Saturday, April 20, 2013

အလွမ်းသစ်ပင်အောက်က စိတ္တဇည (အပိုင်း-၂)

စက်မှု့ကျောင်းသာဒို့ထုံစံအတိုင်း အခန်းကတော့ပွစိခတ်နေတာဘဲလေ။ ကျွန်တော့် အခန်းထဲမှာက ကုတင်နှစ်လုံးကို ပူးပြီးထားတယ် ။  ကျယ်ကျယ်အိပ်ရအောင်လို့လေ ။ ကျွန်တော်အခန်းတခါးကို ဖွဖွခေါက်လိုက်တယ် ပြီးတော့
 “ဇွဲ” လို့ခေါ်တော့ ပြန်ထူးတယ် “ကိုလာပြီ” တဲ့
 ဟိုက် ရင်တောင် နည်းနည်း တုန်သွားတယ် ။  တစ်ခါမှ ကို လို့ အခေါ်မခံရဖူးဘူးလေ ဟတ် ။ နောက် တံခါးဂျက်ဖွင့်သံကြားရပြီးတော့ တွေ့ပါပြီဗျာ ဇွဲကို ဘာပုံလေးမှန်းကိုမသိဘူး မျက်နာမှာလည်း ဖုန်တွေနဲ့ မျက်မှန်ကလည်း စောင်းနေတယ် ကျွန်တော်သူပုံကိုတွေတော့ တော်တော်ရယ်ချင်နေတယ် အားလည်းနာတယ် ကိုယ်အခန်းက ညစ်ပတ်နေတော့လေ ဟီးဟီးး။
 “ဘာလုပ်နေတာလည်းကွ မင်းက” လို့မေးလိုက်တော့ ပြန်ဖြေတယ်
“အခန်းရှင်းနေတာကို“တဲ့ အားးးးးးးးး လို့ အော်လိုက်ချင်တယ် အသည်တွေယားပြီတော့ ။
“ ဒါနဲပြေားရအုံးမယ် ညီ ညဘယ်လိုအိပ်မလည်း ကိုယ်အခန်းမှာ ကုတင်ကို ဟိုဘက် ပြတင်းပေါက်နားေ၇ွ့မလား ညီ”  လို့မေးတော့
“အာာာာ အစ်ကိုကလည်းဒီတိုင်ဘဲထားလိုက်တော့လေ” တဲ့
“မင်း အဆင်ပြေမလားကွ ကိုယ်ကအအိပ်ကြမ်းလိုလေ”  ဆိုတော့
 “ဖြစ်တယ်ကို ဘာမှမဖြစ်ဘူးေ၇ွမနေနဲတော့တဲ ဒီတိုင်းဘဲအိပ်တာပေါ့” တဲ့ ။
“ အေးကွာဒါဆိုလည်းဒီတိုင်းထားလိုက်တာပေါ့ ။ ဒါနဲ့ မင်းရေချိုးပြီးပြီလားကွ” ဆိုတော့ “မပြီးသေးဘူးကို” တဲ့
 “အေးကွာခဏနေချိုးတာပေါ့ မင်းပစ္စည်းတွေ နောက်နေ့ကိုယ်လိုက်ဝယ်ပေးမယ်ကွာ ဒီနေ့တော့ကိုယ်ဟာနဲဘဲသုံးလိုက်တော့”လို့ ပြောတော့
ကိုယ်တော်ချောက ဘာစိတ်ကူးပေါက်တယ်မသိဘူး ရယ်တော်မုတယ်ဗျာ အဲသူရယ်လိုက်မှ သွားတက်လေးတွေပါတာကို သတိထားမိတယ်ဗျ ။စိတ်ထဲမှာတော့ တော်တော်မိန်းမချောချောတဲ့ကောင် ပေါ့ တွေးလိုက်သေးတယ် သူများသားသမီးကို ဟီးးဟီးး ။ အဲတာနဲ့ ရေချိုး အ၀တ်လဲ ပြီးတော့
“ထမင်းကိုတော့ ကိုယ်တို့စတွေ့တဲ့ အထိမ်းအမှတ်အနေနဲ့ ကိုယ်ကျွေးမယ် ညီ နောက်လည်း ညီ ကိုယ်ကျွေးတာ စားရမှာပဲ” လို့ ပြောတော့
ကိုယ်တော်ချောက ဘယ်လိုသဘောပေါက်တော်မူလည်း မသိဘူးဗျာ ရှက်နေတော်မူတယ်ဗျ ။ ပြန်စဉ်းစားမိတယ် ငါဘာများမှားနေလည်းပေါ့ သူကဆိုင်ကယ်လည်း မစီးတတ် ခုမှလည်း ကျောင်းပြောင်း လာတာမို့လို ကိုယ်လိုက်ကျွေးတဲ ထမင်းဆိုင် မုန့်ဆိုင်မှာပဲ  စားရမယ်လိုပြောတာကို သူက ဘာတွေသဘောပေါက်မှန်းမသိဘူး ဗျာ ။ နောက်ပြောသေးတယ်
“ ကိုယ်ကျွေးတာကို တစ်သက်လုံးစားပါ့မယ်” တဲ့ ။
စိတ်ထဲမှာဘုရား တ လိုက်မိတယ် သွားပါပြီပေါ့ ပြောမိတာကိုး ။
“ ကဲ ညီဇွဲ တက် ဆိုင်ကယ်ပေါ်ကို  ကြေးအိုးသွားသောက်ရအောင် ကိုယ်လည်း ထမင်းမစားချင်တော့ဘူး”  ဆိုတော့ ကိုယ်တော်က
“ ကိုနေမင်းခကျွေးရင် ဘာဖြစ်ဖြစ်စားမှာပဲ” တဲ့ ဒါနဲကျွန်တော်လည်းစိတ်ပေါက်ပေါက်နဲ့
“အေးအေး ခုလည်းကျွေးမယ်နောက်လည်းကျွေးမယ် နေတိုင်းကျွေးမယ်” ဆိုတော့
“ ကိုနေမင်းခနော် ဘာတွေပြောနေတာလည်း မသိဘူး” ဆိုပြီတော့ ရှက်တော်မူနေတယ် ။
ကြေးအိုးဆိုင်ရောက်တော့
“မင်းဘာစားမလည်း” ဆိုတော့
“ကိုတစ်ပွဲဘဲမှာ ကျွန်တော်အများကြီးမစားနိုင်ဘူး” တဲ့
ထင်ပါတယ် လူပုံကပျော့နွဲနွဲ စားတော့တစ်လုပ်လောက်နဲ့ အင်းကြည့်ကောင်းအုံးမယ်ပွဲကတော့။ မှာထားတာတွေရောက်လာတော့ တစ်စွန်းမြည်းတယ်နောက် ကျွန်တော်ကို
“ကိုစားကောင်းသာပဲ” တဲ့
အဲတာနဲ့ ကျွန်တော်လည်း
“ စားလေ ညီစားကောင်ရင်”  ဆိုပြီတော့ ငုံဥတစ်လုံးကို လှမ်းခွံ့ လို်က်တယ် ။
စိတ်ကတော့သူငယ်ချင်းတွေနဲ့ စာရင်လည်း ဒီလိုဘဲ ကျွေးနေကြဆိုတော့ ပုံမှန်ဘဲ ပုံမမှန်တာက ကိုယ်တော်လေး
“ ကိုနေမင်းခ လူကြားထဲရှက်စရာကြီး” တဲ့ဗျာ ။
ဟိုက်သူပြေားလိုက်မှ ကျွန်တော်တော်တော်ရှက်သွားတယ် အင်းကိုယ်က အိမ်၇ှင်ဆိုတော့လည်း သည်းခံရမှာပေါ့ ကိုယ့်သူငယ်ချင်းတွေနဲဆိုရင်တော့ သေချာတယ် ပါစပ် က လ ကြီးဘဲမိုးမွန်တောင် ပြောဖြစ်တော့မှာ ။ စားပြီးပြန်လာတော့လမ်းမှာ စကားပြောတယ် ညီ ဇွဲ က ဆိုင်ကယ်စီး မသင်ဘဲနဲ့ ကိုနေမင်းခနဲ့ပဲ တူတူစီးမယ် ဆိုတဲ့အကြောင်း အဲ့လို အဆင်ပြေလားပေါ့ ။ ကျွန်တော်ကလည်း အေးပြေပါတယ် ငါ ဘယ်မှသိပ် မသွားဘူးလေ မင်းတစ်ခြားကိစ္စရှိတဲအချိန် ငါမအားရင်ကောဆိုတော့ သူကလည်း အဆင်ပြေပါတယ် ဘူနဲမှသွားစရာမရှိပါဘူးတဲ့ ။ တွေးမိလိုက်ပါပြီ ကိုယ့်ကို ကိုယ် တော့ အင်း အလကားနေရင်း ဘော်ဒီဂတ်လုပ် ရပြီပေါ့

(ဆက်ရန်ရှိသေးသည် နေမင်းခ)

No comments:

Post a Comment