြစ်သွားပါက စာရေးသူအနေဖြင့် ကြိုတင် အနူးအညွတ်တောင်းပန်အပ်ပါတယ်ဗျာ။ }

{ Mdy သင်္ကြန်ကို ပုံရိပ်ဖော် ရေးသားမည်ဖြစ်ပါသောကြောင့် ကျနော်တို့ရဲ့ ရွှေမန်းလေးမြို့ (သို့) မန်းလေးသင်္ကြန်ပုံရိပ် (သို့) မန်းလေးမြို့သူမြို့သားများ ကို ထိခိုက်နစ်နာသွားသော အကြောင်းအရာ အချက်အလက် ဒိုင်ယာလော့ခ် များပါရှိသွားပါက

စာရေးသူအနေဖြင့် ရွှေမန်းလေးမြို့ (သို့) မန်းလေးသင်္ကြန်ပုံရိပ် (သို့) မန်းလေးမြို့သူမြို့သားများကို လက်အုပ်ချီမိုး သြကာသကန်တော့ချိုးဖြင့် ယခုစာရေးနေသော နေရာမှ ၀န်ချကန်တော့ တောင်းပန်အပ်ပါ တယ်ဗျာ........ }


အလွန်ပူပြင်းလှသော နေ့ခင်းအချိန်ခါသမယ ရတနာပုံရွှေမြို့တော် မန်းလေးမြို့ သိပံ္ပလမ်းတောင်ဘက် ဗိုလ်ချုပ်ရွာထဲတွင် အိမ်တိုင်းလိုလို တိတ်ဆိတ်ညိမ်သက်နေသော်လည်း

ကျနော်တို့ရဲ့ အိမ်မှာတော့ တိုက်ပွဲခေါ်သံတွေ စတင်နေပါပီဗျာ ......

......""  ဟာ မားမားကလဲ ဒါပဲလား ဘယ်လိုလုပ် တစ်သိန်းထဲနဲ့ လောက်မှာလဲ ????????? ကားခ  မဏ္ဍပ်ထိုင် ဘော်ဘော်တွေနဲ့စားဖို့သောက်ဖို့ တစ်သိန်းထဲ ပေးတာတော့ မမိုက်ပါဘူး မားမားကလဲ......""

ကိုလတ် စိုင်းလင်းတေဇထက် ဖုန်းနဲ့ဂိမ်းဆော့ရင်းရုတ်တရက်ရပ်တန့်ကာ မားမားကိုညော်စီသံ စတင် ထွက်ပေါ်လာပါပီ

ကိုကြီး စိုင်းဘုန်းတေဇခန့်ကတော့ စာအုပ်ဖတ်ရင်း ပြုံးနေလေရဲ့

ကိုညီ စိုင်းဖြိုးတေဇဝေကလဲ ဘောလုံးဂျာနယ်ဖတ်ရင်း......"" ဟုတ်တယ် မားမား အဲဒါတော့ မမိုက်ပါဘူး နဲနဲတိုးပေးပါအုံး ......""

ကျနော် စိုင်းမင်းတေဇထက် () စိုင်းငယ်တေဇကတော့ သူတို့တွေ တောင်းဆိုတာကို စောင့်ကြည့်ရင်း tv channel တွေကို တစ်လိုင်းပီးတစ်လိုင်းပြောင်းနေမိပါရဲ့ ( စာဖတ်သူများ ခင်ဗျာ ကျနော့် နာမည်အရင်းက စိုင်းမင်းတေဇထက် ဖြစ်ပါတယ်ဗျာ )

......"" နင်တို့လေးယောက်ကို တစ်ယောက်တစ်သိန်း လေးသိန်းတောင် ငါပေးရတယ်လေ နင်တို့ပါးပါး ဆီကလဲ နင်တို့တောင်းအုံးမှာမို့လား တော်ပီ ဒါဒိတ်ကုန်ပဲ ဈေးညှိစရာမရှိ လိုချင်ရင်ယူ မလိုချင်ရင် ကန်တော့ ဆွမ်းပဲ ......""

......"" ဟာ မားမားကလဲ ပါးပါးဆီကလဲ အလွန်ဆုံးရရင် တစ်သိန်းပေါ့ဗျာ မားမားတစ်သိန်း ပါးပါးတစ်သိန်း ဘာလုပ်လို့ရမှာလဲ နဲနဲလောက်တိုးပေးပါအုံး ......"" လင်းတေဇ ဈေးညှိတာတော့ဖြစ်တယ်ဗျ သူက စီးပွားရေးသမားလေ

......"" တော်ပီ လင်းတေဇ ဒါပဲ နင်တို့မှာကိုယ်ပိုင်ဝင်ငွေရှိတယ် ငါထပ်မပေးနိုင်ဘူး ဒါတောင် သင်္ကြန်မို့ အမေတစ်ယောက်က သားတွေကိုမုန့်ဖိုးပေးတဲ့အနေနဲ့ပေးတာ အမှန်ဆိုပေးဖို့တောင်မသင့်တော်ဘူး ပီးတော့ နင်တို့ပိုက်ဆံရှိလို့မဏ္ဍပ်တောင်လုပ်အုံးမှာမို့လား ကဲ ဘုန်းတေဇ ဖြိုးတေဇ ငယ်တေဇ တစ်ယောက်တစ်သိန်း လာယူ မယူရင်ငါ ပြန်သိမ်းမယ် ......""

ကျနော်တို့တွေအလျင်အမြန်ထပီး မားမားပေးတဲ့တစ်သိန်းကို အမြန်ယူရတာပေါ့ဗျာ ဒီအချိန်မှာ နောက်ကျတဲ့ ခြေထောက်က သစ္စာဖောက်ပဲလေဗျာ ကိုယ်စီ ကိုယ်စီ ပိုက်ဆံရပီးတဲ့အချိန်မှာတော့ အိမ်ရှေ့မှ ကားဝင်သံ ကြားလိုက်ရပါတယ်

......"" ဟေး ပါးပါးပြန်လာပီ မုန့်ဖိုးတောင်းရမယ် ......"" ကျနော့်အသံက အရင်ဆုံးထွက်ပေါ်သွားပါတယ်

ပါးပါး အိမ်ထဲသို့ဝင်လာသည်နှင့်တစ်ပြိုင်နက်

......"" ဒီမှာ ရှင့်သားတွေက မုန့်ဖိုးတောင်းဖို့ စောင့်နေကြတယ် ဖေကြီး ......""
......"" ဒါကြောင့် အိမ်မှာ ကားရော ဆိုင်ကယ်ရော ဖိနပ်တွေရောစုံနေပါတယ် ထင်နေတာ ငါ့သားတွေ အိမ်ကပ်နေတာကိုး ......""

......"" မုန့်ဖိုးနောက်မှပေးပါ ဖေကြီးရော့ အအေးအရင်သောက်လိုက်အုံး......"" မားမားက ပါးပါးကို အအေး ခွက်ကမ်းပေးလိုက်တာတွေ့တော့ ကျနော့်မှာရင်ထဲမှအတိုင်းမသိကျေနပ်မိပါတယ် ဘာလို့လဲမသိဘူးဗျာ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာဆက်ဆံတဲ့စုံတွဲလေးတွေဆို ကျနော် တော်တော် သဘောကျတယ် ဗျ အိုဗာတင်းလွန်းရင်လဲ စောက်မြင်ကပ်တယ် ဆွဲဆွဲ လုပ်ချင်တာဗျ ဟိ ဟိ

......"" မုန့်ဖိုးတောင်းမဲ့ ငါ့သားတွေကလဲ ပါးပါးနားကို လာကြလေကွာ ဒါမှ ပါးပါးကပေးလို့ရမှာပေါ့ ......""

ပါးပါးပြောတာလဲ မှန်ပါတယ်ဗျာ ကျနော်တို့တွေက ကိုယ်လုပ်ချင်တာလုပ်နေရရင် ဘေးက လူတွေကို သိပ်ပီး ဂရုမစိုက်ကြပါဘူး

ပါးစပ်ကသာမုန့်ဖိုးလိုချင်တယ် တဖွဖွပြောနေကြတာ မားမားပေးတဲ့တစ်သိန်းလဲ ရပီးရော ဘုန်းတေဇကလဲစာအုပ်ဆက်ဖတ် ဖြိုးတေဇကလဲဘောလုံးဂျာနယ်ဆက်ဖတ် လင်းတေဇကလဲ ဂိမ်းဆက်ဆော့နေပီး ကျနော်ကတော့ tv ကြည့်မပျက်ပေါ့ဗျာ

ပါးပါးနဲ့မားမား ထိုင်နေတဲ့နေရာနားမှာ တစ်ယောက်မှမရှိကြပါဘူး တစ်ယောက်တစ်နေရာစီ ကိုစိတ်ဝင်စား ရာကိုပဲ အလုပ်လုပ်နေမိကြပါတယ်

ကျနော်တို့လေးယောက်လဲ လုပ်လက်စကိစ္စတွေကို အမြန်ရပ်တန့်ပီး ပါးပါးနဲ့ မားမား ထိုင်နေတဲ့ နေရာနားသို့ အမြန်ခစားရတာပေါ့ဗျာ မဟုတ်ရင်မုန့်ဖိုးမရဘဲနေမှာလေ

......"" ကဲ သားတို့လေးယောက်ကိုမုန့်ဖိုးမပေးခင် မနက်ဖြန်ဆိုအကြိုနေ့ရောက်ပီ သားတို့ သင်္ကြန်အစီအစဉ် တွေဆွဲပီးလောက်ရောပေါ့ သားတို့သင်္ကြန်အစီအစဉ်တွေကို ပါးပါးကို အရင်ပြောပြပါအုံး ......""

ဘုန်းတေဇက ......"" လင်းတေဇနဲ့မဏ္ဍပ်ရှယ်ယာဝင်ထားတယ် မဏ္ဍပ်မှာပဲ ကျနော်ရှိနေမှာပါ ဘော်ဘော်တွေ လာခေါ်ရင်တော့ ခဏလည်ဖြစ်မယ်ထင်တယ် ကျနော်ကတော့ ......""

ဖြိုးတေဇက ......"" ကျနော်လဲရှယ်ယာထည့်ထားတယ် ပါးပါး ဒါပေမဲ့ ကျနော်ကလည်မှာပါးပါး ......""

လင်းတေဇ ......"" ကျနော်ကတော့လည်လို့မရဘူး မဏ္ဍပ်က ကျနော်တို့လေးယောက်နဲ့ ကျနော့် ဘော်ဘော်လေးယောက်စုလုပ်တာဆိုတော့ ကျနော်တို့ဘက်ကကျနော်ရှိနေမှဖြစ်မှမို့ မလည်တော့ဘူး မဏ္ဍပ်မှာပဲ ရှိမှာ ပါးပါး ......""

ကျနော်ကတော့ ......"" သားသားက လည်မှာ ပါးပါး မဏ္ဍပ်မှာတော့ ခဏနေမယ် ကဲမယ်လေ အားရပါးရပေါ့ နော ပါးပါး ......""

......"" ကဲ ဟုတ်ပါပီ လည်တာလဲလည်ပေါ့ ကို့ကိုယ်ကိုထိန်းပီးလည် မဏ္ဍပ်လုပ်မယ်ပြောတော့ မဏ္ဍပ်ကရော ဘာတွေစီစဉ်ထားလဲ ပါးပါးကိုပြောပြအုံး ......""

......"" နင်တို့လေးကောင်နော် တစ်ခုခုဖြစ်ရင် ကို့ကိစ္စကိုနိုင်အောင်ရှင်း ပီးမှ ပါးပါးကယ်ပါအုံး မားမားကယ်ပါ အုံးလာမလုပ်နဲ့ နင့်ပါးပါးနဲ့ငါ ဘယ်မှလိုက်ရှင်းမပေးနိုင်ဘူး ......"" မားမားရဲ့သတိပေးသံကြားမှ ကျနော် တောင် ကျောထဲစိမ့်သွားတယ်ဗျာ

......"" ဟာ မင်းကလဲ ကလေးတွေကိုကွာ လုပ်ပါစေ တစ်ခုခုဖြစ်ရင်လဲကိုယ်တို့တွေက နောက်ကလိုက်ရှင်း ပေးရမှာပေါ့ အဲဒီလိုကြောက်အောင်မပြောပါနဲ့ ဒီကလေးတွေကိုယ်တို့မရှိရင် ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ် သွားမှာပေါ့ကွ ......""

......"" ရှင်ဘာသိလို့လဲ ဒီလေးကောင်က ဒီလောက်ပြောတာကို ကြောက်တာမဟုတ်ဘူး မဟုတ်ရင် မန်းလေး မြို့ကို ပြောင်းပြန်လှန်မယ့်ဟာတွေ ဒီလေးကောင်က......""

......"" စိတ်ချပါမားမားရ ဘာမှမဖြစ်ပါဘူး ကျနော်ပဲပြောပြမယ်နော် ပါးပါး ......"" လင်းတေဇက ၀င်ပြောပါတယ်

သင်္ကြန်မဏ္ဍပ်က သူဦးဆောင်တာလေ သူနဲ့သူ့ဘော်ဘော်တွေ ပေါင်းလုပ်တယ်ပြောတာပဲ ကျနော်နဲ့ တခြားအကိုတွေက သူထည့်ဆိုလို့ ရှယ်ယာထည့်လိုက်ရတာ ဘာမှန်းလဲ သိတာမဟုတ်ဘူး သူဘာတွေ လူလည်လုပ်ထားလဲတော့ မသိဘူးသူ့ဘော်ဘော် တွေလဲ သေသေချာချာမတွေ့ဖူးသေးဘူး အရင်ရက်တွေက လက်မှတ်ရောင်းတော့ ခဏသွားတယ် ကျနော်လဲ မဏ္ဍပ်မှာ အကြာကြီးမနေဖြစ်ဘူးလေ ကျုံးဘေးမှာ ကဲရသေးတာပေါ့

......"" ဟုတ် ပါးပါး အကုန်စီစဉ်ပီးပီ all readyပဲ မဏ္ဍပ်ကကျုံးတောင်ဘက်မှာ sponsor လဲ အဆင်ပြေပါတယ် အထဲမှာလဲ ကလပ်ထည့်ထားတယ် CCTV တွေလဲ အကုန်တပ်ထားတယ် ပီးတော့ တာဝန်ခံတဲ့သူက သားဘော်ဘော်ပါ မဏ္ဍပ်ထဲမှာ ဈေးရောင်းဖို့ကလဲ သားဘော်ဘော် ညီမတွေပါ......""

......"" အေးပါ အခုလုပ်တဲ့သူတွေက လုပ်နေကျတွေလား ဘယ်သူပဲတာဝန်ခံခံ အားလုံးအဆင်ပြေပြေနဲ့ အန္တရာယ်ကင်းအောင်လုပ်နော် တာဝန်ခံတဲ့သူကအစ မဏ္ဍပ်စောင့်တဲ့သူအထိ အကုန်အန္တရယ်ကင်းအောင် လုပ်နော် မဏ္ဍပ်လာထိုင်တဲ့သူတွေ အကုန်အဆင်ပြေအောင်လုပ်ပေးပါ အဓိက က မဏ္ဍပ်ထိုင်တဲ့သူတွေ ဘာမှမဖြစ်ဖို့ရယ် သူတို့စိတ်ကျေနပ်ဖို့ရယ် အဲဒါအဓိကပဲ ဘယ်သူနဲ့မှဘာမှမညိစေနဲ့နော် သားတို့ သဘောပေါက်တယ်နော် အပြင်လူဆို အရေးမကြီးဘူး အတွင်းလူဆို ရှင်းရခက်တယ်......""

......"" ဟုတ် ပါးပါး ကျနော့်ဘော်ဘော်တွေက နှစ်တိုင်းမဏ္ဍပ် လုပ်နေကျတွေပါ အတွင်းလူနဲ့ အော် အဲဒါတော့ မညိစေရဘူး ပါးပါး သားတို့ဘော်ဘော်တစ်ယောက်က အကောင်ကြီးကြီးတစ်ကောင်ရဲ့သားဗျ လုံခြုံရေးကို သူလုပ်မယ်ပြောတယ် ဒီနေ့ညနေမှ သူစီစဉ်ထားတာတွေ အကုန်ပြောပြမှာ မဏ္ဍပ်လာ ထိုင်တဲ့သူတွေကိုလဲ အဆင်ပြေအောင်လုပ်ထားပါတယ် တခြားမဏ္ဍပ်တွေထက် ဈေးလဲ လျော့ပေးထားတယ် အဆိုတော်တွေလဲ အကုန်အလန်းတွေ လုပ်ထား တယ် ......""

အဲဒီအချိန် မားမားက ကြားကဖြတ်ပီး

......"" ဈေးလျော့ပေးတာ အရေးမကြီးနော် ကို့အတွက် မကျန်ဘဲ ဖြစ်သွားမယ် ......""
......"" ဟာ မားမားကလဲ စီးပွားရေးသမားပဲဗျာ ကို့အတွက် မကျန်ရင် ဘယ်လုပ်မလဲ မားမားလိုပေါ့ အပြင်လူကြားကောင်းအောင် ဈေးလျော့တယ်ပေါ့ဗျာ ......""
......"" အေးပါ ဟယ် လင်းတေဇရယ် နင်တော်တော် စီးပွားရေးသမားပီသတာပဲ ဒီလိုမှန်းသိ နင့်ကို Eco ယူခိုင်းတယ် IR မတက်ခိုင်းဘူး ပီးတော့ ကို့ အမားကိုတောင် အပြင်လူ စာရင်းထဲ ထည့်တယ် ......""
......"" မားမားရော သားတို့ မဏ္ဍပ်မှာ sponsor ပေးချင်လား 10 % လျော့ပေးမယ် မားမား ......""
......"" တော်ပီ လင်းတေဇ ငါ့ဆိုင်က နင်တို့ မဏ္ဍပ်မှာ မပေးလဲ ရောင်းရတယ် ကျေးဇူးပဲ သားရေ ......""

ကျနော်တို့နဲ့ ပါးပါးလဲ ရယ်သံတွေထွက်ပေါ်လာပါတယ် ပီးတော့ ပါးပါးက

......""မင်းပြောတဲ့မဏ္ဍပ်တာဝန်ခံတဲ့သူနဲ့အဲဒီအကောင်ကြီးကြီးသားကတစ်ယောက်တည်းလားလင်းတေဇ......""
......"" မဟုတ်ဘူး ပါးပါး တာဝန်ခံတဲ့သူကတစ်ယောက် ဟိုကောင်ကတစ်ယောက်......""

......"" ဒါဆို နဲနဲတော့သတိထားနော် အကောင်ကြီးကြီးသားထက်မြင့်တဲ့ အကောင်ကြီးကြီးတွေနဲ့ညိရင် မင်းတို့လဲ ဘာမှတတ်နိုင်မှာမဟုတ်ဘူး ဖြစ်နိုင်ရင်ကွာ ဘယ်သူနဲ့မှ မညိစေနဲ့ ဟုတ်ပီလား ......""

......"" ဟုတ်ကဲ့ပါ အဲဒီအကောင်ကြီးကြီးသားက စိတ်ထားကောင်းပါတယ် အစက သူတာဝန်ခံတဲ့သူ လုပ်မလို့ပဲ သူကရန်ကုန်မှာလဲ မဏ္ဍပ်တစ်ခုလုပ်ထားတော့ ရန်ကုန်က တစ်ခုခုဖြစ်လို့ သူပြန်ရမယ်ဆိုရင် မန်းလေးမှာဆင်မပြေဖြစ်မှာစိုးလို့လေ ဒါပေမဲ့ သူမန်းလေးမှာပဲနေဖို့များပါတယ် ကျနော်တို့ကို ကူညီပေးဖို့လေ အခုတာဝန်ခံတဲ့ဘော်ဘော်ကိုလဲ သူကနောက်ကနေ အကုန်အကူအညီပေး နေပါတယ် မဏ္ဍပ်မှာလဲ သူ့အဖေက လုံခြုံရေးတွေ အကုန်ချထားပေးတယ် ပါးပါး......""

......"" အော် သဘောပေါက်ပီ သူက အပြင်မှာသာသူ့နာမည်မတပ်တာ နောက်ကနေအကုန် ကူညီပေးနေတာပေါ့ အေးပေါ့ အဲဒီလိုဆိုလဲ ကောင်းပါတယ် သားတို့လေးယောက်ကလဲ တာဝန်ခံတဲ့ ဘော်ဘော်ကို သေချာကူညီပေးနော် တစ်ခုခုဖြစ်ရင် ရှောင်မပြေးရဘူးနော် ကြားလား သူငယ်ချင်းဆိုတာ အကူအညီလိုတဲ့အချိန် ကူညီပေးမှ ဘော်ဘော်အစစ် ကြားလား အဲဒီအကောင်ကြီးကြီးသားကိုလဲ ပြသနာသေးသေးလေးဖြစ်တိုင်း ထွက်မရှင်းခိုင်းနဲ့ သူ့အဖေကို ထိခိုက်မယ် ကျန်တဲ့ မင်းတို့က ရှင်းလို့ရရင်ရှင်းပေးလိုက် ပါးပါးတို့ အကူအညီလိုရင်လဲ ဖုန်းဆက်လိုက် ဟုတ်ပီလား သားတို့ ......""

......"" ဟုတ်ကဲ့ ပါးပါး ......""

ပါးပါးကဆက်ပီး......"" အဲဒါနဲ့မင်းတို့နော် CCTVတပ်တာအရေးမကြီးဘူး မင်းတို့တွေက အဲဒီCCTVကနေ customer တွေရဲ့ privacy တွေကို အပြင်မှာ သုံးခွင့်မရှိဘူးနော် မဏ္ဍပ်လာထိုင်တဲ့သူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေနဲ့ မဏ္ဍပ်ထဲမှာ လုံးဝရန်မဖြစ်စေနဲ့ ပြောလို့မရရင် ချက်ချင်း ပိုက်ဆံ ပြန်ပေးပီး ဆွဲထုတ် တစ်ယောက်အတွက်နဲ့ တခြားလူတွေကို အဆင်မပြေမဖြစ်စေနဲ့ ......""

......"" ဟုတ်ကဲ့ပါ ပါးပါးရ သားတို့မသုံးပါဘူးဗျ မဏ္ဍပ်ထဲမှာလဲ ရန်အဖြစ်မခံပါဘူး ဖြစ်ရင်လဲ သေသေချာချာတောင်းပန်မယ် မရရင်တော့ လုံခြုံရေးလက်ထဲ အပ်လိုက်ရုံပေါ့ ပါးပါးရာ သားတို့ လုပ်နေကျပါ ကျနော်တို့တွေ အကုန် safe ဖြစ်စေရပါ့မယ် အကုန် ရှော့်ခ်မရှိပါဘူး......""

......"" ဟုတ်ပီ  ဒါဆို ပါးပါး မင်းတို့လေးယောက်ကို တစ်ခုသေချာမှာမယ် ......""

......"" ဟုတ်ပြောပါ ပါးပါး ......""

......"" ပါးပါးက မင်းတို့လေးယောက်ကို လုံးဝအကြွင်းမဲ့ ယုံတယ် မင်းတို့လေးယောက် ဒီသင်္ကြန်မဏ္ဍပ်ကို အောင်အောင်မြင်မြင်နဲ့လုပ်နိုင်မယ်လို့ပဲ ယုံကြည်တယ် တကယ်လို့များ မင်းတို့လေးယောက်အတွက် ဖြေရှင်းရခက်နေတဲ့ အရာတစ်ခုခု ရှိနေရင် ပါးပါးဆီကို အချိန်မရွေးဖုန်းဆက်နော် ဟုတ်ပီလား ......""

......"" ဟုတ် ပါးပါး ......"" ကျနော်တို့ လေးယောက်လဲ သံပြိုင်ရွတ်ဆိုရင်း ခေါင်းပြိုင်တူ ညိမ့်လိုက်မိပါတယ်

ကျနော့်ပါးပါးရဲ့ အကျင့်ကို တော်တော် သဘောကျတယ်ဗျာ ဥပမာဗျာ ကျနော် ဆယ်တန်းစာမေးပွဲဖြေဖို့ သွားခါနီးဆိုရင် နေ့တိုင်းလိုလို ......""ငါ့သား ငယ်တေဇ မင်းဒီနေ့ ဖြေရမယ့်ဘာသာမှာ ဂုဏ်ထူးနဲ့အောင်မယ်လို့ ပါးပါး ယုံတယ် မင်း အေးအေးဆေးဆေးနဲ့ သေသေချာချာ ဖြေခဲ့ပေးပါ ဟုတ်ပီလား ငယ်တေဇ ......"" သူ အမြဲတမ်း အဲဒီလိုပြောလေ့ရှိတယ်ဗျာ ကျနော်မှ မဟုတ်ပါဘူး ကျနော့်အကိုတွေဆိုလဲ အဲဒီလိုပါပဲဗျာ ဘာပဲလုပ်လုပ် သူယုံကြည်နေတယ် အောင်မြင်အောင် လုပ်ခဲ့ပေးပါဆိုတဲ့ တွန်းအားအမြဲတမ်း ပေးပီးအားပေးလေ့ရှိတယ်ဗျာ အခက်အခဲရှိရင်လဲ သူနောက်ကနေအမြဲတမ်းရှိတယ် မမေ့ဖို့ဆိုတာလဲ သတိပေးနေတယ်ဗျာ

ညီအစ်ကိုလေးယောက်ရန်မဖြစ်ဘဲ ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးနဲ့ သင်္ကြန်မှာပျော်ရင်း သုံးရအောင် ဟုဆို ကာ ပါးပါးကသူ့အိတ်ထဲမှ တစ်သောင်းတန်တွေထုတ်ရင်း......"" ကဲ ရော့  ပါးပါးက သားတို့ကို တစ်ယောက် တစ်ပုံးခွဲပေးမယ် ရတယ်နော် သားတို့လောက်မှာပါ သားတို့မဏ္ဍပ်က အမြတ်တွေရရင်လဲ ပါးပါးတို့ကို ပြန်ချေးပါအုံးကွာ ......""

......"" ဝေး ပါးပါးကဒါကြောင့်လန်းတာ တွေ့လားမားမား ပါးပါးကတစ်ပုံးခွဲတောင်ပေးတယ် ......"" လင်းတေဇ က မားမားကို ပြောရင်း ပိုက်ဆံ လှမ်းယူပါတယ်

ပါးပါးက လက်ကို ပြန်ဆုန်လိုက်ပီး

......"" လင်းတေဇ ညီအစ်ကိုတွေဆိုတာ ကြီးစဉ်ငယ်လိုက်လုပ်လေ မင်း အဆင့်မကျော်နဲ့ ......""
......"" အော ဟုတ် ပါးပါး သား မေ့သွားလို့ပါ ......""

......"" လင်းတေဇ မဏ္ဍပ်မှာလဲ မင်းအစ်ကိုတွေပြောတာ နားထောင်နော် ဆရာကြီး မလုပ်နဲ့နော် ငယ်တေဇကိုလဲ သေချာစောင့်ရှောက်နော် သားတို့လဲကြားလား ငယ်တေဇကို သေချာကြည့်နော် အငယ်ဆုံးလေးကို သေချာစောင့်ရှောက် ဒီကောင်ကတော်တော် ကဲတဲ့ကောင်......""
......"" အာ ပါးပါးကလဲ သားသားကိုပဲ ပြောနေတာပဲ ......""
......"" ဟုတ်ကဲ့ပါ ပါးပါး ရ......"" အကိုတွေကတော့ ကျနော့်ကို ကြည့်ရင် ပြုံးနေပါတယ်

ကျနော်တို့လဲ ပါးပါးပေးတဲ့ ပိုက်ဆံလဲ ယူပီးရော မားမားက

......"" ကဲရော့ ဒါကမြို့ထဲကတိုက်ခန်းသော့ အကုန်သန့်ရှင်းရေးလုပ်ထားပီးသား အဆင်သင့်နေရုံပဲ ဖုန်းနံပါတ်တွေကို ကိုယ်ယူသွားတဲ့နံပါတ်ကို တစ်ခါတည်း white boardပေါ်မှာ နာမည်နဲ့ နံပါတ်တွဲ ရေးထားခဲ့ပါ ပီးတော့မှ မားမား ဒီဖုန်းကသားဆီရောက်နေလို့ ဟိုဖုန်းဆက်လိုက်နော် ဒီဖုန်းဆက်လိုက်နော် မလုပ်နဲ့ ပီးတော့ကားသော့တွေ ထားခဲ့ပါ ......""

ကျနော်တို့ကို မားမားနဲ့ပါးပါးက သင်္ကြန်တွင်းမှာ အိမ်မှာဘယ်တော့မှမထားဘူးဗျ ရေစိုစိုနဲ့အိမ်ထဲကိုဝင်လာပီးကတာ မျက်စိနောက်လို့တဲ့  တစ်ခါတစ်လေ ကျနော့်အကိုတွေမူးပီး ပြန်လာရင် သူတို့နှစ်ယောက်စိတ်တိုရလို့ ဆိုပီး မြို့ထဲက တိုက်ခန်းကို အမြဲ ပို့ပါတယ်

ကျနော်တို့မှာ တစ်ယောက်ကို ဖုန်းနှစ်လုံးစီရှိပါတယ် ကြွားတာမဟုတ်ဘူးနော် ဖုန်းတွေက လိုင်းမမိတော့ GSM နဲ့ CDMA နှစ်လုံးအမြဲကိုင်ထားရပါတယ် အိမ်ကခေါ်ရင် လွယ်အောင်လို့ပါ  ပါးပါးနဲ့ မားမားက အမြဲ ဖုန်းနဲ့ control လုပ်ပါတယ် သူတို့လာချင်လာခိုင်း သွားချင်သွားခိုင်း အဲဒီလိုအမြဲလုပ်ပါတယ် ကျနော်တို့လဲ အမြဲ စိတ်ညစ်ရပါတယ်

ဘုန်းတေဇနဲ့ ဖြိုးတေဇမှာ ကားတစ်ယောက်တစ်စီးရှိပါတယ်

လင်းတေဇနဲ့ကျနော်ကတော့ ကားစီးဖို့ဆီထည့်နိုင်တဲ့ဝင်ငွေမရှိသေးလို့ ၀ယ်မပေးတော့ ကျနော်တို့ နှစ်ယောက်က ဆိုင်ကယ်နဲ့ပဲ အလုပ်လုပ်ရပါတယ်

ဒါပေမဲ့ သင်္ကြန်တွင်း အဲဒီနှစ်ကောင်ရဲ့ ကားတွေက အသုံးမ၀င် စီးခွင့်လဲမရှိ ဒီတော့ ကျနော်တို့ နှစ်ယောက်ရဲ့ နောက်မှာ မှီခိုသူဖြစ်ပီပေါ့ဗျာ သူတို့ ကားတွေ ကပ်စီးရင် အမြဲတင်စီးခံရတယ်လေ ဒီတစ်ခါတော့ ကျနော်တို့ အလှည့်ပေါ့ဗျာ

ကျနော်တို့လဲ white board နားမှာ ရစ်သီရစ်သီနဲ့ တိုးတိုးပြောပီး တစ်ခါတည်း နံပါတ်တွေ လဲလိုက်ပါတယ် အဲဒီအချိန် ......"" တွေ့လား ရှင့်သားတွေ အလုပ်တွေကို ရှုပ်နေတာပဲ အခုချိန်ထိကို ဒီဖုန်းလဲလို့ မပီးနိုင်ဘူး အဲဒီ white board ပေါ်က လူနာမည်နဲ့ နံပါတ် တွဲမရှိရင် နင်တို့တွေ သေမယ်သာမှတ် ......""

ကျနော်တို့လဲ နာမည်နဲ့နံပါတ်တွေ သေချာရေးပီး ကျနော်နဲ့လင်းတေဇကတော့ တာဝန်ကျေပီလေ ဘုန်းတေဇနဲ့ ဖြိုးတေဇကတော့ မားမားဆီမှာ ကားသော့အပ်ရင်း ပါးပါးရဲ့ ကျနော်တို့ကို စောင့်ရှောက်ဖို့ တာဝန်ပေးခြင်းကို ကျေနပ်စွာနဲ့ ခံယူရင်း အောက်ထပ်မှာပဲ ခေတ္တကျန်ရစ်ခဲ့ပါတယ်


ကျနော်ကတော့ ကို့အခန်းထဲသို့ အမြန်ပြေးဝင်ပီး သင်္ကြန်တွင်းမှာ အပြတ်လန်းဖို့ အကျီတွေနဲ့ accessory တွေ ထည့်ရတာပေါ့ဗျာ

သင်္ကြန်ဆိုတော့ နေ့ခင်းဆို အပူစုပ်မှာဆိုတော့ အနက်ရောင်ကလွဲရင် တခြားအရောင် အကုန်ဝတ်ရမှာပေါ့ဗျာ

ညကျရင်တော့ all black နဲ့ လန်းမယ်ဗျာ အတွင်းခံကလဲ များများထည့်သွားမှ အဆင်ပြေမှာဗျ ဖိနပ်ကလဲ ငါးရံလောက်တော့ပါမှ အဆင်ပြေမှာဗျ

ပီးတော့ ရေမွှေး body lotion sun block မျက်မှန် ဦးထုပ် လည်စီး လက်ပတ် fancy လေးတွေနဲ့ပဲ လန်းမယ်ဗျာ

လိုအပ်မယ်ထင်တာလေးတွေလဲ တောက်တိုမယ်ရ အကုန်ပေါ့ဗျာ

လက်မှာပတ်ထားတဲ့ နာရီ နဲ့ ဆင်တူလက်စွပ်လေးတစ်ကွင်း ကတော့ အခန်းထဲမှာ အနားပေးလိုက်ပါပီ

ဖုန်းရေစိုခံအိတ် နှစ်လုံးရယ် ပိုက်ဆံ အိတ်ထဲမှာတော့ ကျောင်းသားကဒ်  ပိုက်ဆံကတော့ ပါးပါးနဲ့ မားမား ပေးတဲ့ နှစ်ပုံးခွဲ ကျနော်စုထားတဲ့ ပိုက်ဆံ နှစ်ပုံးခွဲ ဒါဆို လောက်မှာပါ မလောက်ရင် မဏ္ဍပ်က ရတဲ့ ပိုက်ဆံ ခဏ ချေးသုံးမှာပေါ့ဗျာ

အားလုံးစုပီး အိတ်ထဲမှာ ထည့်လိုက်တာ ဖောင်းကားနေတာပဲ ဟိ ဟိ ကျနော်အကုန်ပြင်ဆင်ပီးတော့ အခန်းထဲက ထွက်လိုက်တာ အပြင်မှာ အကိုသုံးယောက် လှေကားထိပ်မှာ အထုပ်လေးတွေ ချပီး ရပ်စောင့်နေပါတယ်

ဖြိုးတေဇက......"" ဟေ့ရောင် ငယ်တေဇ လီးလား မင်း အ၀တ်အစားထည့်တာ တော်တော် ကြာတယ် ပီးတော့ အများကြီးပဲ ဘာလုပ်ဖို့ လဲ ခရီးသွားမှာ မဟုတ်ဘူးနော် ......""

လင်းတေဇက ထပ်ပီး ......"" ဟုတ်တယ် ငယ်တေဇ မင်း အဲဒါတော့ လွန်လွန်းတယ်......""

ဘုန်းတေဇက ......"" မင်းတို့ကလဲကွာ ဒီကောင်က စောက်ရမ်းပဲများတယ်လေကွာ ငါတို့ လေးယောက်ထဲမှာ သူက မော်ဒယ်လိုလို ဘာလိုလိုဆိုတော့ ဒီလောက်တော့ ရှိရမှာပေါ့ဟ ......"" ပြောပီး သုံးယောက်လုံး ကျနော့်ကို ၀ိုင်းရယ်ကြပါတယ် ( မော်ဒယ်ဆိုလို့ အထင်မကြီးလိုက်ပါနဲ့ဗျာ ကျနော် လုံးဝအဖြစ်မရှိပါဘူး show ဆိုလို့တစ်ပွဲပဲ လျှောက်ဖူးတာပါ dancerကလဲ တစ်ပွဲပဲ ကဖူးပါတယ် ကျနော်တို့ရဲ့မိတ်ကပ်ပြင်ပေးတဲ့ သာကော အကူအညီတောင်းလို့ ရုပ်ဆိုးဆိုး ကျနော်ငယ်တေဇ စင်ပေါ်တက်ခဲ့ရတာပါဗျာ )

......"" ဘာလဲ အကိုတို့နော် လူကို မော်ဒယ်ရူး ရူးနေတယ်ဆိုပီး ၀ိုင်းနှိပ်တာပေါ့လေ ဒီမှာရွေးနေရတာ နဲနဲတော့ ကြာမှာပေါ့ အကိုကလဲ စောင့်နေရတာ ကြာရင်လဲ ကို့ဟာကို အရင်သွားကြပါလား ဘာလို့ စောင့်နေတာလဲ......""

ဖြိုးတေဇက ......""ဟေ့ရောင် မင်းကို စောင့်ချင်လို့ စောင့်နေတာမဟုတ်ဘူး မင်း ဆိုင်ကယ်နောက်က ကပ်လိုက်ရမှာမို့စောင့်နေတာ ကြားလား ဖင်မကျယ်နဲ့......""

အောက်ထပ်မှ မားမားက ......"" ဟိုကောင်တွေ ငါ လေးကောင်လုံးကို ကတုံးတုံးပြီး ဘုန်းကြီးကျောင်းပို့လိုက် ရမလား အချိန်မှီသေးတယ်နော် ......""

ကျနော်ရော တခြားလူတွေရော အသံတိတ်သွားပီး လင်းတေဇက ......"" တော်ပါတော့ ကိုဖြိုးရာ လာသွားစို့ ငယ်တေဇ မင်းကို အကိုတို့က ချစ်လို့ စတာ စိတ်ဆိုးနဲ့နော် ......""ကျနော့်အထုပ်ကို ၀ိုင်းသယ်ပေးပီး ဆင်းလာကြပါတယ်

အောက်ထပ်လဲ ရောက်ရော ပါးပါးနဲ့ မားမားက  ဧည့်ခန်းမှာ TV ကြည့်နေကြပါတယ်

ပါးပါးက......"" sky net က တိုက်ရိုက်လွှင့်မှာတဲ့နော် မင်းတို့မူးနေတာတွေ ဒီထဲပါလာအုံးမယ် သတိထားကြ အုံးနော် ငယ်တေဇသိပ်မကဲနဲ့နော် ပါးပါးက မင်းကိုစိတ်အပူဆုံးပဲ သားတို့လဲ မင်းတို့ညီလေးကို သေချာ သတိထားကြည့်နေကြအုံး သူကဘာမှလုပ်တတ်တာမဟုတ်ဘူး သူများထိုးရင်လဲ သူပြန်လုပ်တတ်မှာ မဟုတ်ဘူး......""

......"" ဟုတ်ကဲ့ပါ ပါးပါးရ ဒီကောင့်ကို သေချာထိန်းပေးမယ်......""

မားမားက ....."" ရှင့်သားတွေ အရက်မူးပီး ပါလာတာ အရေးမကြီးဘူး ဘေးက ဘယ်ကကောင်မတွေနဲ့ ဖက်လားဆွဲလား ပါလာလို့ကတော့ နင်တို့ သေမယ်သာမှတ် .....""

....."" အာ ဟုတ်ကဲ့ပါ မားမားရ.....""

ကျနော်တို့ လေးယောက်လုံးလဲ ဒူးတုပ်ထိုင်ချလိုက်ပီး

......"" ပါးပါးနဲ့ မားမားကို ကန်တော့ချင်လို့ပါ ......""

လေးယောက်လုံး ဦးသုံးကြိမ်ချကာ ကန်တော့နေတုန်း

ပါးပါးက ......"" သားတို့ လေးယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘေးမသီရန်မခဘဲ မြန်မာနှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ ဘေးအန္တရာယ်ကင်းပါစေဗျာ ......""

မားမားကတော့ ......"" လေးကောင်လုံး ရန်မဖြစ်ဘဲ ဘေးအန္တရာယ်ကင်းပါစေကွယ် မဏ္ဍပ်ကလဲ လူအများကြီးလာပီး ဘေးအန္တရာယ်ကင်းပါစေကွယ် အမြတ်များများရပါစေကွယ် ......"" ဆုပေးပီးတော့ ......"" သားတို့ လေးယောက်နော် မင်းတို့ကို မားမားတို့က အိမ်ကနေပီး စိတ်ပူနေရတာတော့နော် ဖုန်းကို အမြဲဖွင့်ထား မြို့ထဲက အိမ်ကိုလဲ အမြဲ ပြန်အိပ်နော် ညီအစ်ကိုချင်းချင်းလဲ ဂရုစိုက်ကြနော် ......""

......"" ဟုတ်ကဲ့ပါ မားမားရ ......"" ကျနော်တို့ လေးယောက်လုံးလဲ ပါးပါးနဲ့မားမားကို နှုတ်ဆက်ထွက်ခွါကာ ဒိုးခဲ့ကြပါတော့တယ်

လမ်းမှာ ဆိုင်ကယ်စီးရတာ ပူလိုက်တာဗျာ ကျနော်ကတော့ နောက်ကထိုင်လိုက်တာပေါ့ဗျာ ရှေ့က ဖြိုးတေဇ စီးခိုင်းတယ်လေ မြို့ထဲမှာလဲ သင်္ကြန်သီချင်းတွေနဲ့ ဆူညံနေတာပဲ ဆိုင်တိုင်းလိုလိုလဲ သင်္ကြန် discount တွေ လုပ်နေကျပီလေ အမိုးဖြုတ်ထားတဲ့ ကားတွေကလဲ လမ်းပေါ်မှာ တွေ့နေရပီလေ သင်္ကြန်ပိုးတွေတောင် ရွနေပီ

မြို့ထဲက တိုက်ခန်းကိုရောက်တော့ တိုက်ခန်းရှေ့က ပိတောက်ပင်ကြီးကလဲ အဖူးတွေကိုပြွတ်သိပ်နေတာပဲ အချိန်မရောက်သေးတော့ မပွင့်သေးတာနေမှာပါ သစ္စာမရှိတဲ့ ပိတောက်ထဲမှာ ကျနော်တို့ တိုက်ခန်းရှေ့က ပိတောက်ပင်မပါဘူးဗျ မယုံရင် လာကြည့်လို့ရတယ်နော်

တိုက်ခန်းထဲမှာ ကျနော်တို့လေးယောက်ကို တစ်ယောက်တစ်ခန်း စီစဉ်ပေးထားပါတယ် သန့်ရှင်းရေးကလဲ အကုန်လုပ်ပေးထားတယ်ဗျာ ရေခဲသေတ္တာထဲမှာလဲ စားစရာက အပြည့်ပါလား တိုက်ခန်းသော့ကလဲ တစ်ယောက်တစ်ချောင်းဆိုတော့ ၀င်ချင်တဲ့အချိန်ဝင် ထွက်ချင်တဲ့အချိန်ထွက်ပေါ့ဗျာ နှစ်တိုင်းလဲ ဒီတိုက်ခန်းမှာ ကဲနေကျ ပေါ့ဗျာ

ကျနော်တို့မိသားစု ရှမ်းပြည်ကနေ မန်းလေးကိုပြောင်းလာတုန်းက ဒီတိုက်ခန်းကနေ ဘ၀စခဲ့ရပါတယ်ဗျာ နောက်မှ အဆင်ပြေပြေဖြစ်လာလို့ အိမ်ဝယ်နိုင်တာပါဗျာ

ကို့အခန်းထဲကိုဝင်ကာ စီစဉ်စရာရှိတာစီစဉ်နေတုန်း ခဏလောက်နေတော့ လင်းတေဇက

......"" ဟေ့ အကုန်လုံး မဏ္ဍပ်လိုက်ခဲ့အုံး ဟိုမှာ ကျနော့်ဘော်ဘော်တွေနဲ့တွေ့ရအောင် နဲနဲပါးပါး တာဝန်လေးတွေ ခွဲရအောင် ......""

ကျနော်က ......"" အာ ပူပါတယ်ဆိုမှ အပြင်ထပ်ထွက်ရအုံးမှာလား ညမှသွားရင်ရဘူးလား ......""
လင်းတေဇက ......"" ဟေ့ရောင် မင်းအမြတ်မလိုချင်ဘူးလား မလိုချင်ရင်နေခဲ့ စကားမပေါနဲ့ ......""

ကျနော့်ပါးစပ် အပ်နဲ့ချုပ်သလို ပိတ်သွားကာ သူတို့နဲ့တူတူ ကျနော်တို့ မဏ္ဍပ်ရှိရာသို့ထွက်ခဲ့ကြပါတော့တယ်

ဆိုင်ကယ်ဦးထုပ်ဆောင်းပျင်းတာနဲ့ ကျုံးဘေးက မလာဘဲ ပိုးဟပ်ဖြူတွေကို ကွေ့ဝိုက် ရှောင်ကွင်နရီလုပ်ပီး အောက်လမ်းကပဲဒိုးခဲ့ကြပါတယ် ဒါပေမဲ့ မဏ္ဍပ်သို့မသွားဘဲ မဏ္ဍပ်နဲ့မျက်နှာချင်းဆိုင်က အအေးဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်ပါတယ် ဆိုင်ယ်လဲရပ်လိုက်ရော ကျုံးဘေးရဲ့ လေနုအေးလေးက ကျနော်တို့ကို မိတ်ဆက်ပါတယ်ဗျာ  အဲဒီတော့ ကျနော့်ရဲ့ အီမိုဆံပင်လေးကလဲ လေတိုက်လို့ လွင့်လွင့်နေပါတယ်ဗျာ ကျနော်တို့လဲ ရပ်လိုက်ရော ဆိုင်ထဲက လူတွေက စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်ဗျ

အအေးဆိုင်ထဲမှာတော့ ကောင်မလေးတစ်ယောက်နဲ့ကောင်လေးသုံးယောက်ထိုင်ကာ စကားပြောနေတာ တွေ့ရပါတယ် လင်းတေဇ ဘော်ဘော်တွေက ချောတယ်ဗျ ဟိ သူသာရုပ်ဆိုးတာ ဆိုင်ထဲမှာလဲ အအေး သောက်တဲ့သူဆို သူတို့လေးယောက်ပဲ ရှိတယ်ဗျ

ဆိုင်ထဲမှာတော့ စားပွဲထိုးတွေလား ဘာလားတော့မသိဘူးဗျာ တခြားလူ 8 ယောက်လောက်က ကောင်တာနား တ၀ိုက်မှာ အလုပ်နဲနဲ ရှုပ်နေကြပီး  ဆိုင်အနောက်ဖက်မှာလဲ 5 ယောက်လောက် ရှိနေကြတယ်ဗျ

ဆိုင်ထဲဝင်လိုက်ရော လင်းတေဇဘော်ဘော်တွေက ......"" ငလင်း မင်းတို့ ညီအစ်ကို လေးကောင်လုံး လာတာလား နှစ်ယောက်လောက်ဆို ရပါတယ်ဟ ဘာလို့အကုန်ခေါ်လာတာလဲ ......""

ကျနော်တို့လေးယောက်လဲ သူတို့ကို ပြုံးပြရင်း သူတို့ဘေးမှာ နေရာ ကိုယ်စီကိုယ်စီ ၀င်ထိုင်လိုပါတယ် ကျနော်လဲ လင်းတေဇ ဘော်ဘော်တွေ ဘေးရောက်အောင် ထိုင်တာပဲ ဒါပေမဲ့ ဘယ်လိုဖြစ်သွားလဲ မသိဘူးဗျာ နောက်ဆုံးကျတော့  ကျနော့်ထိုင်ခုံရဲ့ တဖက်က လင်းတေဇ တစ်ဖက်က ကောင်မလေး ဖြစ်နေပါတယ် ငယ်တေဇ လစ်တာပေါ့နော

....."" အေး ငါလဲ အကုန်ခေါ်လာလိုက်တယ် အကုန်တိုင်ပင်လို့ရတာပေါ့ ဒါက ငါ့အကို အကြီးဆုံး စိုင်းဘုန်းတေဇခန့် ဒါက ကိုငယ် စိုင်းဖြိုးတေဇဝေ ဒါက ငါ့ညီ စိုင်းငယ်တေဇ .....""လင်းတေဇ လက်ညှိုးထိုးရင်း ကျနော်တို့ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါတယ်

သူ့သူငယ်ချင်းတွေကလဲ ကျနော်တို့နဲ့ အပြန်အလှန်မိတ်ဆက်ရင်း စကားတွေပြောဖြစ်ကြပါတယ် ကျနော်တို့ ညီအစ်ကိုတွေ သူတို့တွေနဲ့ စကားပြောရတာ အဆင်ပြေတယ်ဗျ ဘော်ဘော်တွေလိုပဲ ကျနော့်မှာလေ ကျုံးဘေးလေကြောင့် ဖွာတာတာဖြစ်သွားတဲ့ အီမိုဆံပင်ကို လက်လေးနဲ့သပ်ရင်းစကားပြောနေတော့ လင်းတေဇ ဘော်ဘော်တွေက ကျနော့်ကို ....."" ငလင်း မင်းညီက ဂျော်ကယ်လေးလား  ....."" သိပါဘူးကွာ မော်ဒယ်လိုလို ဘာလိုလိုနဲ့ ပေါင်းလိုက်ရင် ဂျော်ကယ်တွေနဲ့ပဲ ပေါင်းတယ် ....."" ဟ ဟ ဒါဆို ငလင်း မင်းဆော်တွေနဲ့ သိနေအုံးမယ် .....""

စိတ်ထဲမှာတော့ အစကပျော်သွားပါတယ် သူတို့တွေ ကျနော့်ကို နွဲ့မှန်းသိသွားပီလေ ဒါပေမဲ့ စိတ်ဓါတ်ပြန်ကျ သွားပါတယ် ကျနော့်အကို ဘယ်သူ့လက်ချက် မိသွားပီလဲ မသိဘူး ကျားဆိုမှတော့ စားမှာပဲလေ ဒါပေမဲ့ ကို့ အကိုဆိုတော့ နဲနဲတော့ နှမြောတယ်ဗျ

ကျနော်သာ တခြားလူတွေရဲ့ အကိုတွေ လိုက်လိုက်ပီး စားတာလေ ဟိ ဟိ ထားပါ  ကျနော်ကျနော့်ဘေးက ကောင်မလေးကလဲ စကားပြောရတာ အဆင်ပြေတယ်ဗျ သူက မဏ္ဍပ်မှာ ဈေးရောင်းမယ့်သူတဲ့ သူ့ကို ကပ်ထားရင် မုန့်အလကား စားလို့ရလောက်တယ်

စကားတွေရောက်တတ်ရာရာပြောနေလိုက်တာ သောက်နေတဲ့ အအေးတောင် တစ်ဝက်ကျိုး နေပီဗျာ

ကျနော်က.....""  လင်းတေဇ မဏ္ဍပ်အကြောင်းတိုင်ပင်မှာဆို အခုချိန်ထိလဲ အဲဒီအကြောင်းမပြောသေးဘူး ဘာတွေ ဝေ့နေတာလဲ .....""
....."" ဟာ နေအုံးဟ ဟိုကောင်လိုသေးတယ် မလာသေးဘူး .....""
....."" ဘယ်ကောင်လဲ သူ့ကို စောင့်မနေနဲ့တော့ ဒီလောက်နောက်ကျမှတော့ အချိန်မတိကျတဲ့သူကို မစောင့်နဲ့.....""

လင်းတေဇ ဘော်ဘော်တွေက ၀ိုင်းရယ်ကြပါတယ် ပီးတော့ သူတို့ထဲက တစ်ယောက်က ....."" ညီ ငယ်တေဇ အဲလိုသာ မစောင့်နဲ့ဆိုရင် ဒီမဏ္ဍပ်ဖြစ်လာမှာ မဟုတ်ဘူးညီရ ဒီကောင်က အမြဲတမ်းနောက်ကျတယ် .....""
....."" ဟုတ်လား သူက ဘယ်သူလဲ .....""

လင်းတေဇက ၀င်ပီး ....."" အာ ငါ ပြောတဲ့ အကောင်ကြီးကြီးသားဆိုတာလေ .....""
....."" အော် သူလား တော်တော် အလုပ်ရှုပ်တယ်ထင်တယ်....."" စကားဆုံးတော့ ဆိုင်ရှေ့ကို စတစ်ကာကပ်ထားတဲ့ Mark II ကားအဖြူလေး ထိုးရပ်လိုက်ပါတယ်.

လင်းတေဇက ....."" ဟော လာပီ သူလား ဒါမှ မဟုတ် သူ့ရှေ့တော်ပြေးတွေလားတော့ မသိဘူး .....""
ကျနော်က ....."" ဘာ သူ့ရှေ့တော်ပြေးဆိုတာ ဘာလဲ ဟ .....""

လင်းတေဇ ဘော်ဘော်တစ်ယောက်က ....."" ညီ ငယ်တေဇ အကိုတို့ကို မမေးနဲ့ မင်းကြည့်နေလိုက် .....""

သူပြောတဲ့ စကားလဲဆုံးရော Mark II ကားလေးထဲမှ အကိုကြီးလေးယောက် ဆင်းလာပါတယ် သူတို့လဲ ဆင်းလာရော ဆိုင်ထဲမှ လူတွေကလုပ်လက်စအလုပ်တွေကို ရပ်ပီး သူတို့ကို ပြုံးပြပီး နှုတ်ဆက်ကြတယ်ဗျ

သူတို့ကို ကြည့်ရတာ ဗိုလ်တွေထင်တယ်ဗျ ဆံပင်ညှပ်ထားတဲ့ ပုံစံတွေကြည့်ပီးပြောတာနော် ၀တ်ထားတာ တော့ သာမန်လူလို အ၀တ်အစားတွေပါပဲ

သူတို့ဆင်းလာပီး သူတို့ထဲမှ တစ်ယောက်က ကျနော်တို့ဝိုင်းကိုလာပီး ...."" စောင့်ရတာ ကြာသွားလားဗျ ကိုလေးက နောက်ကလာနေပီဗျ ခဏလောက်ပါပဲဗျ ....""ပြောပါတယ် လင်းတေဇ ဘော်ဘော်တစ်ယောက်က ...."" ရပါတယ်ဗျ ပုံမှန်လောက်ပါပဲ သိပ်မကြာသေးပါဘူး နာရီဝက်လောက်ပါပဲ ....""  လို့ပြောပီး ရယ်လိုက်ပါတယ်
အဲဒီဗိုလ်လေးယောက်လဲ ရယ်ပီးတော့ လေးယောက်လုံး ကျနော်တို့ ထိုင်နေတဲ့ဝိုင်းရဲ့ ဘေးက ၀ိုင်းမှာထိုင်လိုက်ကြပါတယ်

ကျနော်က လင်းတေဇကို တိုးတိုးလေးကပ်ပီးတော့ ...."" ဗိုလ်တွေလား ...."" အင်း ဟုတ်တယ် ဟိုကောင်ရဲ့ ဘော်ဒီကပ်တွေ ...."" အော် ....""ကျနော့်စိတ်ထဲမှာတော့ ဗိုလ်တွေရဲ့ အသက်က 30 လောက်တော့ ရှိမယ်ထင်တယ်ဗျ သူတို့က ....."" ကိုလေး ....."" လို့ ခေါ်တာဆိုတော့ သူတို့ထက်ကြီးမယ်ပေါ့ဗျာ ကျနော်နဲ့ လင်းတေဇက နှစ်နှစ်ပဲကွာတာလေ ကျနော်က 21 ဆိုတော့ လင်းတေဇက  23

လင်းတေဇနဲ့ ဒီအသက် 30 ကျော်နဲ့ ဘယ်လိုများ ဘော်ဘော်ဖြစ်ပါလိမ့်ပေါ့နော

သူတို့လေးယောက်ကို ကြည့်လိုက်တော့ စားပွဲထိုးလာချပေးတဲ့ အအေးပုလင်းလေးတွေကို ဖောက်ကာ ပိုက်တပ်ပီး ပါးစပ်နားတေ့ နေတုန်း ဆိုင်ရှေ့ကို နောက်ထပ် စတစ်ကာတွေကပ်ထားတဲ့ Celica ပြိုင်ကား အနက်ရောင်တစ်စီး အမြန်မောင်းလာပီး ရပ်လိုက်ပါတယ်

ဗိုလ်လေးယောက်လဲ ချက်ချင်း အအေးပုလင်းတွေကို ချကာ မတ်တပ်ရပ်လိုက်ကြပါတယ် ဆိုင်ထဲမှ တခြားလူတွေအကုန်လုံးကလဲ အကုန်မတ်တပ်ထရပ်ကြပီး ဆိုင်အနောက်ဖက်ကလူတွေကလဲ ချက်ချင်းဆိုင်ရှေ့ကို ထွက်လာကာ ဆိုင်ရဲ့ ၀င်ပေါက်တွေနားမှာ မတ်တပ်ရပ်ကာ နေရာယူလိုက်ကြပါတယ်

ကားပေါ်က ဆင်းလာတာကတော့........................
စိုင်းငယ်တေဇ (ခ) သားသား
Ngetayza@gmail.com

 http://www.facebook.com/thartharsaingetayza

 http://www.facebook.com/saingetayza